ကိုယ်တော်ကိုမပြစ်မှားမိစေရန် ကိုယ်တော်၏မိန့်တော်မူချက်ကို အကျွန်ုပ်၏စိတ်နှလုံးထဲ၌ သိုမှီးထားပါပြီ။
၃ ယော 1:3 - မြန်မာ့စံမီသမ္မာကျမ်း သင်သည် သမ္မာတရား၌ အသက်ရှင်လျှောက်လှမ်းနေသည့်အလျောက် ညီအစ်ကိုအချို့တို့သည်လာ၍ သင်၌ရှိသောသမ္မာတရားအကြောင်းကို သက်သေခံကြသောအခါ ငါသည် အလွန်ဝမ်းမြောက်၏။ Common Language Bible သင်သည်သမ္မာတရားကိုအမြဲလိုက်နာခဲ့ သည့်အတိုင်း ယခုလည်းသစ္စာနှင့်လိုက်နာကျင့် သုံးလျက်ရှိကြောင်းကို ညီအစ်ကိုအချို့တို့ လာရောက်ပြောပြ၍ကြားရသဖြင့်ငါ သည်အလွန်ဝမ်းမြောက်၏။- Garrad Bible သ စ္စာ နှင့် သင် လျှောက် လိုက် သည့် အ တိုင်း သင်၌ ရှိ သော သ မ္မာ တ ရား အ ကြောင်း ညီ အစ် ကို တို့ လာ၍ သက် သေ ခံ ကြ သည့် အ တွက် ငါ အား ရွှင် လန်း၏။ Judson Bible သင်သည် သမ္မာတရား၌ ကျင်လည်သည်အတိုင်း သင်၌ရှိသော သမ္မာတရား၏အကြောင်းကို ညီအစ်ကိုတို့သည် လာ၍ သက်သေခံကြသောအခါ၊ ငါသည် အလွန်ဝမ်းမြောက်ခြင်း ရှိ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း သင်သည် သမ္မာတရား၌ ကျင်လည်နေသည့်အတိုင်း ယုံကြည်သူတချို့သည် လာ၍ သမ္မာတရားအပေါ် သင်သစ္စာရှိသည့်အကြောင်း သက်သေခံကြသောအခါ ကျွန်ုပ်အလွန်ဝမ်းမြောက်၏။ |
ကိုယ်တော်ကိုမပြစ်မှားမိစေရန် ကိုယ်တော်၏မိန့်တော်မူချက်ကို အကျွန်ုပ်၏စိတ်နှလုံးထဲ၌ သိုမှီးထားပါပြီ။
ထိုနေ့ရက်များ၌ အရေအတွက်အားဖြင့် တစ်ရာ့နှစ်ဆယ်ခန့်ရှိသောညီအစ်ကိုတို့သည် တစ်နေရာတည်းတွင် စုဝေးကြရာ ပေတရုသည် သူတို့အလယ်၌ထ၍
ထို့ကြောင့် ငါတို့သည် အခါအခွင့်ရသောအခါ လူအပေါင်းတို့အပေါ် အထူးသဖြင့် ယုံကြည်ခြင်း၏အိမ်သူအိမ်သားတို့အပေါ် ကောင်းသောအမှုကို ပြုကြကုန်စို့။
ငါဆုတောင်းသည့်အခါတိုင်း သင်တို့အားလုံးအတွက် ဝမ်းမြောက်သောစိတ်နှင့် အစဉ်အမြဲဆုတောင်း၏။
ဤသို့ ငါတို့ချစ်ကြသည်မှာ ငါတို့၌တည်နေ၍ ငါတို့နှင့်အတူ ကာလအစဉ်အဆက်ရှိမည့် သမ္မာတရားကြောင့်ဖြစ်၏။
သင်၏သားသမီးအချို့တို့သည် ခမည်းတော်ဘုရားထံမှ ငါတို့ခံယူရရှိသောပညတ်တော်အတိုင်း သမ္မာတရား၌ အသက်ရှင်လျှောက်လှမ်းနေကြသည်ကို တွေ့ရသဖြင့် ငါအလွန်ဝမ်းမြောက်၏။
ထို့ကြောင့် ငါလာသောအခါ သူပြုနေသောအမှုကိုထောက်ပြမည်။ သူသည် မကောင်းသောစကားအမျိုးမျိုးတို့ဖြင့် ငါတို့ကို ကဲ့ရဲ့ပြစ်တင်ပြီး ဤမျှနှင့်သာမကျေနပ်ဘဲ သူကိုယ်တိုင်လည်း ညီအစ်ကိုတို့ကိုလက်မခံ၊ လက်ခံလိုသောသူများကိုလည်း တားမြစ်၍ အသင်းတော်မှ နှင်ထုတ်၏။
ချစ်ရသောသူ၊ သင်၏စိတ်ဝိညာဉ်ကြီးပွားသကဲ့သို့ သင်သည် အရာရာ၌ကြီးပွား၍ ကျန်းမာပါစေဟု ငါဆုတောင်း၏။
ငါ့သားသမီးတို့သည် သမ္မာတရား၌အသက်ရှင်လျှောက်လှမ်းနေကြောင်းကို ကြားရသည်ထက် ဝမ်းမြောက်စရာကောင်းသောအရာသည် ငါ၌မရှိ။
ချစ်ရသောသူ၊ သင်သည် ညီအစ်ကိုများအပေါ် အထူးသဖြင့် သူစိမ်းဧည့်သည်များအပေါ် ပြုသမျှသောဝတ်ကို သစ္စာရှိစွာပြုတတ်၏။