သို့သော် ဥရိယသည် အိမ်မပြန်ဘဲ မိမိသခင်၏အမှုထမ်းအပေါင်းတို့နှင့်အတူ ဘုရင့်နန်းတော်တံခါးဝတွင် အိပ်လေ၏။
၃ ရာ 14:28 - မြန်မာ့စံမီသမ္မာကျမ်း ရှင်ဘုရင်သည် ထာဝရဘုရား၏အိမ်တော်သို့ ဝင်ရောက်သည့်အခါတိုင်း တံခါးစောင့်တို့သည် ထိုဒိုင်းလွှားတို့ကို ကိုင်ဆောင်ရ၏။ ပြီးလျှင် ထိုဒိုင်းလွှားတို့ကို တံခါးစောင့်တို့၏အခန်းထဲတွင် ပြန်သိမ်းထားရ၏။ Common Language Bible ဗိမာန်တော်သို့မင်းကြီးသွားရောက်သည့်အခါ တိုင်း အစောင့်တပ်သားတို့သည်ထိုဒိုင်းလွှား များကိုကိုင်ဆောင်ရကြ၏။ ထိုနောက်ကင်း ခန်းထဲတွင်ပြန်၍ထားရကြ၏။ Garrad Bible ဗိ မာန် တော် သို့ ဘု ရင် မင်း ကြွ ချီ တိုင်း ရှေ့ တော် ပြေး တို့ သည် ဒိုင်း လွှား များ ကို ဆောင် ကိုင် ပြီး နောက်၊ ကိုယ့် အ ဆောင် တွင် ပြန် ထား ရ ကြ ၏။ Judson Bible ရှင်ဘုရင်သည် ဗိမာန်တော်သို့သွားသောအခါ၊ ကိုယ်ရံတော်သားတို့သည် ဒိုင်းတို့ကိုဆောင်၍ နောက်တစ်ဖန် မိမိတို့စောင့်ရာအခန်းမှာ ပြန်ထားကြ၏။ |
သို့သော် ဥရိယသည် အိမ်မပြန်ဘဲ မိမိသခင်၏အမှုထမ်းအပေါင်းတို့နှင့်အတူ ဘုရင့်နန်းတော်တံခါးဝတွင် အိပ်လေ၏။
ထို့ကြောင့် ရောဗောင်မင်းကြီးသည် ရွှေဒိုင်းလွှားများအစား ကြေးနီဒိုင်းလွှားများကို ပြုလုပ်ပြီး ဘုရင့်နန်းတော်တံခါးကိုစောင့်ကြပ်သော တံခါးမှူးတို့၏လက်သို့အပ်၏။
ကျန်ရှိနေသော ရောဗောင်မင်းကြီးလက်ထက်အဖြစ်အပျက်များနှင့် သူပြုခဲ့သမျှတို့ကို ယုဒဘုရင်များ၏ရာဇဝင်မှတ်တမ်းတွင် ရေးမှတ်ထား၏။
ရှင်ဘုရင်သည် ထာဝရဘုရား၏အိမ်တော်သို့ ဝင်ရောက်သည့်အခါတိုင်း တံခါးစောင့်တို့သည် ထိုဒိုင်းလွှားတို့ကို ကိုင်ဆောင်ရ၏။ ပြီးလျှင် ထိုဒိုင်းလွှားတို့ကို တံခါးစောင့်တို့၏အခန်းထဲတွင် ပြန်သိမ်းထားရ၏။