နောက်ဆုံးတွင် အာသမင်းကြီးသည် ဘိုးဘေးတို့နှင့်အတူအိပ်ပျော်၍ အဘီတော်ဒါဝိဒ်မြို့တွင် သူ့ကို ဘိုးဘေးတို့နှင့်အတူ သင်္ဂြိုဟ်ကြလေ၏။ သူ၏သားတော် ယောရှဖတ်သည် သူ့အရိုက်အရာကို ဆက်ခံ၏။
၃ ရာ 22:2 - မြန်မာ့စံမီသမ္မာကျမ်း သုံးနှစ်မြောက်တွင် ယုဒဘုရင်ယောရှဖတ်မင်းကြီးသည် အစ္စရေးဘုရင်ထံသို့ ရောက်လာ၏။ Common Language Bible သို့ရာတွင်တတိယနှစ်၌ယုဒဘုရင်ယော ရှဖတ်သည် ဣသရေလဘုရင်အာဟပ်ထံသို့ အလည်အပတ်ရောက်ရှိလာလေသည်။ Garrad Bible တ တိ ယ နှစ် တွင် ဣ သ ရေ လ ဘု ရင့် ထံ ယု ဒ ဘု ရင် ယော ရှ ဖတ် မင်း လာ ခိုက် Judson Bible တတိယနှစ်တွင်၊ ယုဒရှင်ဘုရင် ယောရှဖတ်သည် ဣသရေလရှင်ဘုရင်ထံသို့ လာ၏။ |
နောက်ဆုံးတွင် အာသမင်းကြီးသည် ဘိုးဘေးတို့နှင့်အတူအိပ်ပျော်၍ အဘီတော်ဒါဝိဒ်မြို့တွင် သူ့ကို ဘိုးဘေးတို့နှင့်အတူ သင်္ဂြိုဟ်ကြလေ၏။ သူ၏သားတော် ယောရှဖတ်သည် သူ့အရိုက်အရာကို ဆက်ခံ၏။
အစ္စရေးဘုရင်အာဟပ်မင်းကြီး နန်းစံလေးနှစ်တွင် ယုဒပြည်၌ အာသမင်းကြီး၏သားတော်ယောရှဖတ် နန်းတက်၏။
သူသည် အာဟပ်မင်းကြီး၏သမီးတော်ကို မိဖုရားမြှောက်ထား၍ အာဟပ်မင်းမျိုးမင်းနွယ်ကဲ့သို့ပင် အစ္စရေးဘုရင်တို့လျှောက်သောလမ်းအတိုင်း လိုက်လျှောက်ပြီး ထာဝရဘုရားရှေ့တော်တွင် မကောင်းမှုကို ပြုလေ၏။
အကြောင်းမူကား ယောနသည် ငါးကြီးဝမ်းထဲ၌ သုံးနေ့နှင့်သုံးညနေခဲ့ရသကဲ့သို့ လူ့သားသည်လည်း မြေကြီးအတွင်း၌ သုံးနေ့နှင့်သုံးညနေရလိမ့်မည်။
ထိုအချိန်မှစ၍ ယေရှုက မိမိသည် ဂျေရုဆလင်မြို့သို့သွား၍ သက်ကြီးဝါကြီးများ၊ ယဇ်ပုရောဟိတ်အကြီးအကဲများနှင့် ကျမ်းပြုဆရာများ၏လက်၌ ဒုက္ခဝေဒနာများစွာခံစားရပြီး အသေသတ်ခြင်းခံရကာ သုံးရက်မြောက်သောနေ့၌ ထမြောက်ရမည်ဖြစ်ကြောင်းကို တပည့်တော်တို့အား စတင်ဖော်ပြတော်မူ၏။