သင်သည် ငါ့ကို မထီမဲ့မြင်ပြုပြီး ဟိတ္တိလူမျိုး ဥရိယ၏မယားကို သင့်မိဖုရားအဖြစ် သိမ်းယူသောကြောင့် သင့်အမျိုးအနွယ်သည် ဓားဘေးနှင့် အမြဲတစေကြုံရလိမ့်မည်’ဟု မိန့်တော်မူ၏။
၃ ရာ 13:26 - မြန်မာ့စံမီသမ္မာကျမ်း လမ်းခုလတ်မှ သူ့အားပြန်ခေါ်လာခဲ့သောပရောဖက်သည် ထိုသတင်းကိုကြားသောအခါ “ဤသူသည် ထာဝရဘုရား၏စကားတော်ကို ဖီဆန်သော ဘုရားသခင်၏လူဖြစ်လိမ့်မည်။ ထာဝရဘုရားသည် ခြင်္သေ့ကိုအခွင့်ပေးသဖြင့် သူ့ကို ခြင်္သေ့ကိုက်ဖြတ်သတ်ပစ်လေပြီ။ သူ့ကို ထာဝရဘုရားမိန့်တော်မူသည့်အတိုင်း ဖြစ်လေပြီတကား”ဟု ဆို၍ Common Language Bible ပရောဖက်အိုကြီးသည် ထိုသတင်းကိုကြား သောအခါ``ဤသူကားထာဝရဘုရား၏အမိန့် တော်ကိုလွန်ဆန်သည့်ပရောဖက်ပင်ဖြစ်ပါသည် တကား။ ထာဝရဘုရားသည်မိမိအမိန့်တော်ရှိ ခဲ့သည့်အတိုင်း ခြင်္သေ့ကိုစေလွှတ်၍ကိုက်သတ်စေ တော်မူလေပြီ'' ဟုဆို၏။- Garrad Bible ထာ ဝ ရ ဘု ရား ၏ အ မိန့် တော် ကို ဖီ ဆန် သော ဘု ရား သ ခင့် လူ ယုံ တော် ဖြစ် လိမ့် မည်။ ထာ ဝ ရ ဘု ရား သည် ထား တော် မူ ခဲ့ သော ဗျာ ဒိတ် တော် အ တိုင်း ကိုက် ဖြတ် သော ခြင်္သေ့ သို့ အပ် လိုက် တော် မူ ပြီ တ ကား ဟု ဆို ပြီး လျှင် Judson Bible ခေါ်ခဲ့သောပရောဖက်သည် ထိုသတင်းကိုကြားလျှင်၊ ထာဝရဘုရား၏ အမိန့်တော်ကို နားမထောင်သော ဘုရားသခင်၏လူ ဖြစ်လိမ့်မည်။ ထာဝရဘုရားသည် ထိုသူအားမိန့်တော်မူသောစကားအတိုင်း၊ သူ့ကိုခြင်္သေ့၌ အပ်တော်မူသဖြင့်၊ ခြင်္သေ့သည် ကိုက်သတ်လေပြီတကားဟု ဆိုလျက်၊ |
သင်သည် ငါ့ကို မထီမဲ့မြင်ပြုပြီး ဟိတ္တိလူမျိုး ဥရိယ၏မယားကို သင့်မိဖုရားအဖြစ် သိမ်းယူသောကြောင့် သင့်အမျိုးအနွယ်သည် ဓားဘေးနှင့် အမြဲတစေကြုံရလိမ့်မည်’ဟု မိန့်တော်မူ၏။
သို့သော် အရှင်မင်းကြီးသည် ဤအမှုအားဖြင့် စင်စစ် ထာဝရဘုရား၏ရန်သူတို့ မထီလေးစားပြုစရာ ဖြစ်စေလေပြီ။ ထို့ကြောင့် ယခုမွေးဖွားမည့် မင်းကြီး၏သားတော်သည် မုချသေရလိမ့်မည်”ဟု ဆိုပြီးလျှင်
ထိုနေရာသို့ ဖြတ်သန်းသွားလာသူတို့သည် လမ်းပေါ်တွင်လဲနေသောအလောင်းနှင့် အလောင်းဘေးတွင်ရပ်နေသောခြင်္သေ့ကိုမြင်လျှင် အသက်ကြီးသောပရောဖက်နေထိုင်ရာမြို့သို့သွား၍ ပြောပြကြ၏။
သူ့သားတို့အား “ငါ့အတွက် မြည်းကိုကုန်းနှီးတင်ပေးကြပါ”ဟု ဆိုသဖြင့် သူတို့ကလည်း ကုန်းနှီးတင်ပေးကြ၏။
ကိုယ်တော်ကိုကြောက်ရွံ့၍ အကျွန်ုပ်အသားသည် တဆတ်ဆတ်တုန်နေပါ၏။ ကိုယ်တော်၏စီရင်ထုံးဖွဲ့ချက်တို့ကိုလည်း အကျွန်ုပ်ကြောက်ရွံ့ပါ၏။
ကမ္ဘာမြေကြီးပေါ်တွင် ဖြောင့်မတ်သောသူပင် အကျိုးအပြစ်ကိုခံစားရသည်ဆိုလျှင် ဆိုးယုတ်သောသူနှင့် အပြစ်ပြုသောသူမူကား အဘယ်ဆိုဖွယ်ရှိသနည်း။
လူကြီးလူငယ်၊ အပျိုလူပျို၊ အမေနှင့်ကလေးပါမကျန် သတ်ပစ်လော့။ သို့သော် အမှတ်အသားပြုထားခဲ့သောသူတစ်ဦးတစ်ယောက်ကိုမျှ မထိကြနှင့်။ ငါ၏သန့်ရှင်းရာဌာနမှစတင်ပြုလော့”ဟု မိန့်တော်မူ၏။ သူတို့သည် အမိန့်တော်အတိုင်း အိမ်တော်ရှေ့ရှိ သက်ကြီးဝါကြီးတို့ကို စတင်သတ်ပစ်ကြလေ၏။
ထိုအခါ မောရှေက အာရုန်အား “ထာဝရဘုရားက ‘ငါ့ထံသို့ချဉ်းကပ်သောသူတို့အား ငါသန့်ရှင်းကြောင်း ငါထင်ရှားပြမည်။ လူအပေါင်းတို့ရှေ့၌ ငါသည် ဘုန်းအသရေရှိမည်’ဟူ၍ မိန့်ဆိုခဲ့သည်မှာ ဤအမှုကိုဆိုလို၏”ဟု ဆိုသော် အာရုန်သည် တိတ်ဆိတ်နေလေ၏။
ဤအကြောင်းကြောင့် သင်တို့တွင် အားနည်းသောသူနှင့်မကျန်းမာသောသူ များစွာရှိ၍ အိပ်ပျော်သောသူလည်း အများအပြားရှိကြ၏။
အကြောင်းမူကား တရားစီရင်ခြင်းကို ဘုရားသခင်၏အိမ်တော်မှ အစပြုမည့်အချိန်ရောက်လေပြီ။ ထိုသို့ ငါတို့ထံမှ အစပြုမည်ဆိုလျှင် ဘုရားသခင်၏ကောင်းမြတ်သောသတင်းကို မနာခံသောသူတို့၏နိဂုံးသည် မည်သို့ဖြစ်မည်နည်း။