ထိုအခါ အာဗြံသည် မိမိအား ထာဝရဘုရားမိန့်တော်မူသည့်အတိုင်း ထွက်ခွာလေ၏။ လောတသည်လည်း သူနှင့်အတူလိုက်သွား၏။ အာဗြံသည် ဟာရန်မြို့မှထွက်လာသောအခါ အသက်ခုနစ်ဆယ့်ငါးနှစ်ရှိ၏။
၃ ရာ 17:15 - မြန်မာ့စံမီသမ္မာကျမ်း ထိုမုဆိုးမလည်း ဧလိယဆိုသည့်အတိုင်း သွား၍ပြုလေ၏။ ဧလိယအပါအဝင် ထိုအမျိုးသမီးနှင့် သူ၏အိမ်သားတို့သည် ရက်ပေါင်းများစွာ စားရကြ၏။ Common Language Bible မုဆိုးမသည်ဧလိယပြောသည့်အတိုင်းပြု သဖြင့် သူတို့အားလုံးပင်ရက်ပေါင်းများစွာ စားရန်အတွက် အစားအစာကိုအလုံ အလောက်ရရှိကြလေသည်။- Garrad Bible ဧ လိ ယ စ ကား အ တိုင်း သွား၍ လုပ် ပြီး နောက် ဧ လိ ယ နှင့် သား အ မိ တို့ ပါ ကာ လ ရှည် ကြာ စွာ စား ရ၍ Judson Bible ထိုမုဆိုးမသည်သွား၍ ဧလိယစကားအတိုင်း ပြုသဖြင့်၊ ဧလိယနှင့်တကွ ကိုယ်တိုင်မှစ၍၊ အိမ်သားတို့သည် အင်တန်ကာလပတ်လုံးစားရကြ၏။ |
ထိုအခါ အာဗြံသည် မိမိအား ထာဝရဘုရားမိန့်တော်မူသည့်အတိုင်း ထွက်ခွာလေ၏။ လောတသည်လည်း သူနှင့်အတူလိုက်သွား၏။ အာဗြံသည် ဟာရန်မြို့မှထွက်လာသောအခါ အသက်ခုနစ်ဆယ့်ငါးနှစ်ရှိ၏။
အာဗြဟံသည် နံနက်စောစောထ၍ မြည်းပေါ်ကုန်းနှီးတင်ပြီးလျှင် သူ၏ငယ်သားနှစ်ယောက်နှင့်သူ၏သားဣဇက်ကို မိမိနှင့်အတူခေါ်၍ မီးရှို့ရာယဇ်အတွက်ထင်းကိုခွဲပြီးမှ ထ၍ မိမိအားဘုရားသခင်မိန့်တော်မူသောအရပ်သို့ သွားလေ၏။
နောဧသည် ထိုသို့ပြု၏။ မိမိအားဘုရားသခင်မိန့်မှာတော်မူသမျှအတိုင်း ပြုလေ၏။
အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရားက ‘ငါထာဝရဘုရားသည် မြေပေါ်၌ မိုးရွာစေမည့်အချိန်မရောက်မချင်း အိုးထဲမှမုန့်ညက် မကုန်၊ ဘူးထဲမှဆီ မလျော့ရ’ဟူ၍ မိန့်တော်မူနှင့်ပြီ”ဟု ဆို၏။
ဧလိယအား ထာဝရဘုရားမိန့်ဆိုထားသည့်စကားအတိုင်း အိုးထဲမှမုန့်ညက် မကုန်၊ ဘူးထဲမှဆီ မလျော့ဘဲ ရှိလေ၏။
ထို့ကြောင့် သူသည် ဧလိရှဲထံမှပြန်သွား၍ သားတို့နှင့်အတူ တံခါးကိုအထဲမှပိတ်ကာ သူ့ထံယူလာပေးသောအိုးများထဲသို့ ဆီများကိုလောင်းထည့်၏။
သူတို့သည် နောက်တစ်နေ့မနက်စောစောထပြီး တေကောတောကန္တာရဘက်သို့ ချီသွားကြ၏။ ထိုသို့ သူတို့ထွက်သွားချိန်တွင် ယောရှဖတ်မင်းကြီးသည် ရပ်လျက် “ယုဒပြည်သူ ဂျေရုဆလင်မြို့သားတို့၊ နားထောင်ကြပါလော့။ သင်တို့၏ဘုရားသခင်ထာဝရဘုရားကို ယုံကြည်ကြလော့။ သို့မှ သင်တို့ခံရပ်နိုင်မည်။ ကိုယ်တော်၏ပရောဖက်တို့ကိုလည်း ယုံကြည်ကြလော့။ သို့မှ သင်တို့ အောင်နိုင်မည်”ဟု မိန့်မှာ၏။
ထိုအခါ ယေရှုက“အို အမျိုးသမီး၊ သင်၏ယုံကြည်ခြင်းသည် ကြီးမားလှပေ၏။ သင်အလိုရှိသည့်အတိုင်း သင်၌ဖြစ်စေ”ဟု မိန့်တော်မူရာ သူ၏သမီးသည် ထိုအချိန်နာရီမှစ၍ ကျန်းမာလာလေ၏။
ထိုအခါ ကိုယ်တော်သည် တပည့်တော်တို့ကိုခေါ်၍“သင်တို့အား ငါအမှန်ဆိုသည်ကား ဤဆင်းရဲသောမုဆိုးမသည် အလှူခံသေတ္တာထဲသို့ ထည့်သောသူအားလုံးထက် ပို၍ထည့်လေပြီ။
ယေရှုကလည်း“သင်ယုံကြည်လျှင် ဘုရားသခင်၏ဘုန်းတော်ကိုမြင်ရလိမ့်မည်ဟူ၍ သင့်အား ငါပြောခဲ့ပြီမဟုတ်လော”ဟု မိန့်တော်မူ၏။
အာဗြဟံသည် စမ်းသပ်စစ်ဆေးခြင်းကိုခံရသောအခါ ယုံကြည်ခြင်းအားဖြင့် ဣဇက်ကိုပူဇော်၏။ ကတိတော်များကိုရရှိထားသောသူသည် တစ်ဦးတည်းသောသားကိုပူဇော်ရန်ပြင်ဆင်၏။