ထို့ကြောင့် ထာဝရဘုရားသည် နာသန်ကို ဒါဝိဒ်မင်းကြီးထံစေလွှတ်၏။ နာသန်သည် ဒါဝိဒ်မင်းကြီးထံသို့ရောက်လျှင် “မြို့တစ်မြို့တွင် လူနှစ်ဦးရှိ၏။ တစ်ဦးမှာ ချမ်းသာ၍ တစ်ဦးမှာ ဆင်းရဲ၏။
၃ ရာ 21:18 - မြန်မာ့စံမီသမ္မာကျမ်း “ထလော့။ ရှမာရိမြို့ရှိ အစ္စရေးဘုရင်အာဟပ်မင်းကြီးကို သွားတွေ့လော့။ သူသည် နာဗုတ်၏စပျစ်ခြံကို သိမ်းယူရန် သွားလေပြီ။ Common Language Bible ``သင်သည်ရှမာရိမြို့ရှိအာဟပ်မင်းထံသို့သွား လော့။ သူသည်နာဗုတ်၏ဥယျာဉ်ကိုသိမ်းယူရန် ထိုဥယျာဉ်ထဲ၌ရှိနေသည်ကိုတွေ့လိမ့်မည်။- Garrad Bible ရှ မာ ရိ မြို့ နေ ဣ သ ရေ ဘု ရင် အာ ဟပ် မင်း ကို တွေ့ ဆုံ ရန် ထ သွား လော့။ သူ သည် နာ ဗုတ်၏ စ ပျစ် ခြံ ကို သိမ်း ယူ ရန် သွား ရောက် လေ ပြီ။ Judson Bible သင်သည် ရှမာရိမြို့၌နေသော ဣသရေလ ရှင်ဘုရင်အာဟပ်ကို ကြိုဆိုအံ့သောငှာ ထသွားလော့။ သူသည်နာဗုတ်၏စပျစ်ဥယျာဉ်ကို သိမ်းယူခြင်းငှာသွား၍ ယခုဥယျာဉ်၌ရှိ၏။ |
ထို့ကြောင့် ထာဝရဘုရားသည် နာသန်ကို ဒါဝိဒ်မင်းကြီးထံစေလွှတ်၏။ နာသန်သည် ဒါဝိဒ်မင်းကြီးထံသို့ရောက်လျှင် “မြို့တစ်မြို့တွင် လူနှစ်ဦးရှိ၏။ တစ်ဦးမှာ ချမ်းသာ၍ တစ်ဦးမှာ ဆင်းရဲ၏။
ဗေသလမြို့ရှိယဇ်ပလ္လင်၊ ရှမာရိမြို့ရွာရှိအထွတ်အမြတ်ထားရာကုန်းမြင့်မှဝတ်ကျောင်းများနှင့်ပတ်သက်၍ ထာဝရဘုရား၏စကားတော်အတိုင်း ထိုသူကြွေးကြော်ခဲ့သောအရာသည် အမှန်ဖြစ်လာလိမ့်မည်”ဟု မှာကြားလေ၏။
ယုဒဘုရင်အာသမင်းကြီး နန်းစံသုံးဆယ့်ရှစ်နှစ်တွင် ဩမရိမင်းကြီး၏သားတော်အာဟပ် နန်းတက်၏။ ဩမရိမင်းကြီး၏သားတော်အာဟပ်သည် ရှမာရိမြို့တွင် အစ္စရေးလူမျိုးတို့ကို နှစ်ဆယ့်နှစ်နှစ် အုပ်စိုး၏။
ယေဇရေလမြို့ရှိ ရှမာရိဘုရင်အာဟပ်မင်းကြီး၏နန်းတော်အနီးတွင် ယေဇရေလမြို့သားနာဗုတ်ပိုင်စပျစ်ခြံရှိ၏။
ထို့နောက် အာခဇိမင်းကြီးကို လိုက်ရှာရာ ရှမာရိမြို့၌ပုန်းနေစဉ် သူ့ကိုဖမ်းမိ၍ ယေဟုထံ ခေါ်ဆောင်လာရာ ယေဟုသည် သူ့ကိုကွပ်မျက်ပြီးလျှင် “သူသည် ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့ရှာသော ယောရှဖတ်မင်းကြီး၏မြေးတော်ဖြစ်သည်”ဟု ဆို၍ သူ့ကိုသင်္ဂြိုဟ်ပေးကြ၏။ အာခဇိမင်းကြီး၏အမျိုးအနွယ်တို့တွင် တိုင်းပြည်အုပ်ချုပ်နိုင်စွမ်းရှိသူ တစ်ယောက်မျှမရှိ။