တံခါးစောင့်တို့သည် အရှေ့၊ အနောက်၊ တောင်၊ မြောက် လေးမျက်နှာလုံးတွင် စောင့်ကြပ်ကြရ၏။
၃ ရာ 10:15 - မြန်မာ့စံမီသမ္မာကျမ်း ထို့ပြင် ကုန်သည်များ၊ အရောင်းအဝယ်သမားများ၊ အာရေဗျဘုရင်အပေါင်းတို့နှင့် တိုင်းပြည်တွင်းရှိဘုရင်ခံတို့ထံမှလည်း ရရှိသေး၏။ Common Language Bible ထို့အပြင်ကုန်သည်ကြီးများထံမှကောက်ခံရရှိ သည့်အခွန်အကောက်များ၊ ကုန်စည်ကူးသန်းရောင်း ဝယ်မှုမှထွက်ပေါ်လာသည့်အမြတ်အစွန်းများ၊ အာရပ်ဘုရင်များနှင့်နယ်မြေဘုရင်ခံများ ဆက်သသည့်အခွန်များရရှိသေး၏။ Judson Bible ထိုမှတစ်ပါး ကုန်သည်များ၊ လှည်းသမားများ၊ အာရပ်မင်းကြီးရှိသမျှ၊ မြို့ဝန်များဆက်သောရွှေ ရှိသေး၏။ |
တံခါးစောင့်တို့သည် အရှေ့၊ အနောက်၊ တောင်၊ မြောက် လေးမျက်နှာလုံးတွင် စောင့်ကြပ်ကြရ၏။
တာရှုဘုရင်နှင့်ကမ်းရိုးတန်းနိုင်ငံများမှ ရှင်ဘုရင်တို့သည် လက်ဆောင်ပဏ္ဏာကို ယူဆောင်လာကြပါစေသော။ ရှေဘဘုရင်နှင့်သေဘဘုရင်တို့သည်လည်း အခွန်ကို ဆက်သကြပါစေသော။
အာရေဗျပြည်နှင့်ဆိုင်သောဗျာဒိတ်တော်။ ဒေဒန်လူမျိုးခရီးသွားသူတို့၊ သင်တို့သည် အာရေဗျတော၌ ညအိပ်နားကြရမည်။
ဒါရိမင်းကြီးနန်းစံ ဒုတိယနှစ်၊ ဆဋ္ဌမလ၊ တစ်ရက်နေ့တွင် ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ပရောဖက်ဟဂ္ဂဲမှတစ်ဆင့် ရှာလသေလ၏သား ယုဒဘုရင်ခံဇေရုဗဗေလနှင့် ယောဇဒက်၏သား ယဇ်ပုရောဟိတ်မင်းယောရှုတို့ထံသို့ ရောက်လာသည်မှာ ဤသို့တည်း။
ဟာဂရသည် အာရေဗျပြည်၌ရှိသော သိနာတောင်ကိုဆိုလို၍ လက်ရှိဂျေရုဆလင်မြို့နှင့်လည်း အလားတူ၏။ အဘယ်ကြောင့်ဆိုသော် ၎င်းသည် မိမိ၏သားသမီးတို့နှင့်အတူ ကျွန်ခံနေရ၏။