အလျားအတောင်နှစ်ဆယ်၊ အနံအတောင်နှစ်ဆယ်၊ အမြင့်အတောင်နှစ်ဆယ်ရှိသော သန့်ရှင်းရာဌာနကို ရွှေစင်ဖြင့် မွမ်းမံထားပြီး ယဇ်ပလ္လင်ကို သစ်ကတိုးသားဖြင့်လုပ်၏။
၃ ရာ 6:21 - မြန်မာ့စံမီသမ္မာကျမ်း ဤသို့ ရှောလမုန်မင်းကြီးသည် အိမ်တော်အတွင်းပိုင်းကို ရွှေစင်နှင့်မွမ်းမံထားပြီး သန့်ရှင်းရာဌာန၏မျက်နှာစာတွင် ရွှေကြိုးများ သွန်းလုပ်သွယ်တန်းထား၏။ Common Language Bible ဗိမာန်တော်အတွင်းပိုင်းကိုရွှေဖြင့်မွမ်းမံထား ပြီးလျှင် ရွှေဖြင့်ပင်မွမ်းမံသည့်ဗိမာန်တော် အတွင်းခန်း၏အဝင်ဝကိုရွှေကြိုးများဆွဲ ချိပ်ထားလေသည်။- Garrad Bible အ တွင်း ခန်း ထဲ တွင် ရွှေ စင် ဖြင့် မွမ်း မံ လျက် ရှေ့ ၌ ရွှေ ကြိုး များ ကို သွယ် တန်း ၍ Judson Bible ထိုသို့ အိမ်တော်အတွင်းကို ရွှေစင်နှင့်မွမ်းမံပြီးမှ၊ ဗျာဒိတ်ဌာနတော်ရှေ့မှာ ရွှေကြိုးဖြင့် အကွယ်အကာကို ဆွဲထား၍၊ ရွှေနှင့်မွမ်းမံလေ၏။ |
အလျားအတောင်နှစ်ဆယ်၊ အနံအတောင်နှစ်ဆယ်၊ အမြင့်အတောင်နှစ်ဆယ်ရှိသော သန့်ရှင်းရာဌာနကို ရွှေစင်ဖြင့် မွမ်းမံထားပြီး ယဇ်ပလ္လင်ကို သစ်ကတိုးသားဖြင့်လုပ်၏။
အိမ်တော်တစ်ခုလုံးကို ရွှေအတိနှင့်ပြီးစေ၏။ သန့်ရှင်းရာဌာနရှိ ယဇ်ပလ္လင်တစ်ခုလုံးကိုလည်း ရွှေဖြင့်မွမ်းမံထား၏။
အိမ်တော်နံရံနှင့်ကပ်လျက် အခန်းများ ပတ်ပတ်လည်ဆောက်ထား၏။ ထိုအခန်းများကို အိမ်တော်၏ပင်မဆောင်နှင့် သန့်ရှင်းရာဌာနနံရံများတွင် ပတ်ပတ်လည်ဆောက်ထား၏။
ဘောင်များကို ရွှေဖြင့်မွမ်းမံရမည်။ ကန့်လန့်ကျင်လျှိုရန်ကွင်းများကို ရွှေဖြင့်လုပ်ရမည်။ ကန့်လန့်ကျင်များကိုလည်း ရွှေဖြင့်မွမ်းမံရမည်။
ဘောင်များကို ရွှေဖြင့်မွမ်းမံ၏။ ကန့်လန့်ကျင်လျှိုရန်ကွင်းများကို ရွှေဖြင့်လုပ်၏။ ကန့်လန့်ကျင်များကိုလည်း ရွှေဖြင့်မွမ်းမံ၏။