တစ်ဆယ့်တစ်နှစ်မြောက်၊ ဗုလ ဟုခေါ်သောအဋ္ဌမလတွင် ရေးဆွဲချမှတ်ထားသောအိမ်တော်ပုံစံအတိုင်း ဆောက်လုပ်ပြီးစီး၏။ အိမ်တော်ကို ခုနစ်နှစ်တိုင် ဆောက်လုပ်ခဲ့ရ၏။
၃ ရာ 6:14 - မြန်မာ့စံမီသမ္မာကျမ်း ထို့ကြောင့် ရှောလမုန်မင်းကြီးသည် ဤအိမ်တော်ကို ပြီးစီးသည့်တိုင် ဆောက်လုပ်ခဲ့ခြင်းဖြစ်၏။ Common Language Bible သို့ဖြစ်၍ရှောလမုန်သည်ဗိမာန်တော်ကိုပြီး အောင်တည်ဆောက်တော်မူ၏။ Garrad Bible ရှော လ မုန် မင်း သည် ဗိ မာန် တော် ကို တည် ဆောက် ပြီး စီး သည် မှာ Judson Bible ထိုသို့ရှောလမုန်သည် အိမ်တော်ကိုတည်၍ ပြီးလေ၏။ |
တစ်ဆယ့်တစ်နှစ်မြောက်၊ ဗုလ ဟုခေါ်သောအဋ္ဌမလတွင် ရေးဆွဲချမှတ်ထားသောအိမ်တော်ပုံစံအတိုင်း ဆောက်လုပ်ပြီးစီး၏။ အိမ်တော်ကို ခုနစ်နှစ်တိုင် ဆောက်လုပ်ခဲ့ရ၏။
ဤသို့ အိမ်တော်ကိုတည်ဆောက်ပြီးစီးပြီးမှ အိမ်တော်အမိုးမျက်နှာကြက်ကို သစ်ကတိုးသား ထုပ်တန်းများ၊ ပျဉ်ချပ်များဖြင့် ပြုလုပ်၏။
ရှောလမုန်မင်းကြီးသည် ထာဝရဘုရား၏အိမ်တော်အဖို့ လုပ်ဆောင်စရာအလုံးစုံတို့ကို လုပ်ဆောင်ပြီးသောအခါ ခမည်းတော်ဒါဝိဒ်မင်းကြီး ဆက်ကပ်လှူဒါန်းထားသော ရွှေထည်ငွေထည်အသုံးအဆောင်များကို ရှောလမုန်မင်းကြီးယူဆောင်လာပြီး ထာဝရဘုရား၏အိမ်တော်ရှိဘဏ္ဍာတိုက်ထဲတွင် ထားရှိလေ၏။
ရှောလမုန်မင်းကြီးသည် ထာဝရဘုရားအဖို့တည်ဆောက်သောယဇ်ပလ္လင်ပေါ်တွင် မီးရှို့ရာယဇ်၊ မိတ်သဟာယယဇ်တို့ကို တစ်နှစ်လျှင် သုံးကြိမ်ပူဇော်၏။ နံ့သာပေါင်းကိုလည်း ထာဝရဘုရားရှေ့တော်တွင် မီးရှို့ပူဇော်၏။ ဤသို့ဖြင့် အိမ်တော်ကို လက်စသတ်လေ၏။
ကိန်းဝပ်တော်မူရာတဲတော်နှင့်ယဇ်ပလ္လင်ပတ်ပတ်လည်ကို ဝင်းကာ၍ ဝင်းအဝင်ဝကို လိုက်ကာတပ်၏။ ဤသို့ဖြင့် မောရှေသည် အလုပ်ကို ပြီးစီးစေ၏။