ထိုအခါ ရှင်ဘုရင်က “အသက်ရှင်နေသောကလေးကို ပထမမိန်းမအား ပေးလိုက်ပါ။ အလျှင်းမသတ်ပါနှင့်။ သူသည် ကလေး၏မိခင်မှန်၏”ဟု စီရင်ပေးလေ၏။
ရှောလမုန်က``ကလေးကိုမသတ်နှင့်တော့။ သူ့ကို ပထမမိန်းမအားပေးလော့။ ထိုမိန်းမသည် ကလေး၏မိခင်စစ်ဖြစ်၏'' ဟုမိန့်တော်မူ၏။
ခွဲ ဝေ ပါ စေ ဟု ဆို လျှင် ရှင် သော သူ ငယ် ကို မ သတ် ဘဲ လျှောက် ရင်း မိန်း မ ရ ယူ စေ။ သူ သည် အ မိ ရင်း မှန် သည် ဟု ဘု ရင် မင်း မိန့် ဆို ၏။
ထိုအခါရှင်ဘုရင်က၊ အသက်ရှင်သော သူငယ်ကိုမသတ်နှင့်။ အရင်မိန်းမအား ပေးလော့။ သူသည် အမိမှန်သည်ဟု မိန့်တော်မူ၏။
အသက်ရှင်နေသောသား၏မိခင်မှာ မိမိသားကို အလွန်သနားသဖြင့် ရှင်ဘုရင်အား “အို အကျွန်ုပ်၏သခင်၊ အသက်ရှင်နေသောသားကို သူ့အား ပေးလိုက်ပါ။ ကလေးကို အလျှင်းမသတ်ပါနှင့်”ဟု လျှောက်တင်၏။ သို့သော် နောက်မိန်းမက “သင်လည်း မယူရ၊ ငါလည်း မယူရ။ ဤကလေးကို နှစ်ခြမ်းခွဲပါစေ”ဟု ဆို၏။
အစ္စရေးလူမျိုးအပေါင်းတို့သည် ထိုသို့ရှင်ဘုရင်စီရင်လိုက်သောအမှုကို ကြားသိရသောအခါ ရှင်ဘုရင်၏နှလုံးသားထဲတွင် ဘုရားသခင်၏ဉာဏ်ပညာတည်နေသောကြောင့်သာ ဤသို့စီရင်နိုင်ကြောင်းကို သိကြသောကြောင့် ရှင်ဘုရင်ကို ကြောက်ရွံ့ရိုသေကြလေ၏။