ထို့နောက်တွင် အစ္စရေးလူမျိုးတို့သည် နှစ်ဖွဲ့ကွဲသွားပြီး တစ်ဝက်မှာ ဂိနတ်၏သားတိဗနိနောက်သို့လိုက်ပြီး သူ့ကို မင်းမြှောက်လိုကြ၏။ ကျန်တစ်ဝက်မှာ ဩမရိနောက်သို့လိုက်ကြ၏။
၃ ရာ 16:22 - မြန်မာ့စံမီသမ္မာကျမ်း ဩမရိနောက်သို့လိုက်သောသူတို့သည် ဂိနတ်၏သားတိဗနိနောက်သို့လိုက်သောသူတို့ထက် ပို၍အင်အားကြီး၏။ တိဗနိသေ၍ ဩမရိနန်းတက်၏။ Common Language Bible နောက်ဆုံး၌သြမရိကိုလိုလားသူတို့ ကအနိုင်ရလေသည်။ တိဗနိသေ၍ သြမရိသည်ဘုရင်ဖြစ်လာလေသည်။- Garrad Bible သြ မ ရိ မင်း ဘက် လိုက် ပါ သူ တို့ သည် ဂိ နတ် သား တိ ဗ နိ ဘက် ပါ လူ တို့ ကို နိုင် နင်း ရာ တိ ဗ နိ ကျ ဆုံး ၍ သြ မ ရိ မင်း နန်း စံ လေ ၏။ Judson Bible ဩမရိနောက်သို့လိုက်သော သူတို့သည် ဂိနတ်၏သားတိဗနိနောက်သို့ လိုက်သောသူတို့ကို နိုင်သဖြင့်၊ တိဗနိသေ၍ ဩမရိသည် နန်းထိုင်လေ၏။ |
ထို့နောက်တွင် အစ္စရေးလူမျိုးတို့သည် နှစ်ဖွဲ့ကွဲသွားပြီး တစ်ဝက်မှာ ဂိနတ်၏သားတိဗနိနောက်သို့လိုက်ပြီး သူ့ကို မင်းမြှောက်လိုကြ၏။ ကျန်တစ်ဝက်မှာ ဩမရိနောက်သို့လိုက်ကြ၏။
ယုဒဘုရင်အာသမင်းကြီး နန်းစံသုံးဆယ့်တစ်နှစ်တွင် ဩမရိနန်းတက်၍ အစ္စရေးပြည်တွင် တစ်ဆယ့်နှစ်နှစ်၊ တိရဇာမြို့တွင် ခြောက်နှစ် စိုးစံ၏။
အာခဇိနန်းတက်သောအခါ သက်တော်နှစ်ဆယ့်နှစ်နှစ်ရှိပြီး ဂျေရုဆလင်မြို့တွင် တစ်နှစ်စိုးစံ၏။ မယ်တော်ကား အစ္စရေးဘုရင်ဩမရိမင်းကြီး၏မြေးတော် အာသလိအမည်ရှိ၏။
သူတို့အားလုံး မီးဖိုကဲ့သို့ ပူလောင်လျက် သူတို့၏အုပ်ချုပ်သူများကို ဝါးမျိုကြလေပြီ။ ရှင်ဘုရင်တို့ကိုလည်း လှဲချပစ်ကြပြီ။ ငါ့ကို ခေါ်သောသူတစ်ယောက်မျှမရှိ။