ဆီးရီးယားဘုရင်ဗင်္ဟာဒဒ်မင်းကြီးသည် မိမိစစ်သည်အပေါင်းတို့ကို စုရုံး၍ ရှင်ဘုရင်သုံးဆယ့်နှစ်ပါးအပါအဝင် မြင်းတပ်၊ ရထားတပ်တို့ဖြင့် ချီတက်လာပြီး ရှမာရိမြို့ကို ဝိုင်းရံတိုက်ခိုက်လေ၏။
၃ ရာ 20:24 - မြန်မာ့စံမီသမ္မာကျမ်း ယခု ဤသို့ပြုပါလော့။ ရှင်ဘုရင်တို့ကို ချန်လှပ်ထားပြီး သူတို့အစား ဘုရင်ခံတို့ကို ခန့်ထားတော်မူပါ။ Common Language Bible ယခုသုံးကျိပ်နှစ်ပါးသောမင်းတို့အားမိမိ တို့တပ်များကိုမအုပ်ချုပ်စေတော့ဘဲ သူတို့ ၏နေရာတွင်စစ်ဗိုလ်မှူးများကိုအစားထိုး ၍ခန့်ထားတော်မူပါ။- Garrad Bible မင်း တို့ ကို ချန် လှပ်၍ သူ တို့ နေ ရာ၌ ဗိုလ် မှူး များ ကို တင် ထား တော် မူ လျက် Judson Bible မင်းကြီးအပေါင်းတို့ကိုလည်း ပယ်၍ သူတို့အရာ၌ ဗိုလ်ချုပ်တို့ကိုခန့်ထားတော်မူပါ။ |
ဆီးရီးယားဘုရင်ဗင်္ဟာဒဒ်မင်းကြီးသည် မိမိစစ်သည်အပေါင်းတို့ကို စုရုံး၍ ရှင်ဘုရင်သုံးဆယ့်နှစ်ပါးအပါအဝင် မြင်းတပ်၊ ရထားတပ်တို့ဖြင့် ချီတက်လာပြီး ရှမာရိမြို့ကို ဝိုင်းရံတိုက်ခိုက်လေ၏။
သူတို့သည် မွန်းတည့်ချိန်တွင် စစ်ချီလာကြ၏။ ထိုအချိန်တွင် ဗင်္ဟာဒဒ်မင်းကြီးနှင့် သူ့ကိုစစ်ကူပေးသောအခြားဘုရင်သုံးဆယ့်နှစ်ပါးတို့သည် တဲများ၌ စားသောက်မူးယစ်နေကြ၏။
ဆီးရီးယားဘုရင်၏အမှုထမ်းတို့က ရှင်ဘုရင်အား “သူတို့၏ဘုရားအများသည် တောင်ကိုပိုင်သောဘုရားဖြစ်သောကြောင့် အကျွန်ုပ်တို့ကိုနိုင်၏။ အကယ်၍ လွင်ပြင်၌တိုက်ကြမည်ဆိုလျှင် သူတို့ကို အကျွန်ုပ်တို့ အမှန်နိုင်လိမ့်မည်။
ဆုံးရှုံးသွားခဲ့သောအရာများအတွက် စစ်သည်အစားစစ်သည်၊ မြင်းအစားမြင်း၊ ရထားအစားရထား အစားထိုးဖြည့်ဆည်းပေးတော်မူပါ။ ပြီးလျှင် သူတို့နှင့် လွင်ပြင်တွင် တိုက်ခိုက်ပါမည်။ အကျွန်ုပ်တို့ အမှန်နိုင်ပါလိမ့်မည်”ဟု လျှောက်တင်လျှင် ရှင်ဘုရင်သည် သူတို့စကားကိုနားထောင်ပြီး ထိုအတိုင်းပြုပေး၏။
ဆီးရီးယားဘုရင်သည် မိမိ၏စစ်ရထားမှူးသုံးဆယ့်နှစ်ယောက်အား “အစ္စရေးဘုရင်မှလွဲ၍ အခြားကြီးကြီးငယ်ငယ်တစ်ယောက်ကိုမျှ မတိုက်ကြပါနှင့်”ဟု မိန့်မှာထား၏။
မည်သည့်ဉာဏ်ပညာ၊ ထိုးထွင်းဉာဏ်၊ အကြံဉာဏ်မျှ ထာဝရဘုရားကိုဆန့်ကျင်၍ မတည်နိုင်။