အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




၃ ရာ 5:18 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

ထို့နောက် ရှောလမုန်​မင်းကြီး​၏​ဆောက်လုပ်ရေးသမား​များ​၊ ဟိရံ​မင်းကြီး​၏​ဆောက်လုပ်ရေးသမား​များ​နှင့် ဂေဗလ​အမျိုးသား​တို့​သည် ကျောက်​များ​ကို ထုဆစ်​ကြ​ပြီး အိမ်​တော်​တည်ဆောက်​ရန် သစ်သား​များ​၊ ကျောက်​များ​ကို ပြင်ဆင်​ထား​ကြ​၏​။

အခန်းကိုကြည့်ပါ။

Common Language Bible

ရှော​လ​မုန်​၏​အ​လုပ်​သ​မား​များ​နှင့်​ဟိ​ရံ​၏ အ​လုပ်​သ​မား​များ​သည်​ဗိ​မာန်​တော်​ဆောက်​လုပ် ရန်​အ​တွက် ဂေ​ဗာ​လ​မြို့​သား​များ​နှင့်​အ​တူ ကျောက်​များ​နှင့်​သစ်​များ​ကို​ပြင်​ဆင်​ကြ လေ​သည်။

အခန်းကိုကြည့်ပါ။

Garrad Bible

ရှော လ မုန် မင်း၊ ဟိ ရံ မင်း တို့၏ ဗိ သု ကာ များ နှင့် ဂေ ဗ လ မြို့ သား ဗိ သု ကာ များ လည်း ကျောက် များ၊ သစ် သား များ ကို ဗိ မာန် တော် တည် ဆောက် ရန် ဆစ် ရွေ ပြင် ဆင် ကြ လေ ၏။

အခန်းကိုကြည့်ပါ။

Judson Bible

ထို​သို့ ရှော​လ​မုန်​မင်း၏​လက်​သ​မား​တို့​နှင့် ဟိ​ရံ​မင်း၏​လက်​သ​မား​တို့​သည် ဂေ​ဗာ​လ​အ​မျိုး​သား​တို့​နှင့်​တ​ကွ၊ အိမ်​တော်​ကို​တည်​ဆောက်​စ​ရာ​ဖို့ သစ်​သား​များ၊ ကျောက်​များ​တို့​ကို ပြင်​ဆင်​ကြ၏။

အခန်းကိုကြည့်ပါ။



၃ ရာ 5:18
5 ပူးပေါင်းရင်းမြစ်များ  

ယခုမှာ အကျွန်ုပ်​၏​ဘုရားသခင်​ထာဝရဘုရား​သည် အကျွန်ုပ်​လက်ထက်​တွင် အေးချမ်းသာယာ​စေ​သဖြင့် အကျွန်ုပ်​ပတ်လည်​တွင် ရန်ပြုသူ​မ​ရှိ​၊ ဘေးအန္တရာယ်​လည်း မ​ရှိ​ပါ​။


ထို့နောက် ဒါဝိဒ်​မင်းကြီး​သည် အစ္စရေး​ပြည်​၌​နေထိုင်​သော တိုင်းတစ်ပါးသား​တို့​အား စုဝေး​စေရန် အမိန့်​ပေး​ပြီး သူ​တို့​အား ဘုရားသခင်​၏​အိမ်​တော်​ကို​ဆောက်လုပ်​ရာ​တွင် ကျောက်​များ​ကို​ထုဆစ်​ပေး​မည့် ကျောက်ဆစ်သမား​များ​အဖြစ် ခန့်ထား​၏​။


ဂေဗလ​လူမျိုး​၊ အမ္မုန်​လူမျိုး​နှင့်​အာမလက်​လူမျိုး​များ​၊ တိုင်ရာ​မြို့သား​များ​နှင့် ဖိလိတ္တိ​ပြည်သား​များ ပါဝင်​ကြ​ပါ​၏​။


အပျက်အစီး​ပြုပြင်ဖာထေး​ပေး​သော ဂေဗလ​မြို့သား ဝါရင့်​ပညာရှင်​များ​လည်း​ရှိ​၏​။ ပင်လယ်ကူးသင်္ဘော​များ​၊ သင်္ဘောသား​များ​သည် သင့်​ထံ​လာ​၍ ကုန်စည်​ရောင်းဝယ်​ဖောက်ကား​ကြ​၏​။


ဂေဗလ​ပြည်​၊ လက်ဘနွန်​ပြည်​အရှေ့ဘက်​တစ်ခုလုံး​၊ ဟေရမုန်​တောင်​ခြေ​ရှိ ဗာလဂဒ်​ပြည်​မှ လီဘိုဟာမတ်​ပြည်​အထိ​ဖြစ်​၏​။