ရှောလမုန်မင်းကြီးသည် ထာဝရဘုရား၏အိမ်တော်အတွက် အသုံးအဆောင်ပစ္စည်းအလုံးစုံကို သွန်းလုပ်၏။ ရွှေယဇ်ပလ္လင်၊ ရှေ့တော်မုန့်တင်ရန်ရွှေစားပွဲ၊
၂ ရာချုပ် 4:8 - မြန်မာ့စံမီသမ္မာကျမ်း စားပွဲဆယ်လုံးကိုလည်း ပြုလုပ်ပြီး ဗိမာန်တော်အတွင်း ယာဘက်ခြမ်းတွင်ငါးလုံး၊ ဝဲဘက်ခြမ်းတွင်ငါးလုံး နေရာချထား၏။ ထို့ပြင် ရွှေဇလုံအလုံးတစ်ရာကိုလည်း ပြုလုပ်၏။ Garrad Bible စား ပွဲ တော် တစ် ဆယ် ကို လည်း လုပ် ၍ ဗိ မာန် တော် အ တွင်း ဝဲ ယာ ငါး ခု စီ ထား လျက် ရွှေ ဖ လား တစ် ရာ ကို လည်း လုပ် စေ ၏။ Judson Bible စားပွဲဆယ်ခုကိုလည်းလုပ်၍ ဗိမာန်တော်အတွင်း လက်ယာဘက်၌ ငါးခု၊ လက်ဝဲဘက်၌ ငါးခုကို ထားလေ၏။ ရွှေဖလားတစ်ရာကိုလည်း လုပ်လေ၏။ |
ရှောလမုန်မင်းကြီးသည် ထာဝရဘုရား၏အိမ်တော်အတွက် အသုံးအဆောင်ပစ္စည်းအလုံးစုံကို သွန်းလုပ်၏။ ရွှေယဇ်ပလ္လင်၊ ရှေ့တော်မုန့်တင်ရန်ရွှေစားပွဲ၊
ရှောလမုန်မင်းကြီးသည် ဘုရားသခင်အိမ်တော်အတွက် အသုံးအဆောင်ပစ္စည်းအလုံးစုံကို သွန်းလုပ်၏။ ရွှေယဇ်ပလ္လင်၊ ရှေ့တော်မုန့်တင်ရန်စားပွဲ၊
ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားသည် လူအပေါင်းတို့အတွက် အကောင်းဆုံးအစားအစာနှင့် နှစ်ချို့စပျစ်ဝိုင်စားသောက်ပွဲကို ဤတောင်ပေါ်၌ ပြင်ဆင်တော်မူမည်။ ထိုစားသောက်ပွဲတွင် အဆီအနှစ်နှင့်ပြည့်သောအကောင်းဆုံးအစားအစာများ၊ သန့်စင်ထားသောနှစ်ချို့စပျစ်ဝိုင်များဖြင့် တည်ခင်းတော်မူမည်။
‘သူတို့သာလျှင် ငါ့သန့်ရှင်းရာဌာနတော်ထဲသို့ ဝင်ရမည်။ သူတို့သာလျှင် ငါ့စားပွဲသို့လာ၍ ငါ့အမှုကိုထမ်းဆောင်ရသောအမှုထမ်း ဖြစ်ရမည်။
ထိုနေ့ရက်တွင် မြင်းချူလုံးများ၌ “ထာဝရဘုရား၌ သန့်ရှင်းခြင်း”ဟု ရေးထိုးထားလိမ့်မည်။ ထာဝရဘုရားအိမ်တော်ရှိ အိုးတို့သည်လည်း ယဇ်ပလ္လင်ရှေ့ရှိ ဇလုံများကဲ့သို့ ဖြစ်လိမ့်မည်။
“သင်တို့မူကား စားပွဲတော်ကို ရှုတ်ချလျက် ‘ဘုရားရှင်၏စားပွဲတော်သည် ညစ်ညူး၏။ အသီးအနှံနှင့် အစားအစာများသည်လည်း ရွံရှာဖွယ်ဖြစ်၏’ဟု ဆိုကြ၏။
သင်တို့သည် သခင်ဘုရား၏ခွက်ကိုသောက်လျှင် နတ်ဆိုးတို့၏ခွက်ကို သောက်၍မရနိုင်။ သခင်ဘုရား၏စားပွဲကို မျှဝေခံယူလျှင် နတ်ဆိုးတို့၏စားပွဲကို မျှဝေခံယူ၍မရနိုင်။