သူတို့က “အို အကျွန်ုပ်တို့၏သခင်၊ စင်စစ် အကျွန်ုပ်တို့သည် အစားအစာဝယ်ရန် ယခင်တစ်ခါ ရောက်လာခဲ့ပါ၏။
၃ ရာ 3:17 - မြန်မာ့စံမီသမ္မာကျမ်း မိန်းမတစ်ဦးက “အို အကျွန်ုပ်၏သခင်၊ အကျွန်ုပ်သည် ဤမိန်းမနှင့် တစ်အိမ်တည်းနေပါ၏။ ထိုအိမ်တွင် အကျွန်ုပ်မီးဖွားစဉ် သူရှိနေပါ၏။ Common Language Bible တစ်ယောက်က``အရှင်မင်းကြီး၊ ကျွန်မသည်ဤ မိန်းမနှင့်တစ်အိမ်တည်းနေထိုင်ပါသည်။ ယင်း သို့နေထိုင်စဉ်သားကလေးတစ်ယောက်ကို ဖွားမြင်ပါသည်။- Garrad Bible တစ် ယောက် က၊ အို အ ရှင် ဘု ရား၊ ကျွန် မ နှင့် ဤ မိန်း မ သည် တစ် အိမ် တည်း နေ ကြ ရာ ကျွန် မ သည် သား ဖွား ပါ ၏။ Judson Bible မိန်းမတစ်ယောက်က အိုအရှင်၊ ကျွန်တော်မနှင့် ဤမိန်းမသည် တစ်အိမ်တည်းနေကြပါ၏။ တစ်အိမ်တည်းနေလျက် ကျွန်တော်မသည် သားမျက်နှာကို မြင်ပါ၏။ |
သူတို့က “အို အကျွန်ုပ်တို့၏သခင်၊ စင်စစ် အကျွန်ုပ်တို့သည် အစားအစာဝယ်ရန် ယခင်တစ်ခါ ရောက်လာခဲ့ပါ၏။
တစ်နေ့တွင် ပြည့်တန်ဆာမိန်းမနှစ်ဦးသည် ရှင်ဘုရင်ထံသို့လာ၍ ရှေ့တော်၌ ရပ်လျက်
ထိုသို့ အကျွန်ုပ်မီးဖွားပြီး သုံးရက်မြောက်သောနေ့တွင် ထိုမိန်းမလည်း မီးဖွားပါ၏။ ထိုအိမ်တွင် အကျွန်ုပ်တို့နှစ်ဦးအပြင် အခြားမည်သူမျှမရှိပါ။
သို့ဖြစ်၍ လူအသီးသီးတို့အား ပေးသင့်သည်ကို ပေးဆောင်ကြလော့။ အခွန်ပေးသင့်သောသူအား အခွန်ကိုလည်းကောင်း၊ အကောက်ပေးသင့်သောသူအား အကောက်ကိုလည်းကောင်း ပေးဆောင်ကြလော့။ ကြောက်ရွံ့သင့်သောသူကိုကြောက်ရွံ့၍ ရိုသေသင့်သောသူကိုရိုသေကြလော့။