ငြိမ်းချမ်းမှုနှင့်ယှဉ်တွဲလျက်ရှိသော မုန့်ခြောက်အနည်းငယ်သည် ခိုက်ရန်ဖြစ်ပွားခြင်းနှင့်ယှဉ်တွဲလျက်ရှိသည့် စားသောက်ဖွယ်အပြည့်ရှိသောအိမ်ထက် ပို၍ကောင်း၏။
၂ သက် 3:12 - မြန်မာ့စံမီသမ္မာကျမ်း ထိုသို့သောသူတို့သည် ကိုယ့်ထမင်းကိုယ်စားနိုင်ရန်အတွက် အေးဆေးတည်ငြိမ်စွာအလုပ်လုပ်ကြရန် သခင်ယေရှုခရစ်တော်၌ ငါတို့ညွှန်ကြားလျက် တိုက်တွန်းနှိုးဆော်ကြပါ၏။ Common Language Bible ဤကဲ့သို့သောသူတို့အားငြိမ်ဝပ်စွာနေထိုင် ကာအလုပ်ကိုလုပ်၍အသက်မွေးဝမ်းကျောင်း ကြရန် ငါတို့သည်အရှင်သခင်ယေရှုခရစ် ၏နာမတော်ကိုအမှီပြုလျက်အမိန့်ပေး ၍တိုက်တွန်း၏။ Garrad Bible ထို သို့ သော သူ တို့ သည် သေ ဝပ် စွာ လုပ် ကိုင် လျက် အ သက် မွေး စေ ရန် အ ရှင် ယေ ရှု ခ ရစ် တော် အား ဖြင့် ငါ တို့ မှာ ထား နှိုး ဆော် လိုက် ၏။ Judson Bible ထိုသို့သောသူတို့သည် ငြိမ်ဝပ်စွာ လုပ်ဆောင်၍၊ ကိုယ်အစာကို စားမည်အကြောင်း၊ ငါတို့သခင် ယေရှုခရစ်အားဖြင့် ငါတို့သည် ပညတ်ထား၍၊ တိုက်တွန်း သွေးဆောင်ကြ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ကျွန်ုပ်တို့သည် ထိုကဲ့သို့သောလူများကို မိမိဝမ်းစာအတွက် မိမိကိုယ်တိုင် အေးချမ်းစွာ ကြိုးစားရှာဖွေရန် သခင်ယေရှုခရစ်တော်၏ အခွင့်အာဏာဖြင့် ညွှန်ကြားကာ တိုက်တွန်းနှိုးဆော်ကြ၏။ |
ငြိမ်းချမ်းမှုနှင့်ယှဉ်တွဲလျက်ရှိသော မုန့်ခြောက်အနည်းငယ်သည် ခိုက်ရန်ဖြစ်ပွားခြင်းနှင့်ယှဉ်တွဲလျက်ရှိသည့် စားသောက်ဖွယ်အပြည့်ရှိသောအိမ်ထက် ပို၍ကောင်း၏။
လက်တစ်ဆုပ်စာအေးချမ်းမှုသည် လက်ခုပ်တစ်ခုပ်စာကြိုးပမ်းအားထုတ်မှုနှင့် လေကိုလိုက်ဖမ်းခြင်းတို့ထက် ပို၍ကောင်း၏။
ခိုးတတ်သောသူသည် နောက်ထပ် မခိုးဘဲ လိုအပ်သောသူအား ဝေမျှစရာရှိစေရန် မိမိလက်ဖြင့် ကောင်းသောအလုပ်ကို အားထုတ်လုပ်ဆောင်စေ။
နောက်ဆုံးအနေဖြင့်ဆိုရလျှင် ညီအစ်ကိုတို့၊ သင်တို့သည် ဘုရားသခင်ကိုနှစ်သက်စေရန် မည်ကဲ့သို့အသက်ရှင်လျှောက်လှမ်းရမည်ကို ငါတို့ထံမှနည်းခံကြပြီး ထိုအတိုင်းအသက်ရှင်လျှောက်လှမ်းကြသည့်နည်းတူ ပို၍ပြည့်စုံစွာ ကြိုးစားအားထုတ်ကြရန် သင်တို့အား သခင်ယေရှု၏နာမတော်၌ ငါတို့တိုက်တွန်းနှိုးဆော်လျက် တောင်းပန်ကြ၏။
သင်တို့အား ငါတို့ညွှန်ကြားခဲ့သည့်အတိုင်း အေးဆေးတည်ငြိမ်စွာနေထိုင်နိုင်ရန် ရည်မှန်းကြိုးစားလျက် မိမိကိစ္စများကိုအာရုံစိုက်၍ မိမိတို့လက်ဖြင့်အလုပ်လုပ်ကြရန်လည်းကောင်း ငါတို့တိုက်တွန်းနှိုးဆော်ပါ၏။
မည်သူ၏အစားအစာကိုမျှ အလကားမစားဘဲ သင်တို့ထဲမှ မည်သူ့အပေါ်၌မျှ ဝန်ထုပ်ဝန်ပိုးမဖြစ်စေရန် ကြိုးပမ်းအားထုတ်လျက် ပင်ပန်းခက်ခဲစွာဖြင့် နေ့ရောညပါအလုပ်လုပ်ကြ၏။
ဤသည်ကား ငါတို့သည် ဘုရားဝတ်၌မွေ့လျော်ခြင်းနှင့်တည်ကြည်လေးနက်ခြင်းအပြည့်အဝရှိလျက် အေးချမ်းတည်ငြိမ်စွာအသက်ရှင်နေထိုင်နိုင်ရန်ဖြစ်၏။