ထာဝရဘုရား၏အိမ်တော်ရှိဘဏ္ဍာများနှင့် ရှင်ဘုရင်နန်းတော်ရှိဘဏ္ဍာများကို ထုတ်ဆောင်၍ ထိုအရာအားလုံးအပြင် ရှောလမုန်မင်းကြီးပြုလုပ်ခဲ့သောရွှေဒိုင်းလွှားအားလုံးကိုလည်း ယူဆောင်သွား၏။
၂ ရာချုပ် 9:15 - မြန်မာ့စံမီသမ္မာကျမ်း ရှောလမုန်မင်းကြီးသည် ဒိုင်းလွှားကြီးအခုနှစ်ရာကိုလည်း ရွှေဖြင့်ထုလုပ်၏။ ဒိုင်းလွှားကြီးတစ်ခုစီတွင် ရွှေအချိန်ခြောက်ရာရှယ်ကယ်ပါဝင်၏။ Common Language Bible ရှောလမုန်သည်တစ်ဆယ့်ငါးပေါင်နီးပါး စီရှိသည့်ရွှေပြားများဖြင့်မွမ်းမံထားသည့် ဒိုင်းကြီးနှစ်ရာ၊- Garrad Bible ရှော လ မုန် မင်း သည် ရွှေ ချိန် ခြောက် ပိဿာ စီ စီး သော ဒိုင်း လွှား ရှည် နှစ် ရာ၊ Judson Bible ရှောလမုန်မင်းကြီးသည် ရွှေခြောက်ပိဿာစီဖြင့် ဒိုင်းကြီးနှစ်ရာ၊ |
ထာဝရဘုရား၏အိမ်တော်ရှိဘဏ္ဍာများနှင့် ရှင်ဘုရင်နန်းတော်ရှိဘဏ္ဍာများကို ထုတ်ဆောင်၍ ထိုအရာအားလုံးအပြင် ရှောလမုန်မင်းကြီးပြုလုပ်ခဲ့သောရွှေဒိုင်းလွှားအားလုံးကိုလည်း ယူဆောင်သွား၏။
ထို့ပြင် ကုန်သည်များ၊ အရောင်းအဝယ်သမားများ၊ အာရေဗျဘုရင်အပေါင်းတို့နှင့် တိုင်းပြည်တွင်းရှိဘုရင်ခံတို့သည်လည်း ရှောလမုန်မင်းကြီးထံ ရွှေငွေများကို ယူဆောင်လာပေး၏။
ဒိုင်းလွှားငယ်အခုသုံးရာကိုလည်း ရွှေဖြင့်ထုလုပ်၏။ ဒိုင်းလွှားငယ်တစ်ခုစီတွင် ရွှေအချိန်သုံးရာပါဝင်၏။ ရှင်ဘုရင်သည် ထိုဒိုင်းလွှားတို့ကို လက်ဘနွန်တောစံနန်းဆောင်တွင် ထားရှိ၏။
အလက်နှင့် အလက်တို့၏ပွင့်ဖတ်အုံများသည် ဆီမီးခုံနှင့်တစ်သားတည်းဖြစ်ရမည်။ ဆီမီးခုံတစ်ခုလုံးကို ရွှေစင်တစ်တုံးတည်းဖြင့် ထုလုပ်ရမည်။