သူတို့သည် ထာဝရဘုရား၏သေတ္တာတော်၊ တွေ့ဆုံစည်းဝေးရာတဲတော်နှင့် တဲတော်အတွင်းရှိ သန့်ရှင်းသောအသုံးအဆောင်အားလုံးကို သယ်ဆောင်လာကြ၏။ ဤအရာတို့ကို ယဇ်ပုရောဟိတ်များနှင့် လေဝိအမျိုးသားများသည် သယ်ဆောင်လာကြ၏။
၃ ရာ 3:4 - မြန်မာ့စံမီသမ္မာကျမ်း ဂိဗောင်မြို့သည် အရေးပါသောအထွတ်အမြတ်ထားရာနေရာတစ်ခု ဖြစ်၏။ ထို့ကြောင့် ရှောလမုန်မင်းကြီးသည် ယဇ်ပူဇော်ရန် ထိုနေရာသို့သွား၍ ယဇ်ပလ္လင်ပေါ်တွင် ယဇ်ကောင်တစ်ထောင်ကို မီးရှို့ပူဇော်၏။ Common Language Bible ဂိဗောင်မြို့တွင်အလွန်ထင်ရှားကျော်စောသော ယဇ်ပလ္လင်ရှိသဖြင့် အခါတစ်ပါး၌မင်းကြီး သည်ယဇ်ပူဇော်ရန်ထိုအရပ်သို့သွားတော် မူ၏။ သူသည်ယခင်အခါများကထောင် ပေါင်းများစွာသောမီးရှို့ရာပူဇော်သကာ များကိုထိုယဇ်ပလ္လင်တွင်ပူဇော်ခဲ့ဖူး၏။- Garrad Bible ဘု ရင် မင်း သည် မြင့် ရာ မ ဟာ ဌာ န တော် တည်း ဟူ သော ဂိ ဗောင် မြို့ သို့ ပူ ဇော် ရန် သွား ၍ ထို ပ လ္လင် တော် ပေါ် မှာ မီး ရှို့ ရာ သ က္ကာ တစ် ထောင် ကို ပူ ဇော် လေ ၏။ Judson Bible တစ်ရံရောအခါ၊ ရှင်ဘုရင်သည် ယဇ်ပူဇော်ခြင်းငှာ အလွန်မြင့်မြတ်သော အရပ်တည်းဟူသော ဂိဗောင်မြို့သို့သွား၍ ထိုယဇ်ပလ္လင်ပေါ်မှာ မီးရှို့ရာယဇ်တစ်ထောင်ကို ပူဇော်လေ၏။ |
သူတို့သည် ထာဝရဘုရား၏သေတ္တာတော်၊ တွေ့ဆုံစည်းဝေးရာတဲတော်နှင့် တဲတော်အတွင်းရှိ သန့်ရှင်းသောအသုံးအဆောင်အားလုံးကို သယ်ဆောင်လာကြ၏။ ဤအရာတို့ကို ယဇ်ပုရောဟိတ်များနှင့် လေဝိအမျိုးသားများသည် သယ်ဆောင်လာကြ၏။
ရှောလမုန်မင်းကြီးသည် နွားကောင်ရေနှစ်သောင်းနှစ်ထောင်၊ သိုးကောင်ရေတစ်သိန်းနှစ်သောင်းတို့ကို ထာဝရဘုရားထံ မိတ်သဟာယယဇ်အဖြစ် ပူဇော်၏။ ဤသို့ဖြင့် ရှင်ဘုရင်နှင့် အစ္စရေးအမျိုးသားအပေါင်းတို့သည် ထာဝရဘုရား၏အိမ်တော်ကို ဆက်ကပ်ကြလေ၏။
ထာဝရဘုရားက ဂိဗောင်မြို့၌ ကိုယ်ထင်ရှားပြခဲ့သကဲ့သို့ ရှောလမုန်မင်းကြီးအား ဒုတိယအကြိမ် ထင်ရှားပြတော်မူ၏။
ယဇ်ပုရောဟိတ်ဇာဒုတ်နှင့် သူ၏ဆွေမျိုးသားချင်းယဇ်ပုရောဟိတ်တို့ကို ဂိဗောင်မြို့၊ အထွတ်အမြတ်ထားရာကုန်းမြင့်ရှိ ထာဝရဘုရား၏တဲတော်ရှေ့တွင် နေရာချထား၏။
ထိုစဉ်က တောကန္တာရတွင် မောရှေဆောက်လုပ်ခဲ့သော ထာဝရဘုရား၏တဲတော်နှင့်မီးရှို့ရာယဇ်ပလ္လင်တို့သည် ဂိဗောင်မြို့ရှိ အထွတ်အမြတ်ထားရာကုန်းမြင့်တွင် ရှိနေ၏။
ရှောလမုန်မင်းကြီးသည် အစ္စရေးလူမျိုးတစ်မျိုးနွယ်လုံးမှစ၍ လူတစ်ထောင်အုပ်၊ လူတစ်ရာအုပ်၊ တရားသူကြီးများ၊ အစ္စရေးတစ်ပြည်လုံးရှိ ခေါင်းဆောင်များဖြစ်ကြသောဘိုးဘေးအကြီးအမှူးရှိသမျှတို့အား ဆင့်ခေါ်ပြီး
ရှောလမုန်မင်းကြီးသည် တောကန္တာရတွင် ထာဝရဘုရား၏အစေအပါးမောရှေပြုလုပ်ခဲ့သော ဘုရားသခင်၏တွေ့ဆုံစည်းဝေးရာတဲတော်ရှိရာ ဂိဗောင်မြို့၊ အထွတ်အမြတ်ထားရာကုန်းမြင့်သို့ လူထုကြီးနှင့်အတူသွား၏။
အကြောင်းမူကား ယုဒဘုရင်ဟေဇကိမင်းကြီးသည် လူထုတစ်ရပ်လုံးအတွက် နွားအကောင်ရေတစ်ထောင်၊ သိုးအကောင်ရေခုနစ်ထောင်ကို ပေးလှူပူဇော်၏။ မှူးမတ်တို့သည်လည်း လူထုအတွက် နွားအကောင်ရေတစ်ထောင်၊ သိုးအကောင်ရေတစ်သောင်းကို ပေးလှူပူဇော်ကြ၏။ များစွာသောယဇ်ပုရောဟိတ်တို့သည်လည်း မိမိကိုယ်ကိုသန့်ရှင်းခြင်းဝတ်ပြုကြ၏။
ရှောလမုန်မင်းကြီးသည် နွားကောင်ရေနှစ်သောင်းနှစ်ထောင်၊ သိုးကောင်ရေတစ်သိန်းနှစ်သောင်းတို့ကို ယဇ်ပူဇော်၏။ ရှင်ဘုရင်နှင့် လူထုအပေါင်းတို့သည် ဘုရားသခင်၏အိမ်တော်ကို ဆက်ကပ်ရာတွင်
လက်ဘနွန်တောသည် မီးမွှေးရန်မလုံလောက်။ ထိုတောရှိတောရိုင်းတိရစ္ဆာန်တို့သည်လည်း မီးရှို့ရာယဇ်အတွက်မလုံလောက်။
ယုဒဘုရင်ဇေဒကိမင်းကြီးနန်းစံကာလ အစပိုင်း စတုတ္ထနှစ်၊ ပဉ္စမလတွင်ပင် ဂိဗောင်မြို့မှ အဇ္ဇုရ၏သား ပရောဖက်ဟာနနိယက ထာဝရဘုရား၏အိမ်တော်၊ ယဇ်ပုရောဟိတ်နှင့် လူအပေါင်းတို့ရှေ့တွင် ငါ့အား
အလွန်ကြောက်လေ၏။ အကြောင်းမူကား ဂိဗောင်မြို့သည် မင်းနေပြည်တော်မြို့ကဲ့သို့ ခမ်းနားကြီးကျယ်သောမြို့ဖြစ်၏။ အာဣမြို့ထက်ကြီး၍ ထိုမြို့ရှိယောက်ျားအပေါင်းတို့သည်လည်း စစ်သူရဲများဖြစ်ကြ၏။
ဗင်္ယာမိန်အမျိုးအနွယ်တို့ မျိုးနွယ်စုအလိုက် ရရှိသောမြို့များမှာ ဂျေရိခေါမြို့၊ ဗေသောဂလမြို့၊ ဧမက္ကေဇဇ်မြို့၊
ဂိဗောင်မြို့သားတို့မူကား ဂျေရိခေါမြို့နှင့်အာဣမြို့တို့ကို ယောရှုမည်သို့တိုက်ခိုက်ခဲ့သည်ကို ကြားသောအခါ
ထို့ကြောင့် ရှောလုမင်းကြီးက “မီးရှို့ရာယဇ်၊ မိတ်သဟာယယဇ်တို့ကို ငါ့ထံသို့ ယူဆောင်လာကြလော့”ဟု ဆိုပြီးလျှင် မီးရှို့ရာယဇ်ကိုပူဇော်လေ၏။