ယခုမှာ အရှင်က သင့်သခင်ထံသွား၍ ‘ဧလိယနှင့်တွေ့ပါပြီ’ဟု လျှောက်စေပါသည်တကား။
ယခုအရှင်သည်အကျွန်ုပ်အားအာဟပ်မင်း ထံသို့သွား၍ ဤအရပ်တွင်အရှင်ရှိနေ ကြောင်းလျှောက်ထားစေပါ၏။-
ယ ခု မှာ မူ ကိုယ် တော် က၊ သင့် သ ခင့် ထံ သွား၍ ဧ လိ ယ ရှိ ကြောင်း ကြား ပြော လော့ ဟု မိန့် တော် မူ သည့် အ လျောက်
ယခုမူကား၊ ဧလိယသည် ဤမည်သောအရပ်၌ရှိပါ၏ဟု သင့်သခင်ထံသို့သွား၍ လျှောက်လော့ဟု မိန့်တော်မူပါသည်တကား။
အရှင်၏ဘုရားသခင်ထာဝရဘုရား အသက်ရှင်တော်မူသည်နှင့်အညီ အရှင့်ကိုရှာဖွေရန် အကျွန်ုပ်သခင်သည် နိုင်ငံတိုင်း၊ လူမျိုးတိုင်းထံသို့ အကျွန်ုပ်ကို စေလွှတ်ခဲ့ပါသည်။ ‘ဤနေရာတွင် ဧလိယမရှိပါ’ဟု လျှောက်တင်သောနိုင်ငံနှင့် လူမျိုးအား အရှင့်ကိုမတွေ့ကြောင်း ကျိန်ဆိုစေခဲ့ပါ၏။
အကျွန်ုပ်ထွက်သွားသည်နှင့် ထာဝရဘုရား၏ဝိညာဉ်တော်က အရှင့်ကို အကျွန်ုပ်မသိနိုင်သောနေရာသို့ ဆောင်ယူသွားလျှင် အကျွန်ုပ်သည် အာဟပ်မင်းကြီးကို သွားလျှောက်တင်ပြီးမှ အရှင့်ကို မတွေ့သောအခါ အကျွန်ုပ်ကို သူသတ်ပါလိမ့်မည်။ အရှင့်အစေအပါးအကျွန်ုပ်သည် ငယ်ရွယ်စဉ်မှစ၍ ထာဝရဘုရားကို ကြောက်ရွံ့ရိုသေသူဖြစ်ပါ၏။
ယခုမှာ အရှင်က ‘သင့်သခင်ထံသွား၍ ဤအရပ်၌ ဧလိယရှိ၏’ဟု လျှောက်စေသဖြင့် အကျွန်ုပ်သွားလျှောက်လျှင် အကျွန်ုပ်ကို သူသတ်ပါလိမ့်မည်”ဟု ဆို၏။
ဧလိယကလည်း “ငါပင်ဖြစ်၏။ သင့်သခင်ထံသွား၍ ‘ဤအရပ်၌ ဧလိယရှိ၏’ဟူ၍ လျှောက်တင်လော့”ဟု သူ့အား ဆို၏။