နယ်မြေခံစစ်သူကြီးတို့၏တပ်သားများသည် ရှေ့ဆုံးမှချီတက်လာကြ၏။ ဗင်္ဟာဒဒ်မင်းကြီးလည်း ကင်းထောက်တို့ကိုစေလွှတ်ရာ သူတို့က ရှင်ဘုရင်အား “ရှမာရိမြို့မှ လူများ ထွက်လာနေပါသည်”ဟု သတင်းပို့ကြ၏။
၃ ရာ 20:19 - မြန်မာ့စံမီသမ္မာကျမ်း နယ်မြေခံစစ်သူကြီးတို့၏တပ်သားများနှင့် သူတို့နောက်တွင် လိုက်ပါလာသောစစ်သည်တို့သည် မြို့ထဲမှ ထွက်လာကြပြီး Common Language Bible နယ်မြေတပ်မှူးတို့၏စစ်လုလင်များသည် ဣသရေလတပ်မတော်၏ရှေ့မှခေါင်း ဆောင်၍တိုက်ကြ၏။- Garrad Bible ထို သို့ အ ဝေး ဝန် တို့၏ အ စေ အ ပါ များ သည် နောက် ထပ် အ လုံး အ ရင်း နှင့် တ ကွ၊ Judson Bible ထိုသို့မြို့ဝန်များ၏ လုလင်တို့သည် လိုက်သောဗိုလ်ခြေနှင့်တကွ မြို့ထဲကထွက်၍၊ |
နယ်မြေခံစစ်သူကြီးတို့၏တပ်သားများသည် ရှေ့ဆုံးမှချီတက်လာကြ၏။ ဗင်္ဟာဒဒ်မင်းကြီးလည်း ကင်းထောက်တို့ကိုစေလွှတ်ရာ သူတို့က ရှင်ဘုရင်အား “ရှမာရိမြို့မှ လူများ ထွက်လာနေပါသည်”ဟု သတင်းပို့ကြ၏။
ထိုအခါ ဗင်္ဟာဒဒ်မင်းကြီးက “ငြိမ်းချမ်းရေးအတွက် လာသည်ဖြစ်စေ၊ စစ်တိုက်ဖို့အတွက် လာသည်ဖြစ်စေ သူတို့ကို အရှင်ဖမ်းဆီးထားကြ”ဟု အမိန့်ပေး၏။
ရန်သူတို့နှင့် တစ်ယောက်လျှင်တစ်ယောက်ချင်း တိုက်ခိုက်ကြရာ ဆီးရီးယားတပ်သားတို့ ထွက်ပြေးကြသဖြင့် အစ္စရေးတပ်သားတို့သည် သူတို့ကို လိုက်လံတိုက်ခိုက်ကြ၏။ ထိုစဉ် ဆီးရီးယားဘုရင်ဗင်္ဟာဒဒ်မင်းကြီးသည် မြင်းစီးသူရဲတို့နှင့်အတူ မြင်းစီးပြီးထွက်ပြေးလွတ်မြောက်သွား၏။
ထို့နောက် ယွာဘနှင့် သူ့တပ်သားတို့သည် စစ်တိုက်ရန်ရှေ့တိုးလာကြသောအခါ ဆီးရီးယားလူမျိုးတို့သည် သူတို့ရှေ့မှထွက်ပြေးကြ၏။