ထိုရေကန်သည် နွားရုပ်တစ်ဆယ့်နှစ်ကောင်ပေါ်တွင် တည်ထား၏။ နွားရုပ်တို့မှာ မြောက်ဘက်သို့သုံးကောင်၊ အနောက်ဘက်သို့သုံးကောင်၊ တောင်ဘက်သို့သုံးကောင်၊ အရှေ့ဘက်သို့သုံးကောင် မျက်နှာမူထား၏။ နွားရုပ်တို့အပေါ်တွင် ရေကန်ရှိ၍ ထိုနွားရုပ်အားလုံး အတွင်းဘက်ကို ကျောခိုင်းထား၏။
ရေကန်သည်အရပ်တစ်မျက်နှာလျှင်သုံးကောင် ကျ၊ အရပ်လေးမျက်နှာမူနေသောကြေးဝါ နွားတစ်ဆယ့်နှစ်ကောင်၏ကျောကုန်းထက်တွင် တည်လျက်ရှိ၏။-
အ ရှေ့၊ အ နောက်၊ တောင်၊ မြောက်၊ လေး ဘက် တွင် တစ် ဘက် လျှင် သုံး ကောင် ကျ နောက် ပိုင်း အ တွင်း မျက် နှာ ကား အ ပြင် သို့ မူ သော နွား ရုပ် ဆယ့် နှစ် ကောင် ပေါ် မှာ တင် ထား စေ ၏။
နွားတစ်ဆယ်နှစ်ခုပေါ်မှာ တည်လျက်ရှိ၏။ နွားတို့သည် အတွင်းသို့နောက်ခိုင်း၍ အရှေ့အနောက်တောင်မြောက် အရပ်လေးမျက်နှာသို့ တစ်မျက်နှာလျှင်သုံးခုစီ မျက်နှာပြုကြ၏။
ထိုရေကန်သည် နွားရုပ်တစ်ဆယ့်နှစ်ကောင်ပေါ်တွင် တည်ထား၏။ နွားရုပ်တို့မှာ မြောက်ဘက်သို့ သုံးကောင်၊ အနောက်ဘက်သို့ သုံးကောင်၊ တောင်ဘက်သို့ သုံးကောင်၊ အရှေ့ဘက်သို့ သုံးကောင် မျက်နှာမူထား၏။ နွားရုပ်တို့အပေါ်တွင် ရေကန်ရှိ၍ ထိုနွားရုပ်အားလုံး အတွင်းဘက်ကို ကျောခိုင်းထား၏။
ရေကန်အဝ၏အောက်နားတွင် နွားရုပ်ပုံကို တစ်တောင်လျှင်ဆယ်ရုပ်စီ ပတ်ပတ်လည်ထွင်းထုထား၏။ နွားရုပ်ပုံအတန်းနှစ်တန်းရှိပြီး ရေကန်နှင့်တစ်သားတည်းဖြစ်အောင် သွန်းလုပ်ထား၏။
ရေကန်၏ထုမှာ လက်တစ်ဖဝါးစာရှိ၏။ အနားသားမှာ ခွက်ဖလားအနားသားနှင့်တူပြီး နှင်းပန်းပုံဖော်ထား၏။ ရေ ဗတ်သုံးထောင်ဆံ့၏။
သင့်အား ငါဆိုသည်ကား သင်သည် ပေတရုဖြစ်၏။ ဤကျောက်ပေါ်၌ ငါ၏အသင်းတော်ကို ငါတည်ဆောက်မည်။ မရဏာနိုင်ငံ၏တံခါးတို့သည်လည်း ထိုအသင်းတော်ကို အနိုင်ရကြမည်မဟုတ်။
ထို့နောက် ကိုယ်တော်က“ကမ္ဘာအနှံ့အပြားသို့သွား၍ ဖန်ဆင်းခံလောကတစ်ခုလုံးအား ကောင်းမြတ်သောသတင်းကိုဟောပြောကြလော့။
သို့သော် သခင်ဘုရားက“သွားလော့။ ဤသူကား လူမျိုးခြားများ၊ ရှင်ဘုရင်များနှင့် အစ္စရေးအမျိုးသားများရှေ့သို့ ငါ၏နာမကိုယူဆောင်သွားရန် ငါရွေးကောက်ထားသောတန်ဆာပလာဖြစ်၏။
သင်တို့သည် တမန်တော်များနှင့်ပရောဖက်များ၏အုတ်မြစ်ပေါ်တွင် တည်ဆောက်ခြင်းခံရကြ၍ ခရစ်တော်ယေရှုကိုယ်တော်တိုင် ထောင့်ချုပ်ကျောက်ဖြစ်တော်မူ၏။
မြို့ရိုးတွင် အုတ်မြစ်တစ်ဆယ့်နှစ်ခုရှိ၍ ၎င်းတို့ပေါ်၌ သိုးသငယ်တော်၏တမန်တော်တစ်ဆယ့်နှစ်ပါးတို့၏အမည်တစ်ဆယ့်နှစ်ခုကိုရေးထား၏။