အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




၃ ရာ 7:30 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

တွန်းလှည်း​တစ်ခုစီ​တွင် ကြေးနီ​ဘီး​လေး​ဘီး​စီ​နှင့် ကြေးနီ​ဝင်ရိုး​များ​ပါရှိ​၏​။ ထောက်တိုင်​လေး​တိုင်​သည် အင်တုံ​အောက်​၌ ထောက်ထား​၏​။ ထို​အင်တုံ​ကို​ထောက်ထား​သော​တိုင်​တစ်​တိုင်​စီ​တွင် ကနုတ်ပန်း​များ သွန်းလုပ်​ထား​၏​။

အခန်းကိုကြည့်ပါ။

Common Language Bible

လှည်း​တစ်​စီး​လျှင်​ကြေး​ဝါ​ဘီး​လေး​ခု​နှင့်​ကြေး ဝင်​ရိုး​များ​ရှိ​၏။ လှည်း​၏​ထောင့်​လေး​ခု​၌​အင်​တုံ တင်​ရန်​အ​တွက် ကြေး​ဝါ​ထောက်​တိုင်​လေး​ခု​ရှိ​၏။ ထို​ထောက်​တိုင်​တို့​ကို​ပန်း​ဆိုင်း​များ​ဖြင့်​ရုပ်​လုံး ဖော်​၍​တန်​ဆာ​ဆင်​ပြီး​နောက်၊-

အခန်းကိုကြည့်ပါ။

Garrad Bible

အောက် ခံ တစ် ခု တွင် ကြေး ဝင် ရိုး နှင့် ကြေး ဘီး နှစ် စုံ ရှိ လျက် ခြေ လေး ချောင်း အ ထက် ကြေး အင် တုံ တင် ရန် ပန်း ဆိုင်း ချယ် လယ် သော ကြေး ခ နောက် ကို သွန်း လုပ် ၏။

အခန်းကိုကြည့်ပါ။

Judson Bible

ခုံ​တစ်​ခု၌ ကြေး​ဝါ​လှည်း​ဘီး​လေး​ခု​စီ၊ ကြေး​ဝါ​ဝင်​ရိုး​နှင့်​တ​ကွ ရှိ၏။ အင်​တုံ​တင်​စ​ရာ​ဖို့ ခုံ​လေး​ထောင့်၌ ပ​ခုံး​တို့​ကို ခုံ​နှင့်​တစ်​စပ်​တည်း သွန်း​လေ၏။

အခန်းကိုကြည့်ပါ။



၃ ရာ 7:30
7 ပူးပေါင်းရင်းမြစ်များ  

ဘောင်ကွပ်​ထား​သော​ကြေးနီပြား​များ​ပေါ်တွင် ခြင်္သေ့ရုပ်​၊ နွားရုပ်​၊ ခေရုဗိမ်​ရုပ်​များ​ပါရှိ​ပြီး ဘောင်​တို့​၌ ခြင်္သေ့ရုပ်​နှင့်​နွားရုပ်​တို့​၏​အထက်​ဘက်​နှင့်​အောက်​ဘက်​တို့​တွင် ကနုတ်ပန်း​များ သွန်းလုပ်​ထား​၏​။


လှည်းအိမ်​အတွင်း​မှ အင်တုံ​အဝ​ရှိ ထိပ်ကွပ်​အထိ အမြင့်​တစ်တောင်​ရှိ​၏​။ လှည်းအိမ်​အဝ​သည် အောက်ခံ​ကဲ့သို့ အဝိုင်း​ဖြစ်​၍ အချင်း​တစ်တောင်​ခွဲ​ရှိ​၏​။ လှည်းအိမ်​အဝ​ပတ်ပတ်လည်​တွင် အရုပ်​ထွင်းထု​ထား​၍ ဘောင်​သည် အဝိုင်း​မ​ဟုတ်​၊ စတုရန်းပုံ​ဖြစ်​၏​။


တွန်းလှည်း​တစ်ခုစီ​၏​ထောင့်​လေး​ထောင့်​တွင် ထောက်တိုင်​လေး​တိုင်​ပါရှိ​၏​။ ထောက်တိုင်​တို့​သည် လှည်း​နှင့်​တစ်သားတည်း​ဖြစ်​၏​။


ထို့နောက် ငါ​ကြည့်​လိုက်​သော် ခေရုဗိမ်​တို့​၏​ဘေး​တွင် ဘီး​လေး​ဘီး​ရှိ​၏​။ ခေရုဗိမ်​တစ်ပါးစီ​၏​ဘေး​တွင် ဘီး​တစ်​ဘီး​စီ​ရှိ​ပြီး ဘီး​များ​သည် ကျောက်မျက်ရွဲ​အရောင်​ကဲ့သို့ တောက်ပ​နေ​၏​။


သတ္တဝါ​တို့​၏​အတောင်ပံ​များ တစ်​ခု​နှင့်​တစ်​ခု​ထိခတ်​သော​အသံ​၊ သတ္တဝါ​တို့​အနား​ရှိ ဘီး​များ​လည်​နေ​သော​အသံ​ကို​လည်း ငလျင်လှုပ်သံ​ကြီး​ကဲ့သို့ ငါ​ကြား​ရ​၏​။