၃ ရာ 3:11 - မြန်မာ့စံမီသမ္မာကျမ်း ထို့ကြောင့် ဘုရားသခင်က သူ့အား “သင်သည် အသက်တာရှည်ရန်မတောင်း၊ ဓနဥစ္စာကိုမတောင်း၊ ရန်သူ့အသက်ကိုမတောင်းဘဲ တရားမျှတစွာစီရင်နိုင်သောအသိဉာဏ်ကိုသာ တောင်းလေပြီ။ ဤသို့ သင်တောင်းဆိုသောကြောင့် Common Language Bible ``သင်သည်မိမိအသက်ရှည်မှု၊ ချမ်းသာကြွယ်ဝ မှုသို့မဟုတ်ရန်သူများသေကြေပျက်စီးမှု ကိုတောင်းလျှောက်မည့်အစားတရားမျှတ စွာအုပ်စိုးနိုင်ရန် ဉာဏ်ပညာကိုတောင်းလျှောက် သည်ဖြစ်၍၊- Garrad Bible သင် သည် ရှည် ကြာ သော အ သက် တာ သော် လည်း ကောင်း၊ စည်း စိမ် ချမ်း သာ သော် လည်း ကောင်း၊ ရန် အောင် ခွင့် သော် လည်း ကောင်း၊ မ တောင်း ဘဲ တ ရား အ ရာ ကျွမ်း ကျင် ရန် ဉာဏ် သ တ္တိ ကို သာ တောင်း လျှောက် သော ကြောင့် Judson Bible ဘုရားသခင်ကလည်း၊ သင်သည် တာရှည်သောအသက်ကို မတောင်း၊ စည်းစိမ်ကိုလည်း မတောင်း၊ ရန်သူတို့၏အသက်ကိုလည်း မတောင်း၊ တရားစီရင်ခြင်းငှာ တတ်နိုင်သောဉာဏ်ကိုသာ ကိုယ်အဖို့တောင်းလျှောက်သောကြောင့်၊ |
အစ္စရေးလူမျိုးအပေါင်းတို့သည် ထိုသို့ရှင်ဘုရင်စီရင်လိုက်သောအမှုကို ကြားသိရသောအခါ ရှင်ဘုရင်၏နှလုံးသားထဲတွင် ဘုရားသခင်၏ဉာဏ်ပညာတည်နေသောကြောင့်သာ ဤသို့စီရင်နိုင်ကြောင်းကို သိကြသောကြောင့် ရှင်ဘုရင်ကို ကြောက်ရွံ့ရိုသေကြလေ၏။
ဤများပြားလှသောကိုယ်တော်၏လူမျိုးတော်ကို မည်သူအုပ်ချုပ်နိုင်ပါမည်နည်း။ ထို့ကြောင့် ကိုယ်တော့်အစေအပါးအား ကိုယ်တော်၏လူမျိုးတော်ကို စီရင်အုပ်ချုပ်နိုင်ရန်နှင့် အကောင်းအဆိုးကို ဝေဖန်ပိုင်းခြားနိုင်ရန်အတွက် သိနားလည်နိုင်သောနှလုံးသားကို ပေးတော်မူပါ”ဟု တောင်းလျှောက်၏။
ထို့ကြောင့် ဘုရားသခင်က ရှောလမုန်မင်းကြီးအား “သင်သည် ဓနဥစ္စာစည်းစိမ်ချမ်းသာနှင့် ဂုဏ်သရေကိုမတောင်း၊ ရန်သူ့အသက်ကိုမတောင်း၊ အသက်တာရှည်ဖို့မတောင်းဘဲ သင့်အား ငါအုပ်ချုပ်စေသည့် ငါ့လူမျိုးတော်တို့ကိုအုပ်ချုပ်နိုင်ရန်အတွက် သင့်စိတ်နှလုံးတွင်ရှိသည့်အတိုင်း ဉာဏ်ပညာ၊ အသိတရားတို့ကိုသာ တောင်းဆိုသောကြောင့်
များစွာသောသူတို့က “ကောင်းမြတ်သောအရာကို ငါတို့အားမည်သူပြနိုင်မည်နည်း”ဟု ပြောဆိုကြပါ၏။ အို ထာဝရဘုရား၊ ကိုယ်တော်၏မျက်နှာတော်အလင်းကို အကျွန်ုပ်တို့အပေါ် ထွန်းလင်းစေတော်မူပါ။
ဖြူသောဆံပင်သည် အသရေရှိသောသရဖူဖြစ်၍ ဖြောင့်မတ်စွာပြုမူကျင့်ကြံခြင်းအားဖြင့် ၎င်းကိုရရှိနိုင်၏။
ထာဝရဘုရားက ‘ကြီးမြတ်သောအရာကို သင်ရှာနေသလော။ မရှာပါနှင့်။ ကြည့်ရှုလော့။ ငါသည် လူအပေါင်းတို့ကို ဘေးအန္တရာယ်သင့်စေမည်။ သင့်ကိုကား သင်ရောက်လေရာရာအရပ်တို့၌ တိုက်ယူပစ္စည်းကဲ့သို့ သင့်အသက်ကို ငါပေးမည်’ဟူ၍ မိန့်တော်မူသည်”ဟု ဆိုလေ၏။
ထိုနည်းတူ ဝိညာဉ်တော်သည်လည်း ငါတို့၏အားနည်းခြင်းကို ဖေးမကူညီပေးတော်မူ၏။ ငါတို့သည် ဆုတောင်းသင့်သည့်အတိုင်း မည်သို့ဆုတောင်းရမည်ကို မသိကြ။ သို့သော် ဝိညာဉ်တော်ကိုယ်တော်တိုင် စကားဖြင့်ဖော်ပြ၍မရနိုင်သော ညည်းတွားသံများဖြင့် ငါတို့အတွက် အသနားခံပေးတော်မူ၏။