အာဗြံကလည်း “ကြည့်ရှုလော့။ သင်၏ကျွန်မသည် သင့်လက်ထဲ၌ရှိ၏။ သင်အလိုရှိသည့်အတိုင်း သူ့ကိုပြုပါ”ဟု စာရဲအား ဆို၏။ ထိုအခါ စာရဲသည် ဟာဂရကိုနှိပ်စက်သဖြင့် သူသည် စာရဲထံမှထွက်ပြေးလေ၏။
၃ ရာ 21:2 - မြန်မာ့စံမီသမ္မာကျမ်း အာဟပ်မင်းကြီးက နာဗုတ်အား “သင့်စပျစ်ခြံသည် ငါ့နန်းတော်နှင့်နီးသောကြောင့် ဟင်းသီးဟင်းရွက်ခြံပြုလုပ်လိုသဖြင့် ငါ့ကို ပေးပါလော့။ ထိုခြံအစား ပိုကောင်းသောစပျစ်ခြံကို ပေးမည်။ သို့မဟုတ် တန်ဖိုးငွေကို သင်အလိုရှိလျှင် ငါပေးမည်”ဟု မိန့်ဆိုလျှင် Common Language Bible အာဟပ်သည်နာဗုတ်အား``သင်၏ဥယျာဉ် ကိုငါအလိုရှိသည်။ ထိုဥယျာဉ်သည်ငါ့နန်း တော်အနီးတွင်ရှိသဖြင့် ထိုမြေကိုယာခင်း ပြုလုပ်လိုသည်။ သင့်အားထိုဥယျာဉ်ထက် ပို၍ကောင်းသည့်စပျစ်ဥယျာဉ်ကိုငါပေး မည်။ သို့မဟုတ်သင်အလိုရှိလျှင်သင့်လျော် သောအဖိုးငွေကိုငါပေးမည်'' ဟုဆို၏။ Garrad Bible အာ ဟပ် မင်း က၊ သင့် ခြံ သည် နန်း တော် နှင့် နီး စပ် သော ကြောင့်၊ ယာ ခင်း တော် လုပ် ရန် ဆက် သ လော့။ သာ ၍ ကောင်း သော ခြံ ကို ဖြစ် စေ၊ တန် ဖိုး ကို ဖြစ် စေ၊ သင် အ လို ရှိ ရာ ပေး မည် ဟု နာ ဗုတ် အား ဆို လျှင် Judson Bible အာဟပ်မင်းက၊ သင့်စပျစ်ဥယျာဉ်သည် နန်းတော်နားမှာရှိသောကြောင့် ယာလုပ်စရာဖို့ပေးပါ။ သာ၍ကောင်းသော ဥယျာဉ်ကိုငါပေးမည်။ သို့မဟုတ် သင်အလိုရှိလျှင် အဖိုးကိုပေးမည်ဟု နာဗုတ်အားဆိုလျှင်၊ |
အာဗြံကလည်း “ကြည့်ရှုလော့။ သင်၏ကျွန်မသည် သင့်လက်ထဲ၌ရှိ၏။ သင်အလိုရှိသည့်အတိုင်း သူ့ကိုပြုပါ”ဟု စာရဲအား ဆို၏။ ထိုအခါ စာရဲသည် ဟာဂရကိုနှိပ်စက်သဖြင့် သူသည် စာရဲထံမှထွက်ပြေးလေ၏။
ထိုအပင်မှာ စားချင်စဖွယ်ကောင်း၍ အမြင်အားဖြင့်လည်းတင့်တယ်ပြီး ပညာတိုးပွားစေရန်လည်း နှစ်လိုဖွယ်ကောင်းသောအပင်ဖြစ်သည်ကို မိန်းမသည်မြင်လျှင် ထိုအပင်၏အသီးကို ဆွတ်ယူ၍စားလေ၏။ မိမိနှင့်အတူရှိသောခင်ပွန်းအားလည်းပေး၍ သူသည်လည်း စားလေ၏။
နာဗုတ်က အာဟပ်မင်းကြီးအား “ဤမြေသည် ဘိုးဘေးတို့ထံမှရထားသောအမွေမြေဖြစ်၏။ ထာဝရဘုရားတားမြစ်ထားသည်ဖြစ်၍ အရှင်မင်းကြီးအား ပေး၍မရပါ”ဟု ပြန်လျှောက်၏။
မင်းကြီးက “ငါသည် ယေဇရေလမြို့သားနာဗုတ်အား ‘သင့်စပျစ်ခြံကို ငါ့အား ငွေနှင့်ရောင်းပါ။ သို့မဟုတ် သင်အလိုရှိလျှင် ထိုခြံအစား စပျစ်ခြံတစ်ခုကိုပေးပါမည်’ဟု ဆိုသည်ကို သူက ‘အကျွန်ုပ်စပျစ်ခြံကို အရှင်မင်းကြီးအား မပေးနိုင်ပါ’ဟု ဆိုသည်”ဟု ပြန်ဖြေ၏။
ယုဒဘုရင်အာခဇိမင်းကြီးသည် ထိုအဖြစ်အပျက်ကိုမြင်လျှင် ဗက်ဟဂ္ဂန်လမ်းအတိုင်း ထွက်ပြေး၏။ ယေဟုကလည်း သူ့နောက်သို့လိုက်ကာ “သူ့ကိုလည်း ရထားပေါ်မှာပဲ ပစ်သတ်ပါ”ဟု အော်ပြော၏။ အာခဇိမင်းကြီးအား ဣဗလံမြို့အနီး ဂုရတောင်ကုန်းပေါ်တွင် လုပ်ကြံသော်လည်း သူသည် ထွက်ပြေး၍ မေဂိဒ္ဒေါမြို့သို့ရောက်မှ သေဆုံးလေ၏။
သင့်အိမ်နီးချင်း၏အိမ်ကိုမတပ်မက်ရ။ သင့်အိမ်နီးချင်း၏မယား၊ ကျွန်ယောက်ျားကျွန်မိန်းမ၊ နွား၊ မြည်းမှစ၍ သင့်အိမ်နီးချင်း၌ရှိသောအရာတစ်စုံတစ်ခုကိုမျှ မတပ်မက်ရ။”
ဥယျာဉ်များနှင့် သစ်သီးခြံများကိုလည်း ငါလုပ်၍ ထိုနေရာများတွင် သီးစားပင်အမျိုးမျိုးကို ငါစိုက်ပျိုး၏။
ဥယျာဉ်ထဲမှစမ်းချောင်း၊ စမ်းရေတွင်း၊ လက်ဘနွန်တောင်မှ စီးဆင်းလာသောရေ ဖြစ်၏။”
သင့်မျက်စိ၊ သင့်စိတ်နှလုံးထဲတွင်မူကား မတရားစီးပွားရှာခြင်း၊ အပြစ်မဲ့သောသူကိုသတ်ဖြတ်ခြင်း၊ ဖိနှိပ်ချုပ်ချယ်ခြင်း၊ နှိပ်စက်ခြင်းတို့သာရှိ၏။
ထို့နောက် လူတို့အား“လောဘလွန်ကျူးခြင်းအမျိုးမျိုးကို သတိပြု၍ရှောင်ကြဉ်ကြလော့။ အကြောင်းမူကား လူ၏အသက်သည် သူ၏ဥစ္စာပစ္စည်းကြွယ်ဝမှုအပေါ်၌တည်သည်မဟုတ်”ဟု မိန့်တော်မူ၏။
သင်တို့ဝင်ရောက်သိမ်းပိုက်ရမည့်ပြည်သည် အီဂျစ်ပြည်နှင့်မတူ။ သင်တို့ထွက်ခဲ့သောအီဂျစ်ပြည်၌ ဟင်းသီးဟင်းရွက်စိုက်ခင်းထဲသို့ ခြေဖြင့်ရေသွင်းရသကဲ့သို့ မျိုးစေ့ကြဲရာတွင် ရေသွင်း၍မျိုးကြဲရ၏။
သင့်အိမ်နီးချင်း၏မယားကိုမတပ်မက်ရ။ သင့်အိမ်နီးချင်း၏အိမ်၊ လယ်ယာ၊ ကျွန်ယောက်ျားကျွန်မိန်းမ၊ နွား၊ မြည်းမှစ၍ သင့်အိမ်နီးချင်း၌ရှိသောအရာတစ်စုံတစ်ခုကိုမျှ လိုချင်သောစိတ်မရှိရ။’
ချမ်းသာလိုသောသူတို့သည် ဖြားယောင်းသွေးဆောင်ရာထဲသို့လည်းကောင်း၊ ထောင်ချောက်ထဲသို့လည်းကောင်း၊ လူတို့ကို ပျက်စီးခြင်းနှင့်ဆုံးရှုံးခြင်းတွင် နစ်မွန်းစေတတ်သော မိုက်မဲ၍အန္တရာယ်ရှိသည့် တပ်မက်ခြင်းအမျိုးမျိုးထဲသို့လည်းကောင်း ကျရောက်တတ်ကြ၏။
ထို့ကြောင့် အာခိတ်မင်းကြီးက ဒါဝိဒ်ကိုခေါ်၍ “ထာဝရဘုရားအသက်ရှင်တော်မူသည်နှင့်အညီ စင်စစ် သင်သည် ဖြောင့်မှန်သောသူဖြစ်ပါ၏။ သင်သည် ငါ့ထံရောက်လာသောနေ့မှစ၍ ယနေ့တိုင်အောင် သင်၌အပြစ်တစ်စုံတစ်ရာမျှမတွေ့။ ထို့ကြောင့် ယနေ့ ငါနှင့်အတူ သင်တိုက်ပွဲဝင်ဖို့ ငါအလိုရှိသော်လည်း အခြားမင်းတို့မူကား အလိုမရှိကြ။
သင်တို့၏လယ်ယာများ၊ စပျစ်ခြံများ၊ သံလွင်ခြံများထဲမှ အကောင်းဆုံးသီးနှံများကို သိမ်းယူပြီး သူ၏အမှုထမ်းတို့အား ပေးလိမ့်မည်။
ဤသို့ “အကျွန်ုပ်တို့ကို စီရင်အုပ်ချုပ်ရန် ရှင်ဘုရင်တစ်ပါးကို တင်မြှောက်ပေးပါလော့”ဟု တောင်းဆိုကြသည်ကို ရှမွေလ ဘဝင်မကျပေ။ သို့ဖြစ်၍ ရှမွေလသည် ထာဝရဘုရားထံဆုတောင်းလေ၏။