ငါ့နာမတော်အဖို့ အိမ်တော်ကို သူတည်ဆောက်ရလိမ့်မည်။ သူ့နိုင်ငံ၏ရာဇပလ္လင်ကို ငါအစဉ်တည်မြဲစေမည်။
၃ ရာ 2:45 - မြန်မာ့စံမီသမ္မာကျမ်း သို့သော် ငါရှောလမုန်မင်းကြီးသည် ကောင်းချီးခံစားရလိမ့်မည်။ ဒါဝိဒ်မင်းကြီး၏ရာဇပလ္လင်သည်လည်း ထာဝရဘုရားရှေ့တော်၌ အစဉ်အမြဲတည်လိမ့်မည်”ဟု မိန့်ဆို၏။ Common Language Bible ငါ့ကိုမူကားကောင်းချီးပေး၍ဒါဝိဒ်၏ နိုင်ငံတော်ကိုထာဝစဉ်တည်တံ့ခိုင်မြဲစေ တော်မူလိမ့်မည်'' ဟုမိန့်တော်မူ၏။ Garrad Bible ငါ ရှော လ မုန် မင်း မူ ကား ကောင်း ကြီး မင်္ဂ လာ ခံ စား ၍ ဒါ ဝိဒ် မင်း ရာ ဇ ပ လ္လင် တော် လည်း ထာ ဝ ရ ဘု ရား ရှေ့ တော် ၌ အ စဉ် အ မြဲ တည် လိမ့် မည် ဟု မိန့် ဆို ပြီး နောက် Judson Bible ရှောလမုန်မင်းကြီးသည် မင်္ဂလာရှိ၍ ဒါဝိဒ်၏ရာဇပလ္လင်တော်သည် ထာဝရဘုရားရှေ့တော်၌ အစဉ်အမြဲ တည်ပါစေသတည်းဟု မိန့်တော်မူပြီးလျှင်၊ |
ငါ့နာမတော်အဖို့ အိမ်တော်ကို သူတည်ဆောက်ရလိမ့်မည်။ သူ့နိုင်ငံ၏ရာဇပလ္လင်ကို ငါအစဉ်တည်မြဲစေမည်။
အကျွန်ုပ်ကို ခိုင်ခံ့စေ၍ ခမည်းတော်ဒါဝိဒ်မင်းကြီး၏ရာဇပလ္လင်တွင် စံမြန်းစေတော်မူပြီး ကတိထားတော်မူခဲ့သည့်အတိုင်း အကျွန်ုပ်အား နန်းမွေဆက်ခံစေတော်မူသောထာဝရဘုရား အသက်ရှင်တော်မူသည်နှင့်အညီ ယနေ့တွင် အဒေါနိယသေရမည်”ဟု ကျိန်ဆိုလေ၏။
ကိုယ်တော့်အစေအပါး၏အမျိုးအနွယ်သည် ရှေ့တော်တွင် အစဉ်အမြဲတည်နေမည့်အကြောင်း အလိုတော်ရှိ၍ ကောင်းချီးပေးတော်မူပြီ။ အို ထာဝရဘုရား၊ ကိုယ်တော်ကောင်းချီးပေးတော်မူသဖြင့် အစဉ်အမြဲကောင်းချီးခံစားရပါလိမ့်မည်”ဟု တောင်းလျှောက်လေ၏။
သူသည် ကိုယ်တော့်ထံမှ အသက်ရှင်ခြင်းကိုတောင်းလျှောက်ရာ ကိုယ်တော်သည် ကာလအစဉ်အသက်တာရှည်ခြင်းကို သူ့အားပေးတော်မူ၏။
ကိုယ်တော်သည် သူ့အား ကောင်းချီးမင်္ဂလာများကို ထာဝစဉ်ချပေး၍ ရှေ့တော်မှဝမ်းမြောက်ခြင်းဖြင့် သူ့ကိုဝမ်းသာအားရဖြစ်စေတော်မူ၏။
သူ၏နာမသည် အစဉ်အမြဲတည်ပါစေသော။ နေသည်တည်နေသရွေ့ သူ၏နာမသည် ဆက်၍တည်ပါစေသော။ လူတို့သည် သူ့အားဖြင့် ကောင်းချီးမင်္ဂလာခံစားရ၍ လူမျိုးအပေါင်းတို့သည် သူ့ကိုမင်္ဂလာရှိသူဟု ခေါ်ကြပါစေသော။
ရှင်ဘုရင်၏ရှေ့မှောက်မှ ဆိုးယုတ်သောသူကိုဖယ်ထုတ်လျှင် သူ၏ရာဇပလ္လင်သည် ဖြောင့်မတ်ခြင်း၌ တည်မြဲလိမ့်မည်။