မိမိအစေအပါး ပရောဖက်အဟိယအားဖြင့် ထာဝရဘုရားမိန့်မြွက်တော်မူခဲ့သည့်အတိုင်း အစ္စရေးလူမျိုးတစ်မျိုးလုံးသည် သူ့ကိုသင်္ဂြိုဟ်ကြပြီး သူ့အတွက် ငိုကြွေးမြည်တမ်းကြ၏။
ထာဝရဘုရားသည်မိမိ၏အစေခံပရော ဖက်အဟိယအားဖြင့်မိန့်တော်မူခဲ့သည့်အတိုင်း ဣသရေလပြည်သူတို့သည်ထိုသူငယ်၏အတွက် ဝမ်းနည်းကြေကွဲသည့်အထိမ်းအမှတ်ကိုပြု၍ သူ၏အလောင်းကိုသင်္ဂြိုဟ်ကြ၏။
ကျွန် တော် ရင်း ပ ရော ဖက် အ ဟိ ယ အား ဖြင့် ထာ ဝ ရ ဘု ရား ထား တော် မူ ခဲ့ သော ဗျာ ဒိတ် တော် အ တိုင်း ဣသ ရေ လ တစ် မျိုး လုံး စျာ ပ န ပြု ၍ မြည် တမ်း မှု ကို ပြု ကြ ကုန် ၏။
ထာဝရဘုရားသည် မိမိကျွန် ပရောဖက်အဟိယအားဖြင့် မိန့်တော်မူသည်အတိုင်း၊ ထိုသူငယ်ကိုသင်္ဂြိုဟ်၍ ဣသရေလအမျိုးသားအပေါင်းတို့သည် ငိုကြွေးမြည်တမ်းခြင်းကို ပြုကြ၏။
အစ္စရေးလူမျိုးတစ်မျိုးလုံး သူ့အတွက် ငိုကြွေးမြည်တမ်းလျက် သူ့ကို သင်္ဂြိုဟ်ကြလိမ့်မည်။ ယေရောဗောင်မင်းမျိုးမင်းနွယ်တွင် သူသည် အစ္စရေးလူမျိုး၏ဘုရားသခင် ထာဝရဘုရား၏စိတ်တော်နှင့်တွေ့သူဖြစ်၏။ ထို့ကြောင့် ယေရောဗောင်မင်းမျိုးမင်းနွယ်ထဲတွင် သူတစ်ဦးတည်းသာ သင်္ချိုင်း၌ သင်္ဂြိုဟ်ခြင်းခံရလိမ့်မည်။
ကျန်ရှိနေသော ယေရောဗောင်မင်းကြီးလက်ထက်အဖြစ်အပျက်များ၊ စစ်တိုက်ခဲ့ပုံများ၊ အုပ်ချုပ်ခဲ့ပုံများကို အစ္စရေးဘုရင်များ၏ရာဇဝင်မှတ်တမ်းတွင် ရေးမှတ်ထား၏။