သူတို့သည် ထိုအတိုင်းပြုလျက် ၎င်းကို ဗာနဗနှင့်ရှောလုတို့၏လက်မှတစ်ဆင့် အသင်းတော်အကြီးအကဲများထံသို့ ပေးပို့ကြ၏။
၃ ယော 1:1 - မြန်မာ့စံမီသမ္မာကျမ်း သက်ကြီးဝါကြီးဖြစ်သောငါသည် သမ္မာတရား၌ ငါချစ်သည့် ချစ်ရသောဂါယုထံသို့ စာရေးလိုက်ပါ၏။ Common Language Bible အသက်ကြီးသူထံမှအမှန်ပင်သမ္မာတရား တော်အားဖြင့် ငါချစ်မြတ်နိုးသူဂါယုထံ သို့စာရေးလိုက်သည်။ Garrad Bible ဥ က္က ဋ္ဌ ဖြစ် သူ ငါ က သ စ္စာ နှင့် ငါ ချစ် ခင် မြတ် နိုး သော ဂါ ယု ထံ ရေး လိုက် သည် မှာ၊ Judson Bible အသက်ကြီးသူသည် ချစ်အပ်သောဂါယုကို ကြားလိုက်ပါ၏။ ငါသည် သင်၌ မှန်ကန်သောချစ်ခြင်း မေတ္တာရှိ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း အသက်ကြီးသူဖြစ်သော ကျွန်ုပ်ယောဟန်သည် ကျွန်ုပ်အမှန်တကယ်ချစ်ခင်ရသည့် ဂါယုထံသို့ စာရေးလိုက်ပါ၏။ |
သူတို့သည် ထိုအတိုင်းပြုလျက် ၎င်းကို ဗာနဗနှင့်ရှောလုတို့၏လက်မှတစ်ဆင့် အသင်းတော်အကြီးအကဲများထံသို့ ပေးပို့ကြ၏။
ထိုအခါ တစ်မြို့လုံး ရုန်းရင်းဆန်ခတ်ဖြစ်လေ၏။ လူတို့သည် ပေါလုနှင့်အတူလိုက်ပါသည့် မာကေဒေါနိပြည်သား ဂါယုနှင့်အာရိတ္တာခုတို့ကို ဖမ်းဆီးပြီး ဇာတ်ရုံထဲသို့ တစ်ဟုန်ထိုးပြေးဝင်သွားကြ၏။
ပေါလုနှင့်အတူလိုက်ပါသောသူတို့မှာ ဗေရိမြို့သား ပုရု၏သားသောပတရု၊ သက်သာလောနိတ်မြို့သား အာရိတ္တာခုနှင့်သေကုန္ဒု၊ ဒေရဗေမြို့သား ဂါယု၊ တိမောသေ၊ အာရှပြည်သား တုခိတ်နှင့်တရောဖိမ်တို့ဖြစ်ကြ၏။
ငါမှစ၍ အသင်းတော်တစ်ခုလုံးကိုလက်ခံသောအိမ်ရှင်ဂါယုသည် သင်တို့ကိုနှုတ်ဆက်၏။ မြို့တော်ဘဏ္ဍာထိန်းဧရတ္တုနှင့် ငါတို့၏ညီအစ်ကိုကွာတုတို့သည် သင်တို့ကိုနှုတ်ဆက်ကြ၏။
ငါသည် သင်တို့ထဲမှ ကရိပ္ပုနှင့်ဂါယုတို့မှတစ်ပါး အခြားမည်သူ့ကိုမျှ ဗတ္တိဇံမပေးခဲ့သောကြောင့် ဘုရားသခင်ကိုကျေးဇူးတင်၏။
သို့ဖြစ်၍ အသင်းတော်အကြီးအကဲတစ်ဦးဖြစ်ပြီး ခရစ်တော်၏ဒုက္ခဝေဒနာများကိုသက်သေခံသူနှင့် ထင်ရှားလာတော့မည့် ကိုယ်တော်၏ဘုန်းအသရေတော်ကို မျှဝေခံစားသူဖြစ်သောငါသည် သင်တို့တွင်ရှိသောအသင်းတော်အကြီးအကဲများကို တိုက်တွန်းနှိုးဆော်ပါ၏။
သားသမီးတို့၊ ငါတို့သည် စကားနှင့် နှုတ်အားဖြင့်သာမဟုတ်ဘဲ လုပ်ဆောင်မှုနှင့် သမ္မာတရားတို့အားဖြင့် ချစ်ကြကုန်စို့။
ချစ်ရသောသူ၊ သင်၏စိတ်ဝိညာဉ်ကြီးပွားသကဲ့သို့ သင်သည် အရာရာ၌ကြီးပွား၍ ကျန်းမာပါစေဟု ငါဆုတောင်း၏။