ရေဇုန်သည် ဆီးရီးယားပြည်တွင် ကြီးစိုး၏။ အစ္စရေးလူမျိုးတို့ကို ရွံမုန်းသဖြင့် ဟာဒဒ်ကဲ့သို့ အစ္စရေးလူမျိုးတို့ကို ဒုက္ခပေး၍ ရှောလမုန်မင်းကြီးလက်ထက်တစ်လျှောက်လုံး အစ္စရေးလူမျိုးတို့ကို ရန်မူလေ၏။
ရေဇုန်သည်လည်းရှောလမုန်အသက်ရှင်သမျှ ကာလပတ်လုံး ဣသရေလလူမျိုးတို့အား ရန်မူလျက်နေ၏။
သူ သည် ရှု ရိ ပြည် ကို အုပ် စိုး လျက် ဟာ ဒဒ် ပြု သော အ ဆိုး မှု ပြင်၊ ရှော လ မုန် မင်း လက် ထက် ကာ လ ပတ် လုံး ဣ သ ရေ လ လူ မျိုး ကို ရွံ ရှာ ၍ ရန် မူ လေ ၏။
ဟာဒဒ်နှောင့်ယှက်သော အမှုမှတစ်ပါး ထိုသူသည် ရှောလမုန်လက်ထက်ကာလပတ်လုံး ဣသရေလအမျိုးကို ရန်ဘက်ပြု၏။ ရှုရိပြည်ကိုအစိုးရ၍ ဣသရေလအမျိုးကို စက်ဆုပ်ရွံရှာ၏။
ထိုအခါ ယာကုပ်က ရှိမောင်နှင့်လေဝိအား “ဤပြည်၌နေထိုင်ကြသော ခါနာန်လူမျိုးနှင့်ဖေရဇိလူမျိုးတို့ ငါ့ကိုစက်ဆုပ်ရွံရှာအောင် သင်တို့ပြုခြင်းအားဖြင့် ငါ့ကို ဒုက္ခပေးကြပြီတကား။ ငါ၌ လူအင်အားအနည်းငယ်သာရှိ၏။ သူတို့သည် စုဝေး၍ ငါ့ကိုတိုက်ခိုက်လျှင် ငါနှင့်ငါ၏အိမ်သူအိမ်သားတို့သည် ပျက်စီးကြရလိမ့်မည်”ဟု ဆိုလေ၏။
အဟိသောဖေလက အဗရှလုံအား “နန်းတော်ကိုစောင့်ရှောက်ရန် အရှင့်ခမည်းတော်ချန်ထားခဲ့သော မောင်းမတို့ထံ ဝင်ပါ။ ဤသို့ အရှင်သည် ခမည်းတော်စက်ဆုပ်ရွံရှာအောင်ပြုကြောင်းကို အစ္စရေးလူတစ်မျိုးနွယ်လုံးကြားသိလျှင် အရှင့်ဘက်သားအားလုံး အားတက်လာလိမ့်မည်”ဟု လျှောက်တင်၏။
ဇောဘလူမျိုးတို့ကို ဒါဝိဒ်မင်းကြီး နှိမ်နင်းခဲ့စဉ်က ရေဇုန်သည် လူတို့ကိုစုရုံးပြီး ခေါင်းဆောင်လုပ်ကာ ဓားပြအုပ်စုဖွဲ့လေ၏။ သူတို့သည် ဒမတ်စကပ်မြို့သို့သွားရောက်နေထိုင်ပြီး ထိုမြို့တွင် ဗိုလ်ကျစိုးမိုးကြ၏။
ထို့ပြင် ဘုရင့်အမှုထမ်းဖြစ်သူ ဧဖရိမ်အမျိုး၊ ဇေရဒမြို့သား၊ နေဗတ်၏သား ယေရောဗောင်သည်လည်း ရှောလမုန်မင်းကြီးကို ပုန်ကန်လေ၏။ သူ၏မိခင်မှာ ဇေရွာ အမည်ရှိသောမုဆိုးမဖြစ်၏။
ယခုမှာ အကျွန်ုပ်၏ဘုရားသခင်ထာဝရဘုရားသည် အကျွန်ုပ်လက်ထက်တွင် အေးချမ်းသာယာစေသဖြင့် အကျွန်ုပ်ပတ်လည်တွင် ရန်ပြုသူမရှိ၊ ဘေးအန္တရာယ်လည်း မရှိပါ။
သူသည် အာသမင်းကြီးထံသွားကာ “အို အာသမင်းကြီးနှင့် ယုဒအမျိုး၊ ဗင်္ယာမိန်အမျိုးအပေါင်းတို့၊ ငါ့စကားကို နားထောင်ကြပါလော့။ သင်တို့သည် ထာဝရဘုရားနှင့်အတူရှိလျှင် ထာဝရဘုရားသည်လည်း သင်တို့နှင့်အတူ ရှိလိမ့်မည်။ ကိုယ်တော်ကိုရှာလျှင် အတွေ့ခံတော်မူမည်။ ကိုယ်တော်ကို စွန့်ပစ်လျှင် ကိုယ်တော်သည်လည်း သင်တို့ကို စွန့်ပစ်တော်မူမည်။
ထို့ကြောင့် ထာဝရဘုရားသည် မိမိ၏လူမျိုးတော်အပေါ်အမျက်ထွက်၍ မိမိ၏အမွေတော်ကို စက်ဆုပ်ရွံရှာတော်မူ၏။
တစ်လတည်းတွင် သိုးထိန်းသုံးဦးကို ငါဖယ်ရှားပစ်၏။ ငါသည် သူတို့ကို သည်းမခံနိုင်။ သူတို့သည်လည်း ငါ့ကို မုန်းကြ၏။
ဧဒုံအမျိုးသားသည် သင်၏အစ်ကိုဖြစ်သောကြောင့် သူတို့ကို သင်မရွံမုန်းရ။ အီဂျစ်ပြည်၌ သင်ဧည့်သည်ဖြစ်ခဲ့ဖူးသောကြောင့် အီဂျစ်အမျိုးသားတို့ကို သင်မရွံမုန်းရ။