ထို့နောက် သူသည် ထိုရှားပင်အောက်တွင် လဲလျောင်း၍အိပ်ပျော်သွားလေ၏။ ထိုစဉ် ကောင်းကင်တမန်တစ်ပါးက သူ့ကိုတို့ပြီး “ထ၍ စားပါ”ဟု ဆို၏။
သူသည်သစ်ပင်အောက်တွင်လှဲလျက်အိပ်ပျော် လေ၏။ ကောင်းကင်တမန်တစ်ပါးသည်သူ့ အားတို့ပြီးလျှင်``ထ၍စားလော့'' ဟုဆို၏။-
ထို အ ခါ စေ တ မန် တော် တစ် ပါး က၊ ထ စား လော့ ဟု တို့၍ ဆို သည့် အ တိုင်း
ရသမ်ပင်အောက်မှာ အိပ်ပျော်၏။ ထိုအခါ ကောင်းကင်တမန်က၊ ထ၍စားလော့ဟု သူ့ကိုတို့လျက်ဆို၏။
တောကန္တာရသို့ ခရီးဆက်လေ၏။ တစ်ရက်ကြာခရီးသွားပြီးလျှင် ရှားပင်တစ်ပင်အောက်တွင် ထိုင်လျက် “အို ထာဝရဘုရား၊ တန်ပါပြီ။ ယခု အကျွန်ုပ်အသက်ကို ရုပ်သိမ်းတော်မူပါ။ အကျွန်ုပ်သည် အကျွန်ုပ်ဘိုးဘေးတို့ထက် မြတ်သောသူမဟုတ်ပါ”ဟု မိမိအသက်သေဖို့ ဆုတောင်းလေ၏။
သူကြည့်လိုက်သောအခါ ခေါင်းရင်းနားတွင် ကင်ထားသောမုန့်တစ်ချပ်နှင့် ရေဘူးတစ်ဘူးကို တွေ့၏။ သူသည် စားသောက်ပြီး ပြန်၍အိပ်ပျော်သွားလေ၏။
ခြင်္သေ့ပျိုတို့သည် အစာချို့တဲ့၍ ဆာလောင်မွတ်သိပ်တတ်ကြ၏။ ထာဝရဘုရားကိုရှာသောသူတို့မူကား ကောင်းသောအရာတစ်စုံတစ်ခုမျှ ချို့တဲ့လိမ့်မည်မဟုတ်။
ထာဝရဘုရား၏ကောင်းကင်တမန်တို့သည် ကိုယ်တော်ကိုကြောက်ရွံ့သောသူတို့ပတ်လည်၌ တပ်ချ၍ သူတို့ကိုကယ်မကြ၏။
“ကြည့်ရှုလော့။ အမျက်တော်၏အဆုံး၌ဖြစ်ပျက်မည့်အရာကို သင့်အား ငါသိမြင်စေမည်။ ဤအဖြစ်အပျက်သည် သတ်မှတ်ထားသောနောက်ဆုံးအချိန်တွင် ဖြစ်လာလိမ့်မည်။
ထိုသို့ ငါမြွက်ဆိုဆုတောင်းနေစဉ် ယခင် ဗျာဒိတ်နိမိတ်တွင် ငါတွေ့မြင်ခဲ့ရသော ဂါဗြေလသည် အလျင်အမြန်ပျံသန်းလာ၍ ညနေပူဇော်သက္ကာအချိန်တွင် ငါ့ထံရောက်လာ၏။
ငါနှင့်စကားပြောခဲ့သောကောင်းကင်တမန်သည် ပြန်လာ၍ အိပ်ပျော်နေသူကို လှုပ်နှိုးသကဲ့သို့ ငါ့ကို နှိုးပြီးလျှင်
ထိုစဉ် ထာဝရဘုရား၏ကောင်းကင်တမန်သည် ရုတ်တရက်ပေါ်လာသဖြင့် ထောင်ခန်းထဲ၌ အလင်းရောင်ထွန်းလင်းလေ၏။ ကောင်းကင်တမန်သည် ပေတရု၏နံဘေးကိုပုတ်လျက် သူ့ကိုနှိုးကာ “မြန်မြန်ထလော့”ဟု ဆိုလေ၏။ ထိုအခါ သံကြိုးများသည် သူ၏လက်မှ ကျွတ်ကျသွားလေ၏။
ကောင်းကင်တမန်အားလုံးတို့သည် ကယ်တင်ခြင်းကိုအမွေဆက်ခံမည့်သူများ၏အမှုကိုဆောင်ရွက်ရန် စေလွှတ်ခြင်းခံရသည့် အစေခံဝိညာဉ်များဖြစ်ကြသည်မဟုတ်လော။
အသက်ရှင်နေထိုင်မှုတွင် ငွေကိုတပ်မက်ခြင်းမရှိဘဲ မိမိ၌ရှိသောအရာနှင့် ရောင့်ရဲကြလော့။ အကြောင်းမူကား “ငါသည် မည်သည့်အခါမျှ သင့်ကိုစွန့်ခွာမည်မဟုတ်။ မည်သည့်အခါမျှ သင့်ကိုပစ်ပယ်မည်မဟုတ်”ဟု ကိုယ်တော်မိန့်တော်မူ၏။