တွန်းလှည်းတစ်ခုစီ၏ထောင့်လေးထောင့်တွင် ထောက်တိုင်လေးတိုင်ပါရှိ၏။ ထောက်တိုင်တို့သည် လှည်းနှင့်တစ်သားတည်းဖြစ်၏။
၃ ရာ 7:35 - မြန်မာ့စံမီသမ္မာကျမ်း တွန်းလှည်း၏အပေါ်ဘက်တွင် တစ်ထွာခန့်ထူသောခွေဖြင့် ကွပ်ထား၏။ တွန်းလှည်းအပေါ်ဘက်ရှိ လက်ကိုင်များသည် ဘောင်များနှင့် တစ်သားတည်းသွန်းထား၏။ Common Language Bible လှည်း၏ထိပ်တို့ကိုထုကိုးလက်မရှိကြေးဝါခွေ ဖြင့်ပတ်၍ထားလေသည်။ ထောက်တိုင်များနှင့်မှန် ကူကွက်ပုံများကိုလှည်းနှင့်တစ်ဆက်တည်းသွန်း လုပ်သည်။- Garrad Bible အောက် ခံ ထိပ် တွင် အ မြင့် တစ် ထွာ ရှိ သော က ရွတ် ခွေ ရှိ သည့် ပြင် တစ် ဆက် တည်း သွန်း လုပ် သော အ ထောက် အ ခံ လည်း ရှိ ၏။ Judson Bible ထိုပခုံးပေါ်မှာ လုံးပတ်တစ်ထွာရှိသော ကွင်းကိုတပ်၍၊ ခုံပေါ်မှာ အနားရစ်နှင့် ကိုင်စရာများတို့ကို ခုံနှင့်တစ်စပ်တည်းသွန်းလေ၏။ |
တွန်းလှည်းတစ်ခုစီ၏ထောင့်လေးထောင့်တွင် ထောက်တိုင်လေးတိုင်ပါရှိ၏။ ထောက်တိုင်တို့သည် လှည်းနှင့်တစ်သားတည်းဖြစ်၏။
လက်ကိုင်နှင့် ဘောင်မျက်နှာပြင်တို့ရှိ နေရာလွတ်များတွင် ခေရုဗိမ်ရုပ်၊ ခြင်္သေ့ရုပ်နှင့် စွန်ပလွံပင်ပုံများ၊ ပတ်ပတ်လည်တွင် ကနုတ်ပန်းများ ထွင်းထုထား၏။