ဧလိယက “အစ္စရေးလူမျိုးကို ဒုက္ခပေးသူမှာ ငါမဟုတ်။ ထာဝရဘုရား၏ပညတ်ချက်တို့ကို စွန့်ပယ်ပြီး ဗာလဘုရားနောက်သို့လိုက်သော သင်နှင့်သင့်ဘိုးဘေးတို့၏အမျိုးအနွယ်များပင် ဖြစ်၏။
၃ ရာ 16:32 - မြန်မာ့စံမီသမ္မာကျမ်း ရှမာရိမြို့၌တည်ထားသောဗာလဘုရားဝတ်ကျောင်းတွင် ဗာလဘုရားအဖို့ ယဇ်ပလ္လင်ကိုလည်း တည်၏။ Common Language Bible သူသည်ရှမာရိမြို့တွင်ဗာလဘုရားအတွက် ဗိမာန်တော်ကိုတည်ဆောက်ကာထိုဗိမာန်တွင် ယဇ်ပလ္လင်ကိုတည်၏။- Garrad Bible ရှ မာ ရိ မြို့ တွင် ကိုယ် တိုင် တည် ဆောက် သော ဗာ လ ၏ ဗိ မာန်၌ ဗာ လ အ ဖို့ ပူ ဇော် ရာ ပ လ္လင် ကို တည် ၏။ Judson Bible ရှမာရိမြို့တွင် ဗာလဘုရား၏ဗိမာန်၌ ဗာလဘုရားအဖို့ ယဇ်ပလ္လင်ကိုတည်၏။ |
ဧလိယက “အစ္စရေးလူမျိုးကို ဒုက္ခပေးသူမှာ ငါမဟုတ်။ ထာဝရဘုရား၏ပညတ်ချက်တို့ကို စွန့်ပယ်ပြီး ဗာလဘုရားနောက်သို့လိုက်သော သင်နှင့်သင့်ဘိုးဘေးတို့၏အမျိုးအနွယ်များပင် ဖြစ်၏။
ထို့နောက် ယေဟုသည် လူအပေါင်းတို့ကို စုရုံးပြီး “အာဟပ်မင်းကြီးသည် ဗာလဘုရားကို ပေါ့ပေါ့သာ ဝတ်ပြု၏။ ယေဟုမူကား အလေးအနက်ဝတ်ပြုမည်။
ယေဟုသည် အစ္စရေးပြည်တစ်ပြည်လုံးသို့ လူကိုစေလွှတ်၍ကြေညာစေသဖြင့် ဗာလဘုရားကို ဝတ်ပြုသူအားလုံး တစ်ယောက်မကျန်ရောက်လာကြ၍ ဗာလဝတ်ကျောင်းတစ်ခုလုံး ထိပ်ဆုံးမှနောက်ဆုံးအထိ လူတို့ဖြင့်ပြည့်လျှံနေလေ၏။
သူသည် ထာဝရဘုရားရှေ့တော်၌ မကောင်းမှုကိုပြု၏။ သို့သော် ခမည်းတော်၊ မယ်တော်တို့ကဲ့သို့ မဟုတ်။ အကြောင်းမူကား သူသည် ခမည်းတော်တည်ခဲ့သောဗာလဘုရားကျောက်တိုင်ကို ဖယ်ရှားပစ်၏။