ကြည့်ရှုလော့။ ငါသည် ဗာရှာနှင့်သူ့အမျိုးအနွယ်ကို သုတ်သင်ပယ်ရှင်းပစ်မည်။ သူ့အမျိုးအနွယ်ကို နေဗတ်၏သားယေရောဗောင်၏အမျိုးအနွယ်ကဲ့သို့ ဖြစ်စေမည်။
ငါသည်ယေရောဗောင်အားပြုသကဲ့သို့ သင် နှင့်သင့်အိမ်ထောင်စုသားများအားသုတ် သင်ပယ်ရှင်းပစ်မည်။-
သင် ဗာ ရှာ နှင့် အ မျိုး အ နွယ် ပါ ငါ ကျွမ်း လောင် စေ၍ နေ ဗတ် သား ယေ ရော ဗောင်၏ အ မျိုး အ နွယ် ကဲ့ သို့ ဖြစ် စေ လျက်
သင်၏အမျိုးအနွယ် သားစဉ်မြေးဆက်တို့ကို ငါပယ်ရှား၍၊ သင်၏အမျိုးကို နေဗတ်၏သားယေရောဗောင်၏ အမျိုးကဲ့သို့ ငါဖြစ်စေမည်။
ထို့ကြောင့် ယခု ငါသည် ယေရောဗောင်မင်းမျိုးမင်းနွယ်တို့အပေါ် ဘေးဆိုးကျရောက်စေမည်။ အစ္စရေးပြည်ရှိ ကျွန်ပြုခံရသူနှင့် ကျွန်ပြုမခံရသူပါမကျန် ယေရောဗောင်မင်းမျိုးမင်းနွယ်ထဲမှ ယောက်ျားတို့ကို ငါပယ်ရှင်းမည်။ အမှိုက်ပုံကို မီးရှို့ရှင်းလင်းပစ်သကဲ့သို့ ယေရောဗောင်မင်းမျိုးမင်းနွယ်တို့ကို သုတ်သင်ပယ်ရှင်းပစ်မည်။
ယေရောဗောင်မင်းမျိုးမင်းနွယ်တို့သည် မြို့ထဲ၌သေလျှင် ခွေးများစားကြလိမ့်မည်။ မြို့ပြင်၌သေလျှင် ကောင်းကင်ငှက်တို့စားကြလိမ့်မည်’ဟူ၍ ထာဝရဘုရား မိန့်တော်မူပြီ။
အာဟပ်မင်းမျိုးမင်းနွယ်ကို နေဗတ်၏သားယေရောဗောင်မင်းမျိုးမင်းနွယ်ကဲ့သို့လည်းကောင်း၊ အဟိယ၏သားဗာရှာမင်းမျိုးမင်းနွယ်ကဲ့သို့လည်းကောင်း ငါဖြစ်စေမည်။
သူတို့သည် ငါ့ကိုဆန့်ကျင်ပုန်ကန်သောလူတို့၏အလောင်းကောင်များကို ထွက်ကြည့်ကြလိမ့်မည်။ ထိုအလောင်းကောင်တို့ကိုစားသောလောက်ကောင်သည် မသေ၊ လောင်သောမီးလည်း မငြိမ်း။ လူခပ်သိမ်းတို့အတွက် စက်ဆုပ်ဖွယ်ဖြစ်မည်”ဟု မိန့်တော်မူ၏။
မြည်းကိုသင်္ဂြိုဟ်သကဲ့သို့ သူ့ကို သင်္ဂြိုဟ်ကြလိမ့်မည်။ ဂျေရုဆလင်တံခါးအပြင်ဘက်သို့ ဆွဲထုတ်၍ ပစ်ထားကြလိမ့်မည်။