နောက်ဆုံးတွင် အာသမင်းကြီးသည် ဘိုးဘေးတို့နှင့်အတူအိပ်ပျော်၍ အဘီတော်ဒါဝိဒ်မြို့တွင် သူ့ကို ဘိုးဘေးတို့နှင့်အတူ သင်္ဂြိုဟ်ကြလေ၏။ သူ၏သားတော် ယောရှဖတ်သည် သူ့အရိုက်အရာကို ဆက်ခံ၏။
၃ ရာ 22:41 - မြန်မာ့စံမီသမ္မာကျမ်း အစ္စရေးဘုရင်အာဟပ်မင်းကြီး နန်းစံလေးနှစ်တွင် ယုဒပြည်၌ အာသမင်းကြီး၏သားတော်ယောရှဖတ် နန်းတက်၏။ Common Language Bible ဣသရေလဘုရင်အာဟပ်၏နန်းစံစတုတ္ထနှစ်၌ အာသ၏သားတော်ယောရှဖတ်သည်ယုဒပြည် တွင်နန်းတက်၍၊- Garrad Bible ဣ သ ရေ လ ဘု ရင် အာ ဟပ် မင်း နန်း စံ လေး နှစ် တွင် အာ သ မင်း သား တော် ယော ရှ ဖတ် မင်း သည် အိမ် နိမ့် သုံး ဆယ့် ငါး နှစ် ရှိ သော် နန်း တက်၍ ယေ ရု ရှ လင် မြို့၌ ယု ဒ နိုင် ငံ ကို နှစ် ဆယ့် ငါး နှစ် စိုး စံ လေ၏။ မယ် တော့် အ မည် ကား ရှိ လ ဟိ သ မီး အ ဇု ဘ တည်း။ Judson Bible ဣသရေလရှင်ဘုရင် အာဟပ်နန်းစံလေးနှစ်တွင် အာသသားယောရှဖတ်သည် အသက်သုံးဆယ်ငါးနှစ်ရှိသော် ယုဒနိုင်ငံကိုအစိုးရ၍၊ |
နောက်ဆုံးတွင် အာသမင်းကြီးသည် ဘိုးဘေးတို့နှင့်အတူအိပ်ပျော်၍ အဘီတော်ဒါဝိဒ်မြို့တွင် သူ့ကို ဘိုးဘေးတို့နှင့်အတူ သင်္ဂြိုဟ်ကြလေ၏။ သူ၏သားတော် ယောရှဖတ်သည် သူ့အရိုက်အရာကို ဆက်ခံ၏။
သုံးနှစ်မြောက်တွင် ယုဒဘုရင်ယောရှဖတ်မင်းကြီးသည် အစ္စရေးဘုရင်ထံသို့ ရောက်လာ၏။
အာဟပ်မင်းကြီးသည် ဘိုးဘေးတို့နှင့်အတူအိပ်ပျော်၍ သူ၏သားတော်အာခဇိသည် သူ့အရိုက်အရာကို ဆက်ခံ၏။
ယောရှဖတ်နန်းတက်ချိန်တွင် သက်တော်သုံးဆယ့်ငါးနှစ်ရှိပြီး ဂျေရုဆလင်မြို့တွင် နှစ်ဆယ့်ငါးနှစ် စိုးစံ၏။ မယ်တော်ကား ရှိလဟိ၏သမီး အဇုဘအမည်ရှိ၏။
ရှောလမုန်၏သားမှာ ရောဗောင်၊ ရောဗောင်၏သားမှာ အဘိယ၊ အဘိယ၏သားမှာ အာသ၊ အာသ၏သားမှာ ယောရှဖတ်၊
သူ၏သားတော်ယောရှဖတ်သည် သူ့အရိုက်အရာကို ဆက်ခံပြီး အစ္စရေးလူမျိုးတို့ကို ခုခံတိုက်ခိုက်နိုင်အောင် အားအင်ဖြည့်တင်းထား၏။
ဤသို့ဖြင့် ယောရှဖတ်မင်းကြီးသည် ယုဒပြည်ကို စိုးစံလျက်နေ၏။ သူနန်းတက်စဉ်က သက်တော်သုံးဆယ့်ငါးနှစ် ရှိပြီး ဂျေရုဆလင်မြို့တွင် နှစ်ဆယ့်ငါးနှစ်စိုးစံ၏။ မယ်တော်ကား ရှိလဟိ၏သမီး အဇုဘအမည်ရှိ၏။