ယခုမှာ အစ္စရေးလူမျိုးအပေါင်းတို့နှင့်တကွ ယေဇဗေလစားပွဲ၌စားသော ဗာလဘုရား၏ပရောဖက်လေးရာ့ငါးဆယ်နှင့် အာရှရနတ်ဘုရားမတံခွန်တိုင်၏ပရောဖက်လေးရာတို့ကို ဆင့်ခေါ်၍ ငါရှိရာကရမေလတောင်ပေါ်တွင် စုဝေးစေလော့”ဟု ဆို၏။
၃ ရာ 18:20 - မြန်မာ့စံမီသမ္မာကျမ်း အာဟပ်မင်းကြီးသည် အစ္စရေးအမျိုးသားအပေါင်းတို့ကို လူလွှတ်ခေါ်စေပြီး ပရောဖက်တို့ကို ကရမေလတောင်ပေါ်တွင် စုဝေးစေ၏။ Common Language Bible သို့ဖြစ်၍အာဟပ်သည်ဣသရေလအမျိုး သားအပေါင်းနှင့် ဗာလပရောဖက်တို့ကို ကရမေလတောင်ထိပ်သို့စုရုံးစေတော်မူ၏။- Garrad Bible အာ ဟပ် မင်း သည် ဣ သ ရေ လ အ မျိုး သား အ ပေါင်း တို့ ကို ခေါ် စေ၍ ပ ရော ဖက် တို့ ပါ က ရ မေ လ တောင်၌ စု ဝေး စေ သည့် ကာ လ Judson Bible အာဟပ်သည် ဣသရေလအမျိုးသားအပေါင်းတို့ရှိရာသို့ စေလွှတ်၍၊ ပရောဖက်တို့ကို ကရမေလတောင်ပေါ်မှ စုဝေးစေ၏။ |
ယခုမှာ အစ္စရေးလူမျိုးအပေါင်းတို့နှင့်တကွ ယေဇဗေလစားပွဲ၌စားသော ဗာလဘုရား၏ပရောဖက်လေးရာ့ငါးဆယ်နှင့် အာရှရနတ်ဘုရားမတံခွန်တိုင်၏ပရောဖက်လေးရာတို့ကို ဆင့်ခေါ်၍ ငါရှိရာကရမေလတောင်ပေါ်တွင် စုဝေးစေလော့”ဟု ဆို၏။
ဧလိယသည် လူအပေါင်းတို့ထံသို့သွားပြီး “သင်တို့သည် ခံယူချက်နှစ်ခုကြား မည်မျှကြာအောင် ဇဝေဇဝါဖြစ်နေမည်နည်း။ ထာဝရဘုရားသည် ဘုရားသခင်မှန်လျှင် ထာဝရဘုရားနောက်သို့လိုက်လော့။ ဗာလသည် ဘုရားသခင်မှန်လျှင် သူ့နောက်လိုက်လော့”ဟု ဆို၏။ လူတို့သည် တစ်ခွန်းမျှ မတုံ့ပြန်ကြ။
အာဟပ်မင်းကြီးလည်း တက်သွား၍စားသောက်လေ၏။ ဧလိယမူကား ကရမေလတောင်ထိပ်သို့ တက်သွားပြီး မြေပေါ်၌ဒူးထောက်လျက် ဒူးနှစ်လုံးကြား၌ မျက်နှာကိုအပ်ထားလေ၏။
ထိုအခါ အစ္စရေးဘုရင်သည် ပရောဖက်လေးရာခန့်ကိုစုရုံးစေပြီးလျှင် သူတို့အား “ရာမုတ်ဂိလဒ်မြို့ကို စစ်ချီ၍တိုက်ခိုက်ရမည်လော။ မတိုက်ဘဲနေရမည်လော”ဟု မေးလျှင် သူတို့က “စစ်ချီတော်မူပါ။ ဘုရားရှင်သည် ထိုမြို့ကို မင်းကြီးလက်သို့ အပ်တော်မူမည်”ဟု ဆင့်ဆိုကြ၏။
ထိုအခါ အစ္စရေးဘုရင်သည် မှူးမတ်တစ်ဦးကိုခေါ်ပြီး “ဣမလ၏သားမိက္ခာယကို အမြန်ခေါ်ခဲ့ပါ”ဟု မိန့်ဆို၏။
ဧလိရှဲသည် ထိုမြို့မှ ကရမေလတောင်ပေါ်သို့ တက်သွားပြီး ထိုနေရာမှ ရှမာရိမြို့သို့ ပြန်လာ၏။
ရှမာရိပရောဖက်တို့တွင် ရွံရှာဖွယ်အမှုကို ငါတွေ့၏။ သူတို့သည် ဗာလဘုရားကိုအမှီပြု၍ ပရောဖက်ပြုဟောပြောခြင်းဖြင့် ငါ့လူမျိုးတော်ကို လမ်းလွဲစေပြီ။