သို့သော် ရှင်ဘုရင်က သူ့အား “ထာဝရဘုရား၏နာမတော်ဖြင့် မှန်သောစကားကိုသာ ဟောပြောရန် သင့်အား ဘယ်နှကြိမ် ကျိန်ဆိုစေရမည်နည်း”ဟု မိန့်ဆို၏။
သို့ရာတွင်အာဟပ်က``ထာဝရဘုရား၏နာမ တော်ကိုအမှီပြု၍ ပြောဆိုရာတွင်သစ္စာစကား ကိုသာလျှင် သုံးစွဲရန်သင့်အားဘယ်နှစ်ကြိမ် ငါသတိပေးရပါမည်နည်း'' ဟုဆို၏။
ဘု ရင် မင်း က၊ ထာ ဝ ရ ဘု ရား၏ နာ မ တော် ကို ထောက် ၍ ဟုတ် မှန် ရာ မှ တစ် ပါး မည် သည် ကို မျှ မ ဟော စေ ရန် ဘယ် နှစ် ကြိမ် သ စ္စာ ဆို စေ ရ မည် နည်း ဟု မိန့် ဆို သည့် ကာ လ၊
ရှင်ဘုရင်ကလည်း၊ မှန်သောစကားမှတစ်ပါး အခြားသောစကားကို ထာဝရဘုရားအခွင့်နှင့် သင်သည် ငါ့အားမဟောမည်အကြောင်း၊ ငါသည် ဘယ်နှစ်ကြိမ်တိုင်အောင် သင့်အားအကျိန်ပေးရမည်နည်းဟု မေးသော်၊
ရှင်ဘုရင်ထံရောက်လာသောအခါ ရှင်ဘုရင်က သူ့အား “မိက္ခာယ၊ ရာမုတ်ဂိလဒ်မြို့ကို ငါတို့စစ်ချီ၍တိုက်ခိုက်ရမည်လော။ မတိုက်ဘဲ နေရမည်လော”ဟု မေးလျှင် သူက “စစ်ချီတော်မူပါ။ အောင်မြင်မှုရလိမ့်မည်။ ထာဝရဘုရားသည် ထိုမြို့ကို မင်းကြီးလက်သို့ အပ်တော်မူမည်”ဟု ပြန်လျှောက်၏။
ထိုအခါ မိက္ခာယက ရှင်ဘုရင်အား “အစ္စရေးလူမျိုးအပေါင်းတို့သည် သိုးထိန်းမရှိသောသိုးများကဲ့သို့ တောင်များပေါ်တွင် ကွဲလွင့်နေကြသည်ကို အကျွန်ုပ်တွေ့ပါ၏။ ထာဝရဘုရားကလည်း ‘ဤသူတို့၌ သခင်မရှိ။ သူတို့သည် ကိုယ့်အိမ်သို့အေးချမ်းစွာပြန်ကြပါစေ’ဟူ၍ မိန့်တော်မူပြီ”ဟု လျှောက်ပြန်၏။
သို့သော် ရှင်ဘုရင်က သူ့အား “ထာဝရဘုရား၏နာမတော်ဖြင့် မှန်သောစကားကိုသာ ဟောပြောရန် သင့်အား ဘယ်နှခါ ကျိန်ဆိုစေရမည်နည်း”ဟု မိန့်ဆို၏။
အိပ်မက်နိမိတ်ရသောပရောဖက်သည် သူ့အိပ်မက်ကို ဟောပါစေ။ နှုတ်ကပတ်တော်ကိုရသောသူသည် နှုတ်ကပတ်တော်ကို သစ္စာရှိစွာဟောပါစေ။ အဖျင်းနှင့်စပါး မည်သို့ဆိုင်သနည်း”ဟု ထာဝရဘုရားမိန့်တော်မူ၏။
ဇေဒကိမင်းကြီးသည် လူလွှတ်၍ ယေရမိကို နန်းတော်သို့ခေါ်လာစေပြီးလျှင် “ထာဝရဘုရားထံတော်မှ နှုတ်ကပတ်တော်ရောက်လာသေးသလော”ဟု လျှို့ဝှက်စွာမေးမြန်း၏။ ယေရမိက “နှုတ်ကပတ်တော်ရောက်လာပါ၏။ အရှင်မင်းကြီးသည် ဘေဘီလုံဘုရင်၏လက်ထဲသို့ရောက်ရလိမ့်မည်”ဟု ပြန်လျှောက်၏။
တစ်ဖန် ဇေဒကိမင်းကြီးသည် လူလွှတ်၍ ထာဝရဘုရားအိမ်တော် တတိယဝင်ပေါက်သို့ ပရောဖက်ယေရမိကို ခေါ်လာစေ၏။ ရှင်ဘုရင်က ယေရမိအား “သင့်ကိုငါမေးစရာရှိ၏။ ဘာမျှဖုံးကွယ်မထားနှင့်”ဟု မိန့်ဆို၏။
ဗာလမ်ကလည်း ဗာလက်မင်းကြီးအား “ယခု သင့်ထံသို့ငါရောက်လာပြီ။ သို့သော် ငါသည် တစ်စုံတစ်ရာ ပြောခွင့်ရှိသလော။ ငါ့နှုတ်၌ ဘုရားသခင်သွင်းပေးသည့်စကားကိုသာ ငါပြောရမည်”ဟု ပြန်ပြောလေ၏။
သို့သော် ယေရှုသည် တိတ်ဆိတ်စွာနေတော်မူ၏။ ယဇ်ပုရောဟိတ်မင်းကလည်း “သင်သည် ဘုရားသခင်၏သားတော် ခရစ်တော်ဟုတ်၊ မဟုတ် ငါတို့အားပြောရန် အသက်ရှင်တော်မူသောဘုရားသခင်၏နာမတော်ကိုတိုင်တည်၍ သင့်အား ငါအမိန့်ပေး၏”ဟု ဆို၏။
“အမြင့်ဆုံးသောဘုရားသခင်၏သားတော်ယေရှု၊ ကိုယ်တော်နှင့် အကျွန်ုပ်မည်သို့ဆိုင်သနည်း။ အကျွန်ုပ်ကိုမညှဉ်းဆဲပါရန် ဘုရားသခင်ကိုအမှီပြု၍ ကိုယ်တော်အား အကျွန်ုပ်အလေးအနက်တောင်းပန်ပါ၏”ဟု ကျယ်လောင်သောအသံဖြင့် အော်ဟစ်လျှောက်ထားလေ၏။
ထိုအခါ လှည့်လည်နေကြသော ဂျူးလူမျိုးပယောဂဆရာအချို့တို့သည် နတ်ဆိုးပူးသူများအပေါ်၌ သခင်ယေရှု၏နာမတော်ကို တိုင်တည်ခေါ်ဆိုရန် ကြံစည်အားထုတ်လျက် “ပေါလုဟောပြောသောယေရှုအားဖြင့် သင်တို့ကို အလေးအနက်ငါအမိန့်ပေး၏”ဟု ဆိုကြ၏။
ထိုအချိန်တွင် ယောရှုက “ဂျေရိခေါမြို့ရိုးကို ထ၍တည်ဆောက်သူသည် ထာဝရဘုရားထံမှ ကျိန်ခြင်းကို ခံရပါစေ။ မြို့ရိုးအုတ်မြစ်ကိုချလျှင် သားဦးသေပါစေ။ မြို့တံခါးကိုတည်လျှင် သားထွေးသေပါစေ”ဟု ကျိန်လေ၏။
ရှောလုမင်းကြီးက လူတို့အား “နေဝင်ချိန်အထိ ရန်သူတို့ကို လက်တုံ့ပြန်မပြီးမချင်း အစာစားသောသူသည် ကျိန်ခြင်းခံရမည်”ဟု ကျိန်ဆိုစေသဖြင့် မည်သူမျှ အစာမစားဝံ့။ ထို့ကြောင့် ထိုနေ့တွင် အစ္စရေးအမျိုးသားတို့သည် အလွန်ဒုက္ခရောက်ကြ၏။