သင်မူကား သင့်ရှေ့ကလူအပေါင်းတို့ထက် ဆိုးညစ်မှုများကို ပြုလေပြီ။ သင်သည် ငါ့ကိုကျောခိုင်းပြီး အခြားဘုရားများ၊ ရုပ်တုများကို ပြုလုပ်ကာ ငါ့ကိုအမျက်ထွက်စေပြီ။
၃ ရာ 16:30 - မြန်မာ့စံမီသမ္မာကျမ်း ဩမရိမင်းကြီး၏သားတော်အာဟပ်မင်းကြီးသည် ထာဝရဘုရားရှေ့တော်တွင် မိမိအလျင်ရှိခဲ့သောမင်းအပေါင်းတို့ထက် မကောင်းမှုကိုသာ၍ပြု၏။ Common Language Bible သူသည်မိမိ၏နောင်တော့်နောင်တော်ဘုရင် အပေါင်းတို့ထက် ပိုမိုဆိုးရွားစွာထာဝရ ဘုရားအားပြစ်မှားလေသည်။- Garrad Bible သြ မ ရိ မင်း သား တော် အာ ဟပ် မင်း သည် အ ရင် ဖြစ် ခဲ့ သော မင်း အ ပေါင်း တို့ ထက် ထာ ဝ ရ ဘု ရား မျက် မှောက် တော် တွင် ဆိုး သွမ်း မှု ကို ပြု ကျင့် လျက် Judson Bible ဩမရိသားအာဟပ်သည် မိမိရှေ့မှာ ဖြစ်ဖူးသောသူအပေါင်းတို့ထက် ထာဝရဘုရားရှေ့တော်၌သာ၍ ဒုစရိုက်ကိုပြု၏။ |
သင်မူကား သင့်ရှေ့ကလူအပေါင်းတို့ထက် ဆိုးညစ်မှုများကို ပြုလေပြီ။ သင်သည် ငါ့ကိုကျောခိုင်းပြီး အခြားဘုရားများ၊ ရုပ်တုများကို ပြုလုပ်ကာ ငါ့ကိုအမျက်ထွက်စေပြီ။
ဩမရိမင်းကြီးသည် ထာဝရဘုရားရှေ့တော်၌ မကောင်းမှုကိုပြုရာတွင် မိမိအလျင်ရှိခဲ့သောမင်းအပေါင်းတို့ထက် သာ၍ဆိုးညစ်၏။
ယုဒဘုရင်အာသမင်းကြီး နန်းစံသုံးဆယ့်ရှစ်နှစ်တွင် ဩမရိမင်းကြီး၏သားတော်အာဟပ် နန်းတက်၏။ ဩမရိမင်းကြီး၏သားတော်အာဟပ်သည် ရှမာရိမြို့တွင် အစ္စရေးလူမျိုးတို့ကို နှစ်ဆယ့်နှစ်နှစ် အုပ်စိုး၏။
နေဗတ်၏သားယေရောဗောင်မင်းကြီး၏အပြစ်လမ်းအတိုင်း လိုက်လျှောက်သည်ကို သာမညဟုမှတ်ယူ၍ ဆီဒုန်ဘုရင်ဧသဗာလမင်းကြီး၏သမီးတော်ယေဇဗေလကို မိဖုရားမြှောက်ပြီး ဗာလဘုရားအား ဝတ်ပြုကိုးကွယ်လေ၏။
အာဟပ်မင်းကြီးသည် အာရှရနတ်ဘုရားမတံခွန်တိုင်ကိုလည်း စိုက်ထူ၏။ ထိုထက်မက သူ့အလျင်ရှိခဲ့သောအစ္စရေးဘုရင်အပေါင်းတို့ထက် အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရားကို သာ၍အမျက်ထွက်စေ၏။
အကယ်စင်စစ် အာဟပ်မင်းကြီးကဲ့သို့မိဖုရားယေဇဗေလ၏သွေးဆောင်မှုနောက်သို့လိုက်ပါသွားပြီး ထာဝရဘုရားရှေ့တော်၌ မကောင်းမှုကိုပြုခြင်းဖြင့် မိမိကိုယ်ကိုရောင်းစားသောသူ တစ်ယောက်မျှမရှိ။
သူသည် ခမည်းတော်ပြုခဲ့သည့်အတိုင်း ဗာလဘုရားကို ဝတ်ပြုကိုးကွယ်ခြင်းဖြင့် အစ္စရေးလူမျိုး၏ဘုရားသခင် ထာဝရဘုရားကို အမျက်ထွက်စေ၏။
သူသည် ထာဝရဘုရားရှေ့တော်တွင် မကောင်းမှုကိုပြုသော်လည်း သူ့အလျင်ရှိခဲ့သောအစ္စရေးဘုရင်တို့ကဲ့သို့ မပြု။
သူသည် ထာဝရဘုရားရှေ့တော်၌ မကောင်းမှုကိုပြု၏။ သို့သော် ခမည်းတော်၊ မယ်တော်တို့ကဲ့သို့ မဟုတ်။ အကြောင်းမူကား သူသည် ခမည်းတော်တည်ခဲ့သောဗာလဘုရားကျောက်တိုင်ကို ဖယ်ရှားပစ်၏။
ယဟောရံမင်းကြီးသည် ယေဟုနှင့်တွေ့လျှင် “ယေဟု၊ ငြိမ်းချမ်းပါ၏လော”ဟုမေးသော် ယေဟုက “မင်းကြီး၏မယ်တော်ယေဇဗေလက ပြည့်တန်ဆာလုပ်သောအမှုနှင့် မှော်အတတ်များစွာကို လိုက်စားနေသရွေ့ မည်သို့ငြိမ်းချမ်းနိုင်မည်နည်း”ဟု ပြန်ပြော၏။
အစ္စရေးဘုရင်တို့လျှောက်သောလမ်းအတိုင်းလိုက်လျှောက်ပြီး အာဟပ်မင်းမျိုးမင်းနွယ်တို့ ဖောက်ပြန်မှားယွင်းသကဲ့သို့ ယုဒပြည်သူဂျေရုဆလင်မြို့သားတို့ကို ဖောက်ပြန်မှားယွင်းစေ၏။ သင့်ခမည်းတော်၏အိမ်သားများဖြစ်သော သင့်ထက်ကောင်းသောသင့်ညီအစ်ကိုများကိုပင် သင်သတ်ပစ်ခဲ့၏။