ရှောလမုန်မင်းကြီးသည်လည်း ရှေဘဘုရင်မအား စေတနာအလျောက် လက်ဆောင်များကို ပေးသည့်အပြင် သူအလိုရှိသမျှ တောင်းသမျှတို့ကိုလည်း ပေးသေး၏။ ထို့နောက် ဘုရင်မသည် မိမိနောက်လိုက်ဗိုလ်ပါများနှင့်အတူ မိမိပြည်သို့ ပြန်သွားလေ၏။
၂ ရာချုပ် 9:12 - မြန်မာ့စံမီသမ္မာကျမ်း ရှောလမုန်မင်းကြီးသည်လည်း ရှေဘဘုရင်မအား စေတနာအလျောက် လက်ဆောင်များကိုပေးသည့်အပြင် သူအလိုရှိသမျှ၊ တောင်းသမျှတို့ကိုလည်း ပေးသေး၏။ ထို့နောက် သူသည် မိမိနောက်လိုက်ဗိုလ်ပါများနှင့်အတူ မိမိပြည်သို့ ပြန်သွားလေ၏။ Common Language Bible ရှောလမုန်မင်းသည်ဘုရင်မထံမှရရှိသည့် လက်ဆောင်များအတွက် မိမိပြန်လည်ပေးသည့် လက်ဆောင်များအပြင်ဘုရင်မအလိုရှိ သမျှသောအရာများကိုပေးတော်မူ၏။ ထို နောက်ဘုရင်မနှင့်အခြွေအရံတို့သည် ရှေဘပြည်သို့ပြန်သွားကြ၏။ Garrad Bible ရှေ ဘ ဘု ရင် မ ဆက် သ သော လက် ဆောင် တော် ပြင်၊ ရှော လ မုန် မင်း သည် ဘု ရင် မ လို သ မျှ တောင်း တိုင်း ပြန် ပေး လိုက် ပြီး မှ ဘု ရင် မ သည် ကျေး ကျွန် သင်း ပင်း နှင့် တ ကွ ကိုယ့် ပြည် သို့ ပြန် သွား လေ ၏။ Judson Bible ရှောလမုန်မင်းကြီးသည် ရှေဘမိဖုရား ဆက်သည်အတွက် ပြန်ပေးသောလက်ဆောင်မှတစ်ပါး၊ မိဖုရား၏ အလိုဆန္ဒပြည့်စုံစေခြင်းငှာ သူတောင်းသမျှကိုလည်း ပေးတော်မူ၏။ ထိုနောက်မှ မိဖုရားသည် မိမိကျွန်တို့နှင့်တကွ မိမိပြည်သို့ပြန်သွားလေ၏။ |
ရှောလမုန်မင်းကြီးသည်လည်း ရှေဘဘုရင်မအား စေတနာအလျောက် လက်ဆောင်များကို ပေးသည့်အပြင် သူအလိုရှိသမျှ တောင်းသမျှတို့ကိုလည်း ပေးသေး၏။ ထို့နောက် ဘုရင်မသည် မိမိနောက်လိုက်ဗိုလ်ပါများနှင့်အတူ မိမိပြည်သို့ ပြန်သွားလေ၏။
ရှင်ဘုရင်သည် စန္ဒကူးသစ်သားများဖြင့် ထာဝရဘုရား၏အိမ်တော်လက်ရန်းနှင့် ဘုရင့်နန်းတော်လက်ရန်း၊ သီချင်းသည်တို့အတွက် စောင်းကောက်စောင်းပြားများကို ပြုလုပ်၏။ ထိုမျှလောက်များပြားလှသောစန္ဒကူးသစ်သားတို့ကို ယုဒပြည်တွင် ယခင်က မတွေ့ဖူးချေ။
ရှောလမုန်မင်းကြီးထံ နှစ်စဉ်ရောက်လာသောရွှေအလေးချိန်မှာ ရွှေတာလန်ခြောက်ရာခြောက်ဆယ်ခြောက်တာလန်ရှိ၏။
ကိုယ်တော်သည် သင်၏စိတ်အလိုဆန္ဒကို ဖြည့်ဆည်းပေး၍ သင်၏အကြံဉာဏ်ရှိသမျှတို့ကို ပြည့်စုံစေတော်မူပါစေသော။
ငါတို့ထဲ၌ သက်ဝင်လှုပ်ရှားနေသောတန်ခိုးတော်အားဖြင့် ငါတို့တောင်းလျှောက်သောအရာ၊ သို့မဟုတ် ဆင်ခြင်သောအရာအားလုံးတို့ထက် သာလွန်ထူးခြားစွာပြုနိုင်သောအရှင်၌