တစ်ပြည်လုံးအနှံ့သွားကြည့်ရန် ကိုယ်သွားရမည့်နေရာကိုခွဲဝေပြီး အာဟပ်မင်းကြီးနှင့်ဩဗဒိတို့ တစ်ယောက်တစ်လမ်းစီ ထွက်သွားကြ၏။
သူတို့နှစ်ဦးသွားရောက်ကြည့်ရမည့်အရပ် များကိုသဘောတူကြပြီးလျှင် တစ်ယောက် တစ်လမ်းစီထွက်သွားကြ၏။
ပြည် လုံး နှံ ခ ရီး တာ ဝေ လျက် အာ ဟပ် မင်း နှင့် သြ ဗ ဒိ တို့ တစ် လမ်း စီ သွား ကြ ကုန်၏။
သူတို့သည် တစ်ပြည်လုံးကို နှံ့ပြားအောင်ဝေဖန်၍၊ အာဟပ်နှင့် ဩဗဒိသည် လမ်းတခြားစီ ထွက်သွားကြ၏။
အာဟပ်မင်းကြီးက ဩဗဒိအား “မြင်းနှင့်လားတို့အသက်ရှင်နိုင်ရန် မြက်ပင်ရလိုရငြား တိုင်းပြည်အနှံ့ရှိ စမ်းချောင်းပေါက်ရာနေရာ၊ မြစ်ချောင်းစီးရာနေရာရှိသမျှသို့ သွားကြည့်လော့။ သို့မဟုတ်လျှင် တိရစ္ဆာန်အချို့ကို ငါတို့သတ်ပစ်ရလိမ့်မည်”ဟု ဆို၏။
ဩဗဒိထွက်သွားစဉ် လမ်းတွင် ဧလိယနှင့်ဆုံ၏။ သူသည် ဧလိယကို မှတ်မိသဖြင့် သူ့ရှေ့တွင်ပျပ်ဝပ်ကာ “အကျွန်ုပ်၏အရှင် ဧလိယပါတကား”ဟု ဆို၏။
မှူးမတ်တို့က ငယ်သားများအား ရေခပ်စေ၍ သူတို့သည် ရေတွင်းသို့ရောက်သောအခါ ရေမတွေ့ရလျှင် စိတ်ပျက်လျက် ရှက်ရှက်နှင့် မျက်နှာဖုံးလျက် အိုးချည်းသက်သက်ဖြင့် ပြန်လာကြရ၏။