ကျန်ရှိနေသော ရှောလမုန်မင်းကြီးလက်ထက်အဖြစ်အပျက်များ၊ သူပြုခဲ့သမျှသောအရာနှင့် သူ၏ဉာဏ်ပညာကြီးပုံတို့ကို ရှောလမုန်မင်းကြီး၏ရာဇဝင်မှတ်တမ်းတွင် ရေးမှတ်ထား၏။
၃ ရာ 14:29 - မြန်မာ့စံမီသမ္မာကျမ်း ကျန်ရှိနေသော ရောဗောင်မင်းကြီးလက်ထက်အဖြစ်အပျက်များနှင့် သူပြုခဲ့သမျှတို့ကို ယုဒဘုရင်များ၏ရာဇဝင်မှတ်တမ်းတွင် ရေးမှတ်ထား၏။ Common Language Bible ရောဗောင်မင်းဆောင်ရွက်ခဲ့သည့် အခြားအမှု အရာရှိသမျှကို ယုဒရာဇဝင်တွင်ရေး ထားလျက်ရှိသတည်း။- Garrad Bible ရော ဗောင် မင်း ပြု မူ စီ ရင် သ မျှ အ ကြွင်း အ ကျန် သည် ယု ဒ ရာ ဇ ဝင်၌ ရေး ထား လျက် ရှိ ၏။ Judson Bible ရောဗောင်ပြုမူသော အမှုအရာကြွင်းသမျှတို့သည် ယုဒရာဇဝင်၌ ရေးထားလျက်ရှိ၏။ |
ကျန်ရှိနေသော ရှောလမုန်မင်းကြီးလက်ထက်အဖြစ်အပျက်များ၊ သူပြုခဲ့သမျှသောအရာနှင့် သူ၏ဉာဏ်ပညာကြီးပုံတို့ကို ရှောလမုန်မင်းကြီး၏ရာဇဝင်မှတ်တမ်းတွင် ရေးမှတ်ထား၏။
ကျန်ရှိနေသော ယေရောဗောင်မင်းကြီးလက်ထက်အဖြစ်အပျက်များ၊ စစ်တိုက်ခဲ့ပုံများ၊ အုပ်ချုပ်ခဲ့ပုံများကို အစ္စရေးဘုရင်များ၏ရာဇဝင်မှတ်တမ်းတွင် ရေးမှတ်ထား၏။
ရှင်ဘုရင်သည် ထာဝရဘုရား၏အိမ်တော်သို့ ဝင်ရောက်သည့်အခါတိုင်း တံခါးစောင့်တို့သည် ထိုဒိုင်းလွှားတို့ကို ကိုင်ဆောင်ရ၏။ ပြီးလျှင် ထိုဒိုင်းလွှားတို့ကို တံခါးစောင့်တို့၏အခန်းထဲတွင် ပြန်သိမ်းထားရ၏။
ကျန်ရှိနေသော အာသမင်းကြီးလက်ထက်အဖြစ်အပျက်များ၊ ဘုန်းတန်ခိုးကြီးခဲ့ပုံများ၊ သူပြုခဲ့သမျှသောအရာများ၊ တည်ဆောက်ခဲ့သောမြို့များအကြောင်း စသည်တို့ကို ယုဒဘုရင်တို့၏ရာဇဝင်မှတ်တမ်းတွင် ရေးမှတ်ထား၏။ သူသည် အိုမင်းချိန်ရောက်သောအခါ ခြေထောက်တွင် အနာဖြစ်၏။
ရောဗောင်မင်းကြီးနှင့် ယေရောဗောင်မင်းကြီးတို့သည် အသက်ရှင်သမျှကာလပတ်လုံး အချင်းချင်းစစ်တိုက်ခဲ့ကြ၏။
ကျန်ရှိနေသောအဘိယံမင်းကြီးလက်ထက်အဖြစ်အပျက်များနှင့် သူပြုခဲ့သမျှသောအရာများကို ယုဒဘုရင်များ၏ရာဇဝင်မှတ်တမ်းတွင် ရေးမှတ်ထား၏။ အဘိယံမင်းကြီးနှင့် ယေရောဗောင်မင်းကြီးတို့သည်လည်း အချင်းချင်းစစ်တိုက်ကြ၏။
ကျန်ရှိနေသော ယောရှဖတ်မင်းကြီးလက်ထက်အဖြစ်အပျက်များ၊ သူ၏ဘုန်းတန်ခိုးကြီးခဲ့ပုံ၊ စစ်တိုက်ခဲ့ပုံ စသည်တို့ကို ယုဒဘုရင်များ၏ရာဇဝင်မှတ်တမ်းတွင် ရေးမှတ်ထား၏။
သူသည် ခမည်းတော်လက်ထက်မှကျန်နေခဲ့သော မိစ္ဆာဒိဋ္ဌိကျင့်ထုံးဆိုင်ရာယောက်ျားပြည့်တန်ဆာများကို ပြည်တော်မှ ဖယ်ရှားပစ်၏။
ယောရှမင်းကြီးအမှုထမ်းတို့သည် ထကြွပုန်ကန်ဖို့ လျှို့ဝှက်ကြံစည်ပြီး သိလအရပ်သို့သွားရာလမ်းရှိ ဗက်မိလ္လောစံအိမ်တွင် သူ့ကို လုပ်ကြံလေ၏။
ကျန်ရှိနေသော အာမဇိမင်းကြီးလက်ထက် အဖြစ်အပျက်များကို ယုဒဘုရင်များ၏ရာဇဝင်မှတ်တမ်းတွင် ရေးမှတ်ထား၏။
ကျန်ရှိနေသော ရှလ္လုံမင်းကြီးလက်ထက်အဖြစ်အပျက်များ၊ ရှင်ဘုရင်ကို လုပ်ကြံရန် လျှို့ဝှက်ကြံစည်ခဲ့ပုံများကို အစ္စရေးဘုရင်တို့၏ရာဇဝင်မှတ်တမ်းတွင် ရေးမှတ်ထား၏။
ကျန်ရှိနေသော ယောသံမင်းကြီးလက်ထက်အဖြစ်အပျက်များ၊ သူပြုခဲ့သောအရာများကို ယုဒဘုရင်တို့၏ရာဇဝင်မှတ်တမ်းတွင် ရေးမှတ်ထား၏။
ကျန်ရှိနေသော အာဇရိမင်းကြီးလက်ထက်အဖြစ်အပျက်များ၊ သူပြုခဲ့သမျှသောအရာများကို ယုဒဘုရင်တို့၏ရာဇဝင်မှတ်တမ်းတွင် ရေးမှတ်ထား၏။
ကျန်ရှိနေသော အာခတ်မင်းကြီးလက်ထက်အဖြစ်အပျက်များ၊ သူပြုခဲ့သောအရာများကို ယုဒဘုရင်တို့၏ရာဇဝင်မှတ်တမ်းတွင် ရေးမှတ်ထား၏။
ကျန်ရှိနေသော ဟေဇကိမင်းကြီးလက်ထက်အဖြစ်အပျက်များ၊ ဘုန်းတန်ခိုးကြီးခဲ့ပုံများ၊ ရေမြောင်းရေကန်ဆောက်လုပ်ခဲ့ပုံ၊ မြို့တွင်းသို့ ရေသွင်းပေးခဲ့ပုံ စသည်တို့ကို ယုဒဘုရင်တို့၏ရာဇဝင်မှတ်တမ်းတွင် ရေးမှတ်ထား၏။
ကျန်ရှိနေသော မနာရှေမင်းကြီးလက်ထက် အဖြစ်အပျက်များ၊ သူပြုခဲ့သမျှသောအရာများ၊ သူကျူးလွန်ခဲ့သောအပြစ်များကို ယုဒဘုရင်တို့၏ရာဇဝင်မှတ်တမ်းတွင် ရေးမှတ်ထား၏။
ကျန်ရှိနေသော အာမုန်မင်းကြီးလက်ထက်အဖြစ်အပျက်များ၊ သူပြုခဲ့သောအရာများကို ယုဒဘုရင်တို့၏ရာဇဝင်မှတ်တမ်းတွင် ရေးမှတ်ထား၏။
ကျန်ရှိနေသော ယောရှိမင်းကြီးလက်ထက်အဖြစ်အပျက်များ၊ သူပြုခဲ့သမျှသောအရာများကို ယုဒဘုရင်တို့၏ရာဇဝင်မှတ်တမ်းတွင် ရေးမှတ်ထား၏။
ကျန်ရှိနေသောယောယကိမ်မင်းကြီးလက်ထက်အဖြစ်အပျက်များ၊ သူပြုခဲ့သမျှသောအရာများကို ယုဒဘုရင်တို့၏ရာဇဝင်မှတ်တမ်းများတွင် ရေးမှတ်ထား၏။
ကျန်ရှိနေသော ယောရံမင်းကြီးလက်ထက်အဖြစ်အပျက်များနှင့် သူပြုခဲ့သမျှသောအရာများကို ယုဒဘုရင်တို့၏ရာဇဝင်မှတ်တမ်းတွင် ရေးမှတ်ထား၏။
ကျန်ရှိနေသော အာမဇိမင်းကြီးလက်ထက် အဖြစ်အပျက်အစအဆုံးကို ယုဒဘုရင်များ၊ အစ္စရေးဘုရင်များ၏ရာဇဝင်မှတ်တမ်းတွင် ရေးမှတ်ထား၏။