သို့သော် ဥရိယသည် အိမ်မပြန်ဘဲ မိမိသခင်၏အမှုထမ်းအပေါင်းတို့နှင့်အတူ ဘုရင့်နန်းတော်တံခါးဝတွင် အိပ်လေ၏။
၃ ရာ 14:27 - မြန်မာ့စံမီသမ္မာကျမ်း ထို့ကြောင့် ရောဗောင်မင်းကြီးသည် ရွှေဒိုင်းလွှားများအစား ကြေးနီဒိုင်းလွှားများကို ပြုလုပ်ပြီး ဘုရင့်နန်းတော်တံခါးကိုစောင့်ကြပ်သော တံခါးမှူးတို့၏လက်သို့အပ်၏။ Common Language Bible ရောဗောင်သည်ထိုဒိုင်းလွှားများကိုအစားထိုး ရန် ကြေးဝါဒိုင်းလွှားများပြုလုပ်၍နန်းတော် တံခါးစောင့်မှူးတို့အားပေးအပ်တော်မူ၏။- Garrad Bible ရော ဗောင် မင်း သည် ရွှေ ဒိုင်း လွှား များ အ စား ကြေး ဒိုင်း လွှား များ ကို လုပ် ပြီး လျှင် နန်း တော် တံ ခါး ဗိုလ် ဖြစ် သော ရှေ့ တော် ပြေး မှူး တို့ ထံ အပ် ထား လျက် Judson Bible ရောဗောင်မင်းကြီးသည် ရွှေဒိုင်းအစား ကြေးဝါဒိုင်းတို့ကိုလုပ်၍ နန်းတော်တံခါးစောင့် ကိုယ်ရံတော်မှူး၌ အပ်လေ၏။ |
သို့သော် ဥရိယသည် အိမ်မပြန်ဘဲ မိမိသခင်၏အမှုထမ်းအပေါင်းတို့နှင့်အတူ ဘုရင့်နန်းတော်တံခါးဝတွင် အိပ်လေ၏။
ထို့နောက်တွင် အဗရှလုံသည် စစ်ရထားတစ်စီး၊ မြင်းများနှင့် ရှေ့တော်ပြေးတပ်သားအယောက် ငါးဆယ်ကို ပြင်ဆင်ထား၏။
ရှင်ဘုရင်သည် ထာဝရဘုရား၏အိမ်တော်သို့ ဝင်ရောက်သည့်အခါတိုင်း တံခါးစောင့်တို့သည် ထိုဒိုင်းလွှားတို့ကို ကိုင်ဆောင်ရ၏။ ပြီးလျှင် ထိုဒိုင်းလွှားတို့ကို တံခါးစောင့်တို့၏အခန်းထဲတွင် ပြန်သိမ်းထားရ၏။
ထာဝရဘုရားက အဟိယအား “ယေရောဗောင်၏မိဖုရားသည် နာမကျန်းသောသားနှင့်ပတ်သက်၍မေးမြန်းရန် သင့်ထံလာလေပြီ။ သူသည် အခြားသူအယောင်ဆောင်ပြီး ရောက်လာလိမ့်မည်။ သူ့ကို ဤသို့ဤသို့ ပြန်ဖြေပါ”ဟု မိန့်တော်မူ၏။
ထိုစဉ် ထာဝရဘုရား၏လက်တော်သည် ဧလိယထံသက်ရောက်လာသဖြင့် သူသည် ခါးပန်းကိုစည်းပြီးပြေးရာ အာဟပ်မင်းကြီးကိုကျော်၍ ယေဇရေလမြို့သို့ ကြိုရောက်နှင့်လေ၏။
ရာတပ်မှူးများ၊ ကိုယ်ရံတော်များ၊ အစောင့်တပ်သားများနှင့် ပြည်သူပြည်သားအပေါင်းတို့ကို ဆင့်ခေါ်၍ ရှင်ဘုရင်ကို ထာဝရဘုရား၏အိမ်တော်မှခေါ်ထုတ်လာကာ ကင်းစောင့်တံခါးရှိရာလမ်းအတိုင်း ဘုရင့်နန်းတော်သို့ ကြွချီစေသဖြင့် ရှင်ဘုရင်သည် ရာဇပလ္လင်ပေါ်တွင် စံမြန်းလေ၏။
ခုနစ်နှစ်မြောက်တွင် ယောယဒသည် ကိုယ်ရံတော်တပ်နှင့် အစောင့်တပ်တို့၏ရာတပ်မှူးများကို လူလွှတ်ခေါ်၍ သူတို့သည် ထာဝရဘုရား၏အိမ်တော်သို့ ရောက်လာလျှင် ထာဝရဘုရား၏အိမ်တော်တွင်ပင် သူတို့နှင့် ကတိသစ္စာပြု၍ ကျိန်ဆိုစေပြီးမှ ဘုရင့်သားတော်ကို ထုတ်ပြ၏။
သူ့အနား၌ရပ်နေသောခြေမြန်တော်တို့အား “လှည့်၍ ထာဝရဘုရား၏ယဇ်ပုရောဟိတ်တို့ကို သတ်ကြလော့။ သူတို့သည် ဒါဝိဒ်ဘက်သားဖြစ်၏။ ဒါဝိဒ် ထွက်ပြေးတိမ်းရှောင်သည်ကို သိလျက်ပင် ငါ့အား အကြောင်းမကြားကြ”ဟု မိန့်ဆို၏။ သို့သော် ရှင်ဘုရင်၏အမှုထမ်းတို့သည် ထာဝရဘုရား၏ယဇ်ပုရောဟိတ်တို့ကို ကွပ်မျက်ရန် လက်ကို မရွယ်လိုကြပေ။
“သင်တို့ကို အုပ်စိုးမည့်ရှင်ဘုရင်၏ထုံးနည်းကား ဤသို့ဖြစ်၏။ သူသည် သင်တို့၏သားများကိုခေါ်၍ သူ၏ရထားမောင်းနှင်သူများ၊ မြင်းစီးသူရဲများအဖြစ် ခန့်ထားလိမ့်မည်။ သူတို့ကို သူ့ရထားရှေ့တွင် ပြေးစေလိမ့်မည်။