သို့ရာတွင် သူတို့သည် ငါ့ကိုစေလွှတ်တော်မူသောအရှင်ကို မသိကြသဖြင့် ငါ၏နာမကြောင့် သင်တို့အပေါ် ထိုအမှုအရာအားလုံးတို့ကို ပြုကြလိမ့်မည်။
၃ ယော 1:7 - မြန်မာ့စံမီသမ္မာကျမ်း ထိုသူတို့သည် သာသနာပလူမျိုးခြားတို့ထံမှ မည်သည့်အရာကိုမျှမယူဘဲ နာမတော်အတွက်ခရီးပြုကြ၏။ Common Language Bible သူတို့သည်ယုံကြည်သူမဟုတ်သူများထံမှ အကူအညီကိုမယူဘဲ နာမတော်အကြောင်း ဟောပြောရန်ခရီးထွက်ကြသူများဖြစ်ပေ သည်။- Garrad Bible လူ မျိုး ခြား တို့ ထံ မှ အ လှူ မ ခံ ဘဲ နာ မ တော့် အ တွက် ကြောင့် သူ တို့ ထွက် သွား ကြ သည့် အ လျောက်၊ Judson Bible အကြောင်းမူကား၊ ထိုသူတို့သည် နာမတော်ကိုထောက်၍၊ သာသနာပလူတို့တွင် အလှူမခံဘဲသွားကြ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း အဘယ်ကြောင့်ဆိုသော် ထိုသူတို့သည် ဘုရားသခင်ကို မကိုးကွယ်သောသူတို့ထံမှ မည်သည့်အကူအညီကိုမျှ မယူဘဲ သခင်ဘုရား၏နာမတော်အတွက် ခရီးပြုကြသောကြောင့်ဖြစ်၏။ |
သို့ရာတွင် သူတို့သည် ငါ့ကိုစေလွှတ်တော်မူသောအရှင်ကို မသိကြသဖြင့် ငါ၏နာမကြောင့် သင်တို့အပေါ် ထိုအမှုအရာအားလုံးတို့ကို ပြုကြလိမ့်မည်။
ထိုသို့ကြိုးစားလုပ်ဆောင်၍ အားနည်းသောသူတို့ကို ကူညီမစသင့်ကြောင်းနှင့်‘ပေးကမ်းခြင်းသည် ရယူခြင်းထက် သာ၍မင်္ဂလာရှိသည်’ဟု သခင်ယေရှုကိုယ်တော်တိုင် မိန့်တော်မူသည့်စကားကို သတိရသင့်ကြောင်း အရာရာ၌ သင်တို့အား ငါပြသ၏”ဟု ဆိုလေ၏။
တမန်တော်တို့သည် နာမတော်အတွက် အရှက်ခွဲခြင်းကိုခံထိုက်သူများအဖြစ် မှတ်ယူတော်မူခြင်းခံရသောကြောင့် ဝမ်းမြောက်လျက် တရားလွှတ်တော်ရှေ့မှထွက်သွားကြ၏။
သူသည် ငါ၏နာမအတွက် မည်မျှ ဒုက္ခဝေဒနာခံစားရမည်ကို သူ့အား ငါပြသမည်”ဟု မိန့်တော်မူ၏။
သို့ဖြစ်လျှင် ငါ့အတွက် မည်သည့်ဆုလာဘ်ရှိသနည်း။ ၎င်းမှာ ကောင်းမြတ်သောသတင်းကိုဟောပြောသည့်အခါ အဖိုးအခမယူဘဲ ထိုသတင်းကို ဝေငှဟောပြော၍ ကောင်းမြတ်သောသတင်းနှင့်ဆိုင်သော ငါ၏ရပိုင်ခွင့်ကို အပြည့်အဝအသုံးမချဘဲနေခြင်းပင်ဖြစ်၏။
ငါကိုယ်တိုင်သည် သင်တို့အတွက် ဝန်ထုပ်ဝန်ပိုးမဖြစ်ခဲ့ခြင်းမှတစ်ပါး သင်တို့၌ အခြားသောအသင်းတော်များထက် ပို၍ဂုဏ်ငယ်စရာအကြောင်း တစ်စုံတစ်ခုရှိသလော။ ဤမမျှတမှုအတွက် ငါ့ကိုခွင့်လွှတ်ကြလော့။
အကြောင်းမူကား ငါတို့သည် မိမိတို့အကြောင်းကို ဟောပြောကြသည်မဟုတ်ဘဲ ယေရှုခရစ်တော်သည် အရှင်သခင်ဖြစ်ကြောင်းကို ဟောပြောကြ၏။ ငါတို့ကိုယ်တိုင်မူကား ယေရှုအတွက် သင်တို့၏အစေအပါးများဖြစ်ကြ၏။
ထို့ကြောင့် ဘုရားသခင်သည် ကိုယ်တော်ကို အလွန်ချီးမြှောက်တော်မူ၍ ဘွဲ့နာမတကာတို့ထက် ကြီးမြတ်သောဘွဲ့နာမကို ပေးအပ်တော်မူ၏။
ငါသည် သင်တို့အတွက်ခံရသောဒုက္ခဝေဒနာ၌ ယခုဝမ်းမြောက်၍ ခရစ်တော်၏ဆင်းရဲဒုက္ခတွင် လိုအပ်သေးသည့်အပိုင်းကို ကိုယ်တော်၏ကိုယ်ခန္ဓာတည်းဟူသောအသင်းတော်အတွက် ငါ၏ကိုယ်ကာယ၌ ဖြည့်ဆည်းလျက်ရှိ၏။
ထို့ကြောင့် ငါတို့သည် သမ္မာတရားအတွက် သူတို့နှင့်အတူလုပ်ဆောင်သောသူဖြစ်ကြရန် သူတို့ကိုကူညီထောက်ပံ့သင့်၏။
သင်သည် သည်းခံခြင်းရှိလျက် ငါ၏နာမအတွက် အပင်ပန်းခံ၍ အားလျော့ခြင်းမရှိခဲ့ချေ။