သို့သော်လည်း ထာဝရဘုရားသည် ယောသပ်နှင့်အတူရှိ၍ သူ့ကို မေတ္တာကရုဏာပြလျက် ထောင်မှူးရှေ့၌ မျက်နှာရစေတော်မူ၏။
၃ ရာ 11:19 - မြန်မာ့စံမီသမ္မာကျမ်း ဖာရောမင်းကြီးသည် ဟာဒဒ်ကို အလွန်သဘောကျသဖြင့် မိမိကြင်ရာတော်မိဖုရားတာပနက်၏ညီမနှင့် စုံဖက်ပေး၏။ Common Language Bible ဟာဒဒ်သည်မင်းကြီးနှင့်ချစ်ကျွမ်းဝင်၍လာ ရကား မင်းကြီးကသူ့အားမိဖုရားတာပနက် ၏ညီမ၊ မိမိ၏ခယ်မတော်နှင့်စုံဖက်ပေးတော် မူ၏။- Garrad Bible ဖာ ရော မင်း သည် ဟာ ဒဒ် ကို အ ထူး မျက် နှာ သာ ပေး သ ဖြင့် မိ ဖု ရား တာ ပ နက် ညီ မ တော် နှင့် ဆောင် နှင်း ရာ Judson Bible ဖာရောဘုရင်သည် ဟာဒဒ်ကိုအလွန်ချစ်၍ မိမိခင်ပွန်း မိဖုရားတာပနက်၏ညီမကိုပေးစား၏။ |
သို့သော်လည်း ထာဝရဘုရားသည် ယောသပ်နှင့်အတူရှိ၍ သူ့ကို မေတ္တာကရုဏာပြလျက် ထောင်မှူးရှေ့၌ မျက်နှာရစေတော်မူ၏။
ထို့ကြောင့် ယောသပ်သည် သခင့်ရှေ့၌မျက်နှာရ၍ သခင့်အားခစားလျက်နေရ၏။ သခင်သည် မိမိအိမ်ကိုကြီးကြပ်သူအဖြစ် သူ့အားခန့်ထား၍ မိမိ၌ရှိသောအရာအားလုံးတို့ကို သူ့လက်၌အပ်လေ၏။
ဖာရောမင်းကြီးသည် ယောသပ်၏အမည်ကို ဇာဖဏာသဖာဏ ဟုမှည့်ခေါ်၍ ယောသပ်ကို ဩနမြို့၏ယဇ်ပုရောဟိတ် ပေါတိဖေရ၏သမီး အာသနတ်နှင့်ထိမ်းမြားပေး၏။ ထို့နောက် ယောသပ်သည် အီဂျစ်ပြည်ကိုလှည့်လည်ကြည့်ရှုရန်ထွက်သွား၏။
သူတို့သည် မိဒျန်ပြည်မှထွက်၍ ပါရန်ပြည်သို့သွား၏။ ထိုမှ ပါရန်အမျိုးသားအချို့ကို သူတို့နှင့်အတူခေါ်၍ အီဂျစ်ပြည်သို့သွားကာ အီဂျစ်ဘုရင်ဖာရောမင်းကြီးထံ ခိုဝင်ကြ၏။ ဖာရောမင်းကြီးသည် သူတို့အား နေစရာအိမ်ကိုပေးကာ အစားအစာများကို ထောက်ပံ့၍ မြေကိုလည်းပေး၏။
တာပနက်၏ညီမသည် သားဂေနုဗတ်ကိုမွေးဖွား၏။ တာပနက်သည် ဂေနုဗတ်ကို ဖာရောမင်းကြီး၏နန်းတွင်းတွင် ကျွေးမွေးပြုစုထားသဖြင့် သူသည် ဖာရောမင်းကြီး၏သားတော်များနှင့်အတူ ဖာရောမင်းကြီး၏နန်းတွင်း၌ နေထိုင်ရလေ၏။
သူ၏ဆင်းရဲဒုက္ခအလုံးစုံတို့ထဲမှ သူ့ကိုကယ်နုတ်ပြီး သူ့အားဉာဏ်ပညာကိုပေးလျက် အီဂျစ်ဘုရင် ဖာရောမင်းရှေ့၌ မျက်နှာရစေတော်မူ၏။ ထိုအခါ ဖာရောမင်းသည် အီဂျစ်ပြည်နှင့်မိမိ၏နန်းတော်တစ်ခုလုံးကို ဦးဆောင်သူအဖြစ် သူ့ကိုခန့်ထားလေ၏။
ထို့နောက် အပြင်၌ထုတ်ထားသောအခါ ဖာရောဘုရင်၏သမီးတော်သည် သူ့ကိုကောက်ယူ၍ မိမိသားအဖြစ်မွေးစားလေ၏။