တိုင်ရာဘုရင်ဟိရံမင်းကြီးသည်လည်း သစ်ကတိုးသားများနှင့်တကွ လက်သမားများ၊ ကျောက်ဆစ်သမားများနှင့် တမန်တို့ကိုဒါဝိဒ်မင်းကြီးထံ စေလွှတ်၏။ သူတို့သည် ဒါဝိဒ်မင်းကြီးအဖို့ နန်းတော်ကို တည်ဆောက်ပေးကြ၏။
၃ ရာ 5:15 - မြန်မာ့စံမီသမ္မာကျမ်း ရှောလမုန်မင်းကြီးထံ၌ အထမ်းသမား အယောက်ခုနစ်သောင်းနှင့် တောင်ပေါ်တွင် ကျောက်ဆစ်သမား အယောက်ရှစ်သောင်းရှိ၏။ Common Language Bible ရှောလမုန်သည်ကျောက်ဆစ်ရန်လူရှစ်သောင်း ကိုလည်းကောင်း၊ ကျောက်သယ်မည့်သူလူခုနစ် သောင်းနှင့်အတူတောင်ပေါ်ဒေသသို့စေ လွှတ်တော်မူ၏။- Garrad Bible အ မှု အ ရေး ကို လုပ် ဆောင် သူ တို့ အ ပေါ် တွင် ကြီး ကြပ် ကြည့် ရှု ရ သော အ ကြီး အ ကဲ သုံး ထောင် သုံး ရာ မှ တစ် ပါး ကံ ကျွေး လူ ခု နစ် သောင်း၊ တောင် ပေါ် တွင် ကျောက် ဆစ် သ မား ရှစ် သောင်း တို့ ကို ထား သည့် အ လျောက် Judson Bible ထမ်းရွက်သောသူ ခုနစ်သောင်း၊ တောင်ရိုးပေါ်မှာ သစ်ခုတ်သောသူ ရှစ်သောင်းတို့ကိုလည်း စေခိုင်းတော်မူ၍၊ |
တိုင်ရာဘုရင်ဟိရံမင်းကြီးသည်လည်း သစ်ကတိုးသားများနှင့်တကွ လက်သမားများ၊ ကျောက်ဆစ်သမားများနှင့် တမန်တို့ကိုဒါဝိဒ်မင်းကြီးထံ စေလွှတ်၏။ သူတို့သည် ဒါဝိဒ်မင်းကြီးအဖို့ နန်းတော်ကို တည်ဆောက်ပေးကြ၏။
တိုင်ရာဘုရင်ဟုရံမင်းကြီးသည်လည်း ဒါဝိဒ်မင်းကြီးထံ တမန်များကိုစေလွှတ်ပြီး နန်းတော်တည်ဆောက်ရန် သစ်ကတိုးသားများနှင့်တကွ ကျောက်ဆစ်သမားများ၊ လက်သမားများကို ပို့ပေးလေ၏။
ရှောလမုန်မင်းကြီးသည် ထာဝရဘုရား၏နာမတော်တည်ရာအိမ်တော်နှင့် မိမိနိုင်ငံတော်အတွက် နန်းတော်ကိုတည်ဆောက်ရန် ရည်ရွယ်၏။
ရှောလမုန်မင်းကြီးသည် အထမ်းသမား အယောက်ခုနစ်သောင်း၊ တောင်ပေါ်မှကျောက်ဆစ်သမား အယောက်ရှစ်သောင်းနှင့် သူတို့ကိုကြီးကြပ်ကွပ်ကဲရသူ အယောက်သုံးထောင့်ခြောက်ရာတို့ကို ခွဲခန့်ထား၏။
ဗိမာန်တော်အစေအပါးများနှင့် ရှောလမုန်အစေအပါးတို့၏သားမြေးများ စုစုပေါင်း သုံးရာကိုးဆယ့်နှစ်ယောက် ဖြစ်၏။
ရှောလမုန်အစေအပါးတို့၏သားမြေးတွင် သောတဲသားမြေး၊ သောဖရက်သားမြေး၊ ပေရိဒသားမြေး၊
ဗိမာန်တော်အစေအပါးများနှင့် ရှောလမုန်အစေအပါးတို့၏သားမြေးများ စုစုပေါင်း သုံးရာကိုးဆယ့်နှစ်ယောက် ဖြစ်၏။
ရှင်ဘုရင်၏သမီးတော်သည် ဂုဏ်ကျက်သရေအပေါင်းနှင့်ပြည့်စုံလျက် အတွင်းဆောင်၌ရှိ၏။ သူ၏အဝတ်တန်ဆာကို ရွှေချည်ဖြင့်ရောစပ်ရက်လုပ်ထား၏။
တစ်ဖန် ထိုနယ်နိမိတ်သည် ရာမမြို့၊ တိုင်ရာခံတပ်မြို့တို့ဘက်သို့ လှည့်သွား၏။ ထိုမှ နယ်နိမိတ်သည် ဟောသမြို့သို့ လှည့်သွား၍ အာခဇိပ်နယ်မြေရှိ ပင်လယ်တွင် ဆုံး၏။
“ခေါင်းဆောင်တို့ ပြောထားသည့်အတိုင်း သူတို့ကို အသက်ချမ်းသာခွင့်ပေးပြီး လူထုတစ်ရပ်လုံးအတွက် ထင်းခွေ၊ ရေခပ်ပေးရသောအလုပ်ကို လုပ်စေ”ဟု ခေါင်းဆောင်တို့က သူတို့အား ဆို၏။