ယေဇရေလမြို့ရှိ ရှမာရိဘုရင်အာဟပ်မင်းကြီး၏နန်းတော်အနီးတွင် ယေဇရေလမြို့သားနာဗုတ်ပိုင်စပျစ်ခြံရှိ၏။
၃ ရာ 21:16 - မြန်မာ့စံမီသမ္မာကျမ်း နာဗုတ်သေပြီဟု အာဟပ်မင်းကြီးကြားလျှင် ယေဇရေလမြို့သားနာဗုတ်၏စပျစ်ခြံကို သိမ်းယူရန် ထသွားလေ၏။ Common Language Bible အာဟပ်သည်လည်းထိုဥယျာဉ်ကိုသိမ်းယူ ရန်ချက်ချင်းထ၍သွားတော်မူ၏။ Garrad Bible နာ ဗုတ် သေ လွန် ကြောင်း အာ ဟပ် မင်း ကြား လျှင် ယေ ဇ ရေ လ မြို့ သား နာ ဗုတ်၏ စ ပျစ် ခြံ ကို သိမ်း ယူ ရန် ထ သွား လေ ၏။ Judson Bible နာဗုတ်သေကြောင်းကို အာဟပ်သည် ကြားလျှင်၊ ယေဇရေလမြို့ သားနာဗုတ်၏ စပျစ်ဥယျာဉ်ကို သိမ်းယူခြင်းငှာ ထသွား၏။ |
ယေဇရေလမြို့ရှိ ရှမာရိဘုရင်အာဟပ်မင်းကြီး၏နန်းတော်အနီးတွင် ယေဇရေလမြို့သားနာဗုတ်ပိုင်စပျစ်ခြံရှိ၏။
ထိုသို့ နာဗုတ်သည် ကျောက်ခဲနှင့်ပေါက်သတ်ခံရ၍ သေပြီဖြစ်ကြောင်းကို ယေဇဗေလကြားသိလျှင် အာဟပ်မင်းကြီးအား “နာဗုတ်အသက်မရှင်တော့ပါ။ သူသေပြီဖြစ်၍ သင် ငွေဖြင့်ဝယ်မည်ကို ရောင်းပေးရန်ငြင်းဆန်ခဲ့သော ယေဇရေလမြို့သားနာဗုတ်၏စပျစ်ခြံကို ထ၍သိမ်းယူတော်မူပါ”ဟု လျှောက်တင်၏။
တောင်ကုန်းပေါ်သို့ရောက်သောအခါ ဂေဟာဇိက ငယ်သားတို့ထံမှပစ္စည်းတို့ကိုယူပြီး အိမ်ထဲတွင်သိမ်းထားကာ သူတို့ကို ပြန်လွှတ်လိုက်သဖြင့် သူတို့လည်း ပြန်သွားကြ၏။
ထိုအခါ ယဟောရံမင်းကြီးက “အသင့်ပြင်ကြလော့”ဟု အမိန့်ပေးသဖြင့် သူ၏စစ်ရထားကို အသင့်ပြင်ပေးကြ၏။ ထိုအခါ အစ္စရေးဘုရင်ယဟောရံမင်းကြီးနှင့် ယုဒဘုရင်အာခဇိမင်းကြီးတို့သည် အသီးသီးစစ်ရထားစီး၍ ယေဟုနှင့် တွေ့ဆုံရန် ထွက်သွားရာ ယေဇရေလမြို့သားနာဗုတ်၏မြေကွက်တွင် ဆုံကြ၏။
သင်သည် သူခိုးနှင့်တွေ့သောအခါ သူ့ကိုလက်ခံ၏။ အိမ်ထောင်ရေးဖောက်ပြန်သောသူတို့နှင့်လည်း ပေါင်းသင်းဆက်ဆံ၏။
ဖြောင့်မတ်စွာအသက်ရှင်လျှောက်လှမ်း၍ ဟုတ်မှန်သောစကားကိုပြောသူ၊ ဖိနှိပ်ညှဉ်းပန်းခြင်းဖြင့်ရသောအကျိုးစီးပွားကိုငြင်းပယ်၍ တံစိုးလက်ဆောင်ကို လက်မခံဘဲ ငြင်းဆိုသူ၊ သတ်ဖြတ်မှုအကြောင်းကို မကြားမိအောင် နားပိတ်ထားသူ၊ မကောင်းသောအရာများကို မကြည့်မိအောင် မျက်စိပိတ်ထားသူ၊
ဤအရာများကိုပြုကျင့်သောသူတို့သည် သေဒဏ်ခံထိုက်၏ဟူသောဘုရားသခင်၏ပြဋ္ဌာန်းချက်ကို သူတို့သိလျက်နှင့်ပင် သူတို့ကိုယ်တိုင်ပြုကြသည်သာမက ထိုသို့ပြုကျင့်သောသူများကိုလည်း သဘောတူထောက်ခံကြ၏။
သူတို့သည် ဖြောင့်တန်းသောလမ်းကိုစွန့်ခွာ၍ လမ်းလွဲကာ မတရားမှုကြောင့်ရရှိသောအဖိုးအခကိုနှစ်သက်သည့် ဗော်သော်၏သား ဗာလမ်၏လမ်းစဉ်ကိုလိုက်ကြ၏။