ရှောလမုန်မင်းကြီး၌ မြင်းဇောင်းလေးထောင်နှင့် မြင်းရထားများ၊ မြင်းစီးသူရဲတစ်သောင်းနှစ်ထောင်ရှိပြီး ၎င်းတို့ကို ရထားထားရှိရာမြို့များနှင့် ရှင်ဘုရင်စံမြန်းရာဂျေရုဆလင်မြို့တွင် ထားရှိ၏။
ရှောလမုန်မင်းတွင်စစ်ရထားများနှင့်မြင်းများ အတွက်မြင်းစောင်းလေးထောင်ရှိ၍တိုက်မြင်း တစ်သောင်းနှစ်ထောင်လည်းရှိလေသည်။ ထိုမြင်း အချို့တို့ကိုယေရုရှလင်မြို့၌လည်းကောင်း၊ အချို့တို့ကိုအခြားမြို့များ၌လည်းကောင်း ထားရှိတော်မူ၏။-
ရှော လ မုန် မင်း ပိုင် စစ် ရ ထား က သော မြင်း လေး ထောင်၊ မြင်း စီး သူ ရဲ တစ် သောင်း နှစ် ထောင် တို့ ကို ရ ထား ထိန်း မြို့ များ၌ လည်း ကောင်း၊ ယေ ရု ရှ လင် မြို့၊ အ ပါး တော် ၌ လည်း ကောင်း၊ ထား လေ ၏။
ရှောလမုန်သည်လည်း၊ ရထားတော်များနှင့် ထိုင်သောမြင်းတင်းကုပ် လေးထောင်၊ မြင်းစီးသူရဲ တစ်သောင်းနှစ်ထောင်ရှိ၏။ ရထားထိန်းမြို့တို့၌လည်းကောင်း၊ ယေရုရှလင်မြို့ အထံတော်၌လည်းကောင်း ထား၏။
ရှောလမုန်မင်းကြီးသည် ရထားများ၊ မြင်းများကို စုဆောင်းလေ့ရှိ၏။ ထို့ကြောင့် သူ၌ ရထားအစီးတစ်ထောင့်လေးရာနှင့် မြင်းစီးသူရဲတစ်သောင်းနှစ်ထောင်ရှိလေ၏။ ၎င်းတို့ကို ရထားထားရာမြို့များနှင့် ရှင်ဘုရင်စံမြန်းရာဂျေရုဆလင်မြို့တွင် ထားရှိ၏။
ရှောလမုန်မင်းကြီးပိုင်သောရထားဆွဲမြင်းများထားရန် မြင်းဇောင်း လေးသောင်းနှင့် မြင်းစီးသူရဲ တစ်သောင်းနှစ်ထောင်ရှိ၏။
ရှောလမုန်မင်းကြီးသည် မြင်းများ၊ ရထားများကို စုဆောင်းလေ့ရှိ၏။ ထို့ကြောင့် သူ၌ ရထားအစီးရေတစ်ထောင့်လေးရာနှင့် မြင်းစီးသူရဲ တစ်သောင်းနှစ်ထောင်ရှိ၏။ ၎င်းတို့ကို ရထားထားရာမြို့များနှင့် ရှင်ဘုရင်စံမြန်းရာဂျေရုဆလင်မြို့တို့တွင် ထားရှိ၏။
ထိုဘုရင်သည် မိမိအတွက် မြင်းတို့ကို မစုဆောင်းရ။ မြင်းများကိုစုဆောင်းရရှိရန် လူတို့ကိုအီဂျစ်ပြည်သို့ ထပ်၍ပြန်မသွားစေနှင့်။ အကြောင်းမူကား ထာဝရဘုရားက ‘သင်တို့သည် ထိုလမ်းသို့ နောက်တစ်ဖန် လုံးဝပြန်မသွားရ’ဟု သင်တို့အားမိန့်တော်မူခဲ့၏။