ထိုခေရုဗိမ်တို့ကို ရွှေဖြင့်မွမ်းမံထား၏။
ခေရုဗိမ်တို့ကိုရွှေဖြင့်မွမ်းမံ၍ထားသတည်း။
ခေရုဗိမ်တို့ကိုလည်း ရွှေနှင့်မွမ်းမံလေ၏။
ထိုခေရုဗိမ်တို့ကို အိမ်တော်အတွင်းခန်းတွင် ထားရှိ၏။ ခေရုဗိမ်၏အတောင်ပံတို့သည် ဖြန့်လျက်နေ၍ တစ်ပါး၏အတောင်ပံသည် နံရံတစ်ဖက်ကိုထိ၍ အခြားတစ်ပါး၏အတောင်ပံသည် နံရံအခြားတစ်ဖက်ကိုထိနေ၏။ ကျန်တောင်ပံနှစ်ခုမှာ အခန်းအလယ်တွင် အချင်းချင်းထိစပ်လျက်ရှိ၏။
အိမ်တော်အတွင်းခန်း၊ အပြင်ခန်းနံရံပတ်ပတ်လည်တွင် ခေရုဗိမ်ပုံ၊ စွန်ပလွံပင်ပုံ၊ ပန်းပွင့်ပုံများကို ပန်းပုလက်ရာမြောက်အောင် ထွင်းထုထား၏။