၃ ရာ 17:3 - မြန်မာ့စံမီသမ္မာကျမ်း “ဤအရပ်မှထွက်၍ အရှေ့ဘက်သို့ သွားလော့။ ဂျော်ဒန်မြစ်အရှေ့ဘက် ခေရိတ်ချောင်းနားတွင် ပုန်းရှောင်၍ Common Language Bible ``ဤမြို့မှထွက်ခွာကာအရှေ့အရပ်သို့သွား ပြီးလျှင် ယော်ဒန်မြစ်အရှေ့ဘက်ရှိခေရိတ် ချောင်းအနီးတွင်ပုန်းအောင်းလော့။- Garrad Bible ဤ အ ရပ် မှ အ ရှေ့ သို့ သွား ၍ ယော် ဒန် မြစ် တစ် ဘက်၊ ခေ ရိတ် ချောင်း အ နီး၊ ပုန်း နေ လျက်၊ Judson Bible သင်သည် ဤအရပ်မှ ထွက်သွားလော့။ အရှေ့သို့ပြောင်း၍ ယော်ဒန်မြစ်တစ်ဖက်၊ ခေရိတ်ချောင်းနားမှာ ပုန်းရှောင်၍နေလော့။ |
ထိုချောင်းရေကို သောက်ရမည်။ ထိုနေရာတွင် သင့်ကိုကျွေးမွေးရန် ကျီးအတို့ကို ငါမှာထားပြီ”ဟု မိန့်ဆို၏။
မိက္ခာယကလည်း “ကြည့်ပါ။ အခန်းထဲ သင်ဝင်ပုန်းနေရသောနေ့ရောက်သောအခါ သိမြင်ရလိမ့်မည်”ဟု ပြန်ပြော၏။
ကိုယ်တော်သည် သူတို့ကို လူတို့၏လျှို့ဝှက်ကြံစည်မှုများမှကင်းလွတ်စေရန် ရှေ့တော်ရှိကွယ်ကာရာအရပ်၌ ဖုံးကွယ်ထားတော်မူ၏။ ခိုက်ရန်ဖြစ်ပွားတတ်သောလျှာများနှင့်ကင်းဝေးစေရန် သူတို့ကိုယာယီတဲ၌ဝှက်ထားတော်မူ၏။
သူတို့သည် ကိုယ်တော်၏လူမျိုးတော်အပေါ် ဉာဏ်နီဉာဏ်နက်ထုတ်၍ ကိုယ်တော်ကာကွယ်ထားသောသူတို့အပေါ် လျှို့ဝှက်ကြံစည်ကြပါ၏။
အကြီးအကဲတို့က ဗာရုတ်အား “သင်နှင့်ယေရမိ သွား၍ပုန်းရှောင်နေလော့။ သင်တို့ရှိသည့်နေရာကို မည်သူမျှမသိစေနှင့်”ဟု ဆိုကြ၏။
ရှင်ဘုရင်သည် သားတော်ယေရမေလ၊ အာဇရေလ၏သားစရာယနှင့် အာဗဒေလ၏သားရှေလမိတို့အား စာရေးတော်ကြီးဗာရုတ်နှင့်ပရောဖက်ယေရမိတို့ကို ဖမ်းဆီးရန် အမိန့်ပေး၏။ သို့သော် ထာဝရဘုရားသည် သူတို့ကို ဝှက်ထားတော်မူ၏။
ထိုအခါ ဂျူးလူမျိုးတို့သည် ကိုယ်တော်ကိုပေါက်ရန် ကျောက်ခဲတို့ကိုကောက်ယူကြ၏။ သို့သော် ယေရှုသည် တိမ်းရှောင်၍ဗိမာန်တော်မှ ထွက်ခွာသွားတော်မူ၏။
ထိုအခါ ညီအစ်ကိုတို့သည် ပေါလုကို ချက်ချင်းပို့ဆောင်လျက် ပင်လယ်ကမ်းခြေအထိသွားစေကြ၏။ သိလနှင့်တိမောသေတို့မူကား ထိုမြို့၌နေရစ်ကြ၏။
ဤလောကသည် ထိုသူတို့နှင့်မထိုက်တန်ချေ။ သူတို့သည် တောကန္တာရများ၊ တောင်တန်းများ၊ လိုဏ်ဂူများနှင့် မြေတွင်းများတွင် လှည့်လည်နေထိုင်ကြရ၏။
သို့သော် ထိုအမျိုးသမီးသည် တောကန္တာရထဲရှိ မိမိ၏နေရာအရပ်သို့ ပျံသန်းသွားနိုင်ရန် ကြီးမားသောလင်းယုန်၏အတောင်နှစ်ခုကိုရရှိ၏။ သူသည် ထိုအရပ်တွင် မြွေ၏ရှေ့မှောက်မှလွတ်၍ တစ်ကာလ၊ နှစ်ကာလနှင့် ကာလတစ်ဝက်အတွင်း ပြုစုစောင့်ရှောက်ခြင်းကိုခံရ၏။
ထိုအမျိုးသမီးသည်လည်း တောကန္တာရထဲသို့ ထွက်ပြေးလေ၏။ ထိုအရပ်၌ ရက်ပေါင်းတစ်ထောင့်နှစ်ရာခြောက်ဆယ်တိုင်တိုင် သူ့ကိုကြည့်ရှုစောင့်ရှောက်ရန် ဘုရားသခင်ပြင်ဆင်ထားတော်မူသော နေရာတစ်နေရာရှိ၏။