ထို့နောက် ယေရောဗောင်မင်းကြီးက “ယခု နိုင်ငံတော်သည် ဒါဝိဒ်မင်းမျိုးမင်းနွယ်ထံ ပြန်ရောက်သွားနိုင်၏။
၃ ရာ 15:17 - မြန်မာ့စံမီသမ္မာကျမ်း အစ္စရေးဘုရင်ဗာရှာမင်းကြီးသည် ယုဒပြည်သို့ချီလာ၍ ယုဒဘုရင်အာသမင်းကြီးထံ မည်သူမျှဝင်ထွက်သွားလာခြင်းမပြုနိုင်အောင် ရာမမြို့ကိုတည်၏။ Common Language Bible ဗာရှာသည်ယုဒပြည်သို့ချင်းနင်းဝင်ရောက်ပြီး လျှင် ယုဒပြည်သို့အဝင်အထွက်လမ်းကိုပိတ် စေရန်ရာမမြို့ကိုတံတိုင်းကာ၍ထား၏။- Garrad Bible ဣ သ ရေ လ ဘု ရင် ဗာ ရှာ မင်း သည် ယု ဒ ပြည် နယ် စပ် သို့ ချီ သွား ပြီး လျှင် ယု ဒ ဘု ရင် အာ သ မင်း ထံ ထွက် ဝင် ခွင့် မ ရှိ ကြ စေ ရန် ရာ မ မြို့ ကို တည် ရာ Judson Bible ဣသရေလရှင်ဘုရင် ဗာရှာသည် ယုဒပြည်သို့စစ်ချီ၍၊ ယုဒရှင်ဘုရင်အာသထံသို့ အဘယ်သူမျှ မထွက်မဝင်စေခြင်းငှာ ရာမမြို့ကိုတည်၏။ |
ထို့နောက် ယေရောဗောင်မင်းကြီးက “ယခု နိုင်ငံတော်သည် ဒါဝိဒ်မင်းမျိုးမင်းနွယ်ထံ ပြန်ရောက်သွားနိုင်၏။
ဤပြည်သားတို့သည် ဂျေရုဆလင်မြို့ရှိ ထာဝရဘုရား၏အိမ်တော်သို့သွား၍ ယဇ်ပူဇော်ကြလျှင် သူတို့၏သခင် ယုဒဘုရင်ရောဗောင်မင်းကြီးဘက်သို့ စိတ်ပါသွားနိုင်၏။ ထိုအခါ သူတို့သည် ငါ့ကိုသတ်ပြီး ယုဒဘုရင်ရောဗောင်မင်းကြီးထံ ပြန်ပါသွားကြလိမ့်မည်”ဟု တွေးမိ၏။
ဣသခါအမျိုးအနွယ် အဟိယ၏သားဗာရှာသည် နာဒပ်မင်းကြီးကို လုပ်ကြံရန်လျှို့ဝှက်ကြံစည်၏။ နာဒပ်မင်းကြီးနှင့် အစ္စရေးတပ်သားအပေါင်းတို့ ဂိဗ္ဗသုန်မြို့ကိုဝိုင်းထားစဉ် ဗာရှာသည် နာဒပ်မင်းကြီးကို ဖိလိတ္တိပြည်၊ ဂိဗ္ဗသုန်မြို့တွင်ပင် သတ်လိုက်လေ၏။
ထာဝရဘုရားက “ရာမမြို့၌ မြည်တမ်းသံ၊ ခါးသီးစွာငိုကြွေးသံကိုကြားရ၏။ ရာခေလသည် မိမိ၏သားများကြောင့် ငိုကြွေး၏။ သူ၏သားများမရှိတော့သဖြင့် နှစ်သိမ့်ပေးကြသည်ကို လက်မခံပြီ”ဟု မိန့်တော်မူ၏။
ဣရှမေလသတ်ခဲ့သော ဂေဒလိနှင့်လူတို့၏အလောင်းများကို ပစ်ချခဲ့ရာတွင်းသည် အစ္စရေးဘုရင်ဗာရှာမင်းကြီးကိုကြောက်၍ အာသမင်းကြီး တူးထားခဲ့သောတွင်းဖြစ်၏။ ဤသို့ဖြင့် နေသနိ၏သားဣရှမေလသည် ထိုတွင်းကို လူသေအလောင်းများဖြင့် ပြည့်စေ၏။
ထို့နောက် ရှမွေလသည် ရာမမြို့သို့ပြန်သွား၍ ရှောလုမင်းကြီးမူကား ဂိဗာမြို့ရှိ မိမိနန်းတော်သို့ တက်သွား၏။