အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




၃ ရာ 11:38 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

ငါ​မိန့်မှာ​သမျှ​ကို သင်​လိုက်နာ​၍ ငါ့​လမ်း​သို့​လိုက်​မည်​၊ ငါ့​အစေအပါး​ဒါဝိဒ်​မင်းကြီး ပြုကျင့်​သကဲ့သို့ ငါ​၏​ပြဋ္ဌာန်းချက်​များ​၊ ပညတ်ချက်​များ​ကို ငါ့​ရှေ့မှောက်​တွင် မှန်ကန်​စွာ​ပြုကျင့်​မည်​ဆို​လျှင် ငါ​သည် သင်​နှင့်အတူ​ရှိ​ပြီး ဒါဝိဒ်​မင်းဆက်​ကို တည်​စေ​သည့်​နည်းတူ သင့်​မင်းဆက်​ကို​လည်း ခိုင်မြဲ​စွာ​တည်​စေ​မည်​။ အစ္စရေး​နိုင်ငံ​ကို သင့်​အား အုပ်စိုးခွင့်​ပေး​မည်​။

အခန်းကိုကြည့်ပါ။

Common Language Bible

အ​ကယ်​၍​သင်​သည်​ငါ​၏​စ​ကား​ကို​အ​ကြွင်း​မဲ့ နား​ထောင်​ကာ​ငါ့​ပ​ညတ်​တော်​တို့​ကို​ကျင့်​သုံး ပြီး​လျှင် ငါ​၏​အ​စေ​ခံ​ဒါ​ဝိဒ်​နည်း​တူ​ငါ့​အ​မိန့် တို့​ကို​နာ​ခံ​ခြင်း​အား​ဖြင့် ငါ​နှစ်​သက်​မြတ်​နိုး အောင်​ပြု​လျှင်​သင်​နှင့်​အ​တူ​အ​စဉ်​အ​မြဲ​ငါ ရှိ​မည်။ သင့်​အား​ဣသ​ရေ​လ​ဘု​ရင်​အ​ဖြစ်​ခန့် ထား​ပြီး​လျှင် ဒါ​ဝိဒ်​၏​သား​မြေး​များ​အ​တွက် ငါ​ပြု​သ​ကဲ့​သို့​သင်​၏​သား​မြေး​တို့​ကို​လည်း သင့်​နောက်​၌​ဧ​ကန်​အ​မှန်​ဆက်​လက်​နန်း​စံ စေ​မည်။-

အခန်းကိုကြည့်ပါ။

Garrad Bible

သင် သည် ငါ့ မိန့် မှာ တိုင်း နား ထောင် ၍ ကျွန် တော် ရင်း ဒါ ဝိဒ် ကဲ့ သို့၊ ငါ့ နည်း လမ်း များ ၌ လိုက် လျှောက် ခြင်း၊ ငါ့ မျက် မှောက် တွင် ဖြောင့် မှန် စွာ ကျင့် ခြင်း၊ ငါ့ ထုံး ဖွဲ့ မိန့် မှာ ချက် များ အ တိုင်း စောင့် ထိန်း ခြင်း များ ကို ပြု လျှင်၊ သင် နှင့် အ တူ ငါ ရှိ လျက် ဒါ ဝိဒ် အ မျိုး အ နွယ် တည် မြဲ စေ ခဲ့ သည့် နည်း တူ သင့် အ မျိုး အ နွယ် လည်း တည် မြဲ စေ ၍ ဣ သ ရေ လ နိုင် ငံ ကို အပ် ပေး မည်။

အခန်းကိုကြည့်ပါ။

Judson Bible

သင်​သည် ငါ​မှာ​ထား​သ​မျှ​ကို နား​ထောင်၍၊ ငါ့​ကျွန်​ဒါ​ဝိဒ်​ပြု​သ​ကဲ့​သို့ ငါ၏​လမ်း​တို့​သို့ လိုက်​လျက်၊ ငါ့​ရှေ့၌ မှန်​သော​တ​ရား၊ ငါ​စီ​ရင်​ချက်​ပ​ညတ်​များ​ကို စောင့်​ရှောက်​လျှင်၊ သင်​နှင့်​အ​တူ​ငါ​ရှိ၍ ဒါ​ဝိဒ်​အ​ဖို့ မြဲ​မြံ​သော​အိမ်​ကို ဆောက်​သည်​နည်း​တူ၊ သင့်​အ​ဖို့​ဆောက်၍ ဣ​သ​ရေ​လ​နိုင်​ငံ​ကို ငါ​ပေး​မည်။

အခန်းကိုကြည့်ပါ။



၃ ရာ 11:38
20 ပူးပေါင်းရင်းမြစ်များ  

စီရင်အုပ်ချုပ်​သူ​တို့​ကို ခန့်ထား​ပြီး ငါ့​လူမျိုး​တော်​အစ္စရေး​တို့​ကို အုပ်ချုပ်​စေ​သော​အချိန်​က​ကဲ့သို့​လည်း ခံရ​တော့​မည်​မ​ဟုတ်​။ ရန်​အပေါင်း​ကို ကင်းငြိမ်း​စေ​မည်​။ သင့်​အမျိုးအနွယ်​ကို​လည်း တည်​စေ​မည်​။


သင့်​အမျိုးအနွယ်​နှင့် သင့်​နိုင်ငံ​သည် သင့်​ရှေ့​မှာ အစဉ်အမြဲ​တည်မြဲ​လိမ့်မည်​။ သင်​၏​ရာဇပလ္လင်​သည်​လည်း အစဉ်အမြဲ​တည်​လိမ့်မည်​ဟု မိန့်​တော်မူ​သည်’​ဟူ၍ ဆင့်ဆို​လော့​”​ဟု မိန့်ဆို​၏​။


သင့်​ကို ငါ​ရွေးကောက်​မည်​။ သင်​သည် စိတ်​အလိုရှိ​သည့်​အတိုင်း​အုပ်စိုး​၍ အစ္စရေး​လူမျိုး​တို့​၏​ဘုရင်​ဖြစ်​မည်​။


ဤ​အတွက်ကြောင့် ဒါဝိဒ်​မင်းကြီး​၏​သားစဉ်မြေးဆက်​ကို ငါ​ချိုးနှိမ်​မည်​ဖြစ်​သော်လည်း အစဉ်အမြဲ​ပြု​မည်​မ​ဟုတ်​’​ဟူ၍ မိန့်​တော်မူ​ပြီ​”​ဟု ဆင့်ဆို​လေ​၏​။


ရှောလမုန်​မင်းကြီး​အိုမင်း​လာ​ချိန်​တွင် သူ့​မိဖုရား​များ​သည် သူ့​စိတ်နှလုံး​ကို အခြား​ဘုရား​တို့​နောက်သို့ ပါသွား​စေ​ကြ​၏​။ သူ့​ခမည်းတော်​ဒါဝိဒ်​မင်းကြီး​၏​စိတ်နှလုံး​ကဲ့သို့ မိမိ​ဘုရားသခင်​ထာဝရဘုရား​ကို စိတ်နှလုံး​အကြွင်းမဲ့​မ​ကိုးစား​ခဲ့​ချေ​။


သင့်​ခမည်းတော်​ဒါဝိဒ် လိုက်လျှောက်​ခဲ့​သည့်​အတိုင်း သင်​သည် ငါ့​လမ်း​သို့​လိုက်​၍ ငါ​၏​ပြဋ္ဌာန်းချက်​များ​၊ ပညတ်ချက်​များ​ကို စောင့်ထိန်း​မည်​ဆို​လျှင် သင့်​အသက်တာ​ကို ရှည်​စေ​မည်​”​ဟု မိန့်​တော်မူ​၏​။


“​ဤ​အိမ်​တော်​ကို သင်​တည်ဆောက်​ခဲ့​သည့်​အတိုင်း သင်​သည် ငါ​၏​ပြဋ္ဌာန်းချက်​များ​၊ စီရင်ထုံးဖွဲ့ချက်​များ​ကို လိုက်နာ​၍ ပညတ်တော်​ရှိသမျှ​ကို စောင့်ထိန်း​မည်​ဆို​လျှင် သင့်​ခမည်းတော်​ဒါဝိဒ်​မင်းကြီး​၌ ထား​ခဲ့​သော​ကတိ​တော်​များ​ကို သင်​၌ ငါ​တည်​စေ​မည်​။


စီရင်အုပ်ချုပ်​သူ​တို့​ကို ခန့်ထား​ပြီး ငါ့​လူမျိုး​တော်​အစ္စရေး​တို့​ကို အုပ်ချုပ်​စေ​သော​အချိန်​က​ကဲ့သို့​လည်း ခံရ​တော့​မည်​မ​ဟုတ်​။ ရန်​အပေါင်း​ကို ကင်းငြိမ်း​စေ​မည်​။ သင့်​အမျိုးအနွယ်​ကို​လည်း တည်​စေ​မည်​။


ထို​ဝမ်းဆွဲ​တို့​သည် ဘုရားသခင်​ကို ကြောက်ရွံ့​သောကြောင့် သူ​တို့​အား မိသားစု​ဘဝ​ကို​ပေးသနား​တော်မူ​၏​။


ယခု သင်​တို့​သည် ငါ့​စကား​ကို​သေချာ​စွာ​နားထောင်​၍ ငါ​၏​ပဋိညာဉ်​ကို​စောင့်ထိန်း​လျှင် လူမျိုး​တကာ​တို့​တွင် သင်​တို့​သည် ငါ​ပိုင်​တော်မူ​ရာ​ဘဏ္ဍာ​တော်​ဖြစ်​ကြ​လိမ့်မည်​။ အကယ်စင်စစ် ကမ္ဘာမြေ​တစ်ခွင်လုံး​ကို ငါ​ပိုင်​၏​။


“​ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား ဤသို့​မိန့်​တော်မူ​၏​။ ‘သင်​သည် ငါ့​လမ်းစဉ်​များ​အတိုင်း လိုက်လျှောက်​ပြီး ငါ​ညွှန်ကြား​သည့်​အတိုင်း လိုက်နာ​မည်​ဆိုလျှင် ငါ့​အိမ်​တော်​တွင် တာဝန်ထမ်း​ရ​သော​အခွင့်​၊ ငါ့​ဝင်း​တော်​ကို ထိန်းသိမ်းစောင့်ရှောက်​ရ​သော​အခွင့်​ကို ပေး​မည်​။ ရပ်​နေ​သော ဤ​သူ​တို့​နှင့်အတူ ဝင်ထွက်​သွားလာ​ရ​သော​အခွင့်​ကို​လည်း သင့်​အား ငါ​ပေး​မည်​။


သင်​မှစ၍ နောင်လာမည့် သင်​၏​သားမြေး​တို့​ကောင်းစား​ကြ​မည့်​အကြောင်း သွေး​ကို​မ​စား​ရ​။ ထိုသို့​ပြု​ခြင်း​သည် ထာဝရဘုရား​၏​ရှေ့​တော်​၌ ဖြောင့်မှန်​သော​အမှု​ကို​ပြု​ခြင်း​ဖြစ်​၏​။


သို့သော် သင်​သည် သင်​၏​ဘုရားသခင်​ထာဝရဘုရား​၏​စကား​တော်​ကို သေချာ​စွာ​နားထောင်​၍ ယနေ့ သင့်​အား ငါ​မှာကြား​သော ဤ​ပညတ်တော်​ရှိသမျှ​ကို လိုက်နာ​စောင့်ထိန်း​မှသာ ထို​ကောင်းချီး​များ​ကို​ရရှိ​မည်​။


ထာဝရဘုရား ကိုယ်တော်တိုင် သင့်​ရှေ့​မှ ကြွ​တော်မူ​မည်​။ သင်​နှင့်အတူ​ရှိ​မည်​။ သင့်​ကို ပစ်ထား​တော်မူ​မည်​မ​ဟုတ်​။ သင့်​ကို စွန့်ပစ်​တော်မူ​မည်​မ​ဟုတ်​။ မ​ကြောက်​နှင့်​။ စိတ်​မ​ပျက်​နှင့်​”​ဟု ပြောကြား​၏​။


သင်​အသက်ရှင်​သမျှ​ကာလ​ပတ်လုံး သင့်​ရှေ့​၌ မည်သူ​မျှ​ခုခံရပ်တည်​နိုင်​မည်​မ​ဟုတ်​။ ငါ​သည် မောရှေ​နှင့်အတူ​ရှိ​သကဲ့သို့ သင်​နှင့်အတူ​ရှိ​မည်​။ သင့်​ကို​ငါ​ပစ်​ထား​မည်​မ​ဟုတ်​၊ စွန့်ပစ်​မည်​မ​ဟုတ်​။


ငါ့​အလို​တော်​ကို​ဆောင်​၍ သစ္စာရှိ​သော​ယဇ်ပုရောဟိတ်​တစ်​ပါး​ကို ငါ​ပေါ်ထွန်း​စေ​မည်​။ သူ့​အမျိုးအနွယ်​ကို စဉ်ဆက်မပြတ် တည်ရှိ​စေ​မည်​။ သူ​သည် ငါ​ဘိသိက်ပေး​ထား​သော​သူ​ရှေ့​တွင် အစဉ်​ဝင်ထွက်​သွားလာ​ရ​လိမ့်မည်​။