ယာကုပ်သည် အိပ်ပျော်ရာမှနိုးလာသောအခါ “အကယ်စင်စစ် ထာဝရဘုရားသည် ဤအရပ်၌ ရှိတော်မူ၏။ သို့ပါလျက် ငါမသိခဲ့ပါတကား”ဟု ဆို၏။
၃ ရာ 3:15 - မြန်မာ့စံမီသမ္မာကျမ်း ရှောလမုန်မင်းကြီးနိုးလာလျှင် အိပ်မက်ဖြစ်ကြောင်းကို သိရလေ၏။ သူသည် ဂျေရုဆလင်မြို့သို့ ပြန်သွား၍ ဘုရားရှင်၏ပဋိညာဉ်သေတ္တာတော်ရှေ့တွင် ရပ်လျက် မီးရှို့ရာယဇ်၊ မိတ်သဟာယယဇ်တို့ကို ပူဇော်လေ၏။ ထို့နောက် သူ၏အမှုထမ်းအပေါင်းတို့အတွက် စားသောက်ပွဲ ကျင်းပပေးလေ၏။ Common Language Bible ရှောလမုန်သည်အိပ်ရာမှနိုး၍ မိမိသည်ဘုရားသခင်မိန့်တော်မူသောစကားများကိုအိပ်မက် တွင်ကြားသိခဲ့ရကြောင်းကိုသိလေ၏။ ထို့နောက် သူသည်ယေရုရှလင်မြို့သို့သွား၍ ထာဝရဘုရား ၏ပဋိညာဉ်သေတ္တာတော်ရှေ့တွင်ရပ်လျက် မီးရှို့ရာ ပူဇော်သကာများနှင့်မိတ်သဟာယဇ်တို့ကို ထာဝရဘုရားအားပူဇော်ပြီးနောက် မှူးမတ် အပေါင်းတို့အတွက်စားသောက်ပွဲကိုကျင်းပ လေသည်။ Garrad Bible ရှော လ မုန် မင်း နိုး ၍ အိပ် မက် မှန်း ကို သိ လေ၏။ ယေ ရု ရှ လင် မြို့ သို့ ပြန် သွား ရာ ထာ ဝ ရ ဘု ရား ၏ ပ ဋိ ညာဉ် တော် သေ တ္တာ ရှေ့ ရပ် နေ လျက် မီး ရှို့ ရာ သ က္ကာ၊ မိတ် သ ဟာ ယ သ က္ကာ များ ကို ဆက် ကပ် ပြီး လျှင် ကျေး ကျွန် သင်း ပင်း တို့ အ ဖို့ စား သောက် ပွဲ ကို စီ ရင် စေ ၏။ Judson Bible ရှောလမုန်သည် နိုး၍ အိပ်မက်ဖြစ်မှန်းကိုသိ၏။ တစ်ဖန် ယေရုရှလင်မြို့သို့သွား၍ ထာဝရဘုရား၏ပဋိညာဉ်သေတ္တာတော်ရှေ့မှာ ရပ်လျက်၊ မီးရှို့ရာယဇ်၊ မိတ်သဟာယယဇ်တို့ကို ပူဇော်၍ ကျွန်အပေါင်းတို့အဖို့ ပွဲကို စီရင်တော်မူ၏။ |
ယာကုပ်သည် အိပ်ပျော်ရာမှနိုးလာသောအခါ “အကယ်စင်စစ် ထာဝရဘုရားသည် ဤအရပ်၌ ရှိတော်မူ၏။ သို့ပါလျက် ငါမသိခဲ့ပါတကား”ဟု ဆို၏။
ထို့နောက် ယာကုပ်သည် တောင်ပေါ်၌ယဇ်ကောင်ကိုပူဇော်၍ အစားအစာစားသောက်ရန် မိမိ၏ဆွေမျိုးသားချင်းတို့ကိုဖိတ်ခေါ်လေ၏။ သူတို့သည်လည်း အစားအစာစားသောက်ပြီးလျှင် တောင်ပေါ်၌ ညအိပ်နားကြ၏။
ထို့နောက် သုံးရက်မြောက်သောနေ့တွင် ဖာရောမင်းကြီး၏မွေးနေ့ကျရောက်သဖြင့် မိမိ၏အမှုထမ်းအပေါင်းတို့အတွက် စားသောက်ပွဲပြုလုပ်လေ၏။ မိမိ၏အမှုထမ်းတို့ရှေ့၌ ဖလားတော်ဝန်ကိုချီးမြှင့်၍ စားတော်ဝန်ကိုကား ခေါင်းနှင့်ကိုယ်တခြားစီဖြစ်စေလေ၏။
သုန်ဖျင်းသောစပါးနှံတို့သည် အလုံးကြီး၍အဆန်အောင်သောစပါးနှံခုနစ်နှံကိုမျိုလေ၏။ ထို့နောက် ဖာရောမင်းကြီးသည် နိုးလာ၍ အိပ်မက်ဖြစ်ကြောင်းသိရ၏။
တစ်နေ့တွင် ပြည့်တန်ဆာမိန်းမနှစ်ဦးသည် ရှင်ဘုရင်ထံသို့လာ၍ ရှေ့တော်၌ ရပ်လျက်
ရှောလမုန်မင်းကြီးသည် နွားကောင်ရေနှစ်သောင်းနှစ်ထောင်၊ သိုးကောင်ရေတစ်သိန်းနှစ်သောင်းတို့ကို ထာဝရဘုရားထံ မိတ်သဟာယယဇ်အဖြစ် ပူဇော်၏။ ဤသို့ဖြင့် ရှင်ဘုရင်နှင့် အစ္စရေးအမျိုးသားအပေါင်းတို့သည် ထာဝရဘုရား၏အိမ်တော်ကို ဆက်ကပ်ကြလေ၏။
ထိုအချိန်တွင်ပင် ရှောလမုန်မင်းကြီးသည် လီဘိုဟာမတ်အရပ်မှ အီဂျစ်မြစ်တိုင်အောင် အရပ်ရပ်မှရောက်လာသော အစ္စရေးလူအုပ်ကြီးနှင့်အတူ အကျွန်ုပ်တို့၏ဘုရားသခင်ထာဝရဘုရားရှေ့တော်၌ ခုနစ်ရက်ပြီး နောက်ထပ်ခုနစ်ရက် စုစုပေါင်းတစ်ဆယ့်လေးရက်တိုင် ပွဲတော်ကျင်းပလေ၏။
ထို့နောက် အစ္စရေးလူထုတစ်ရပ်လုံးအား ယောက်ျားမိန်းမ မကျန် တစ်ဦးလျှင် မုန့်တစ်လုံး၊ အသားတစ်တုံး၊ စပျစ်ပျဉ်တစ်ချပ် ဝေပေး၏။
ရှောလမုန်မင်းကြီးသည် နွားကောင်ရေနှစ်သောင်းနှစ်ထောင်၊ သိုးကောင်ရေတစ်သိန်းနှစ်သောင်းတို့ကို ယဇ်ပူဇော်၏။ ရှင်ဘုရင်နှင့် လူထုအပေါင်းတို့သည် ဘုရားသခင်၏အိမ်တော်ကို ဆက်ကပ်ရာတွင်
နန်းစံတတိယနှစ်တွင် မင်းကြီးသည် မိမိ၏မှူးမတ်နှင့် မင်းမှုထမ်းအပေါင်းတို့အတွက် စားသောက်ပွဲကိုကျင်းပလေ၏။ ပါးရှားပြည်နှင့် မေဒိပြည်မှစစ်သည်ဗိုလ်ပါများ၊ ပြည်တကာတို့မှ မင်းညီမင်းသားများနှင့် မှူးမတ်များလည်း သူနှင့်အတူ ပွဲခံကြ၏။
ဤတွင် ငါနိုးလာ၍ မော်ကြည့်လိုက်၏။ ငါသည် နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်ပါသည်တကား။
ဗေလရှာဇာမင်းကြီးသည် မှူးမတ်တစ်ထောင်အတွက် စားသောက်ပွဲကြီးကို ကျင်းပ၍ သူတို့နှင့်အတူ စပျစ်ဝိုင်ကို သောက်လျက်နေ၏။
ထိုအခါ ထာဝရဘုရားက “ငါ့စကားကို နားထောင်ကြလော့။ သင်တို့တွင် ပရောဖက်ရှိလျှင် ငါထာဝရဘုရားသည် ထိုပရောဖက်အား နိမိတ်အာရုံအားဖြင့် ကိုယ်ထင်ရှားပြမည်။ အိပ်မက်အားဖြင့် မိန့်မြွက်မည်။
သို့သော် အခွင့်ကောင်းရောက်လာလေ၏။ ဟေရုဒ်သည် မိမိ၏မွေးနေ့၌ မှူးကြီးမတ်ရာများ၊ တပ်မှူးကြီးများနှင့် ဂါလိလဲနယ်၏ခေါင်းဆောင်များအတွက် ညစာစားပွဲကျင်းပသောအခါ